သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 1, 2013

မွတ်စလင်နှိမ်နင်းရေးပြစ်မှုကျူးလွန်သူကို အရေးယူဖို့ မလေးက မြန်မာကို ပြော

မြန်မာနိုင်ငံမှာ ​အစ္စလာမ်ဘဘာသာဝင်များ ​နှိမ်နင်းရေးကို ​တားဆီးဖို့ ​ပိုမို ​ပြင်းထန်းတဲ့ ​ဆောင်ရွက်ချက်တွေ ​လုပ်ဆောင်ဖို့နဲ့ ​ပြစ်မှုကျူးလွန်ခဲ့သူတွေကို ​တရားစီရင်ဖို့ ​မလေးရှား​နိုင်ငံက ​မြန်မာ​နိုင်ငံကို ​တောင်းဆိုခဲ့
ပါတယ်။

မလေးရှားနိုင်ငံရောက် မြန်မာတွေအချင်းချင်းကြား တိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက် မလေးရှားရဲကလည်း မြန်မာနိုင်ငံသားအတော်များများကို ဖမ်းဆီးခဲ့ပါတယ် ။



Brunei နိုင်ငံမှာကျင်းပနေတဲ့ ASEAN ​အရှေ့တောင်အာရှ ​နိုင်ငံများအသင်း​ရဲ့ ​နိုင်ငံခြားရေး​ဝန်ကြီး​တွေ ​အစည်းအဝေးမှာ ​မလေးရှားနိုင်ငံက ​မြန်မာ​နိုင်ငံကို ​ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး ​ထင်သာမြင်သာ​ရှိအောင် ​လုပ်ကိုင်ဆောင်ရွက်ဖို့ ​တောင်းဆို​ခဲ့တာ ​ဖြစ်ပါတယ်။

မလေးရှား ​နိုင်ငံခြားရေးဝန်ကြီး ​Anifah ​Aman ​က ​မြန်မာအစိုးရအနေနဲ့ ​ဒီပြဿနာကို ​ဖြေရှင်းရမယ် ​- ​အင်မတန်မှ ​ရှုပ်ထွေးတဲ့ ​ပြဿနာဖြစ်တယ် ​ဆိုတာကိုလဲ ​နားလည်တဲ့အကြောင်း ​ထင်သာမြင်သာနဲ့ ​ရာဇဝတ်မှု ​ကျူးလွန်သူတွေကို ​တရားစီရင်ဖို့လိုအပ်တယ်လို့ ​သတင်းထောက်တွေကို ​ပြောသွားပါတယ်။

မြန်မာ ​အစိုးရ ​အနေနဲ့ ​ဒီကိစ္စကိုအရေးတယူ ​ဆောင်ရွက်နေတာကိုလဲ ကျေနပ်တယ်လို့ ​ပြောသွားပါတယ်။

ဒါပေမဲ့ ​Organisation ​of ​the ​Islamic ​Conference ​(OIC) အဖွဲ့ ​အနေနဲ့ ​မြန်မာအစိုးရ ​လုပ်ဆောင်သင့် တာတွေ ​လုံလောက်အောင် ​မဆောင်ရွက်တဲ့အတွက် ​စိုးရိမ်မကင်း ​ဖြစ်နေတယ်လို့လဲ ​ပြောသွားပါတယ်။

မလေးရှား ​နိုင်ငံခြားရေးဝန်ကြီး ​က ​OIC ​အစ္စလံဘာသာဝင်များအသင်းကို မြန်မာ ​နိုင်ငံဝင်ရောက်ဖို့ ​အပြည့်အဝ ​ကူညီပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွါးခဲ့ တဲ့ ပဋိပက္ခတွေကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ လှေတွေနဲ့ ရော ကုန်းလမ်းကနေတဆင့်ပါ အစ္စလာမ်ဘာသာကြီးစိုးတဲ့ မလေးရှားနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

ကုလသမဂ္ဂရဲ့ ​စာရင်းကောက်တမ်းအရ ​မလေးရှား ​နိုင်ငံမှာ ​ရိုင်ဂျာ ​လူမျိုး ​၂၈၀၀၀ ​လောက် ​ရှိတယ်လို့ ​ဆိုပါတယ်။

မကြာသေးခင်က မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံမှာ မြန်မာ ဗုဒ္ဓဘာသာတွေနဲ့ ရိုဟင်ဂျာတွေ ကြား ပဋိပက္ခ တွေ ဖြစ်ခဲ့တဲ့အတွက် မြန်မာ ပြည်တွင်းပြဿနာဟာ ဒေ သတွင်းကို ပြန့် လာပြီး၊ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံ များ ကြားတင်းမာမှု လက္ခဏာတွေ စဖြစ်လာ နေပြီလို့ဆိုပါတယ်။

ABC Radio Australia

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D