သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 2, 2013

၂၀၁၃-၁၄ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်ခွင့် စနစ်များ အပြောင်းအလဲမရှိ၊ တက္ကသိုလ်ဝင်ခွင့် လျောက်ထားသူ၏ ဦးစားပေး လျှောက်ထားမှုနှင့် စာမေးပွဲ ရမှတ်များ ပေါ်တွင်သာ မူတည်ပြီး ယခင်အတိုင်း ရွေးချယ်မည်

 ၂၀၁၃-၁၄ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်ခွင့် စနစ်များ အပြောင်းအလဲ မရှိသေးကြောင်း၊ တက္ကသိုလ်
ဝင်ခွင့် စနစ်အား ၀င်ခွင့်လျှောက်ထားသူ၏ ဦးစားပေး လျှောက်ထားမှုနှင့် စာမေးပွဲ ရမှတ်များ ပေါ်တွင် သာ မူတည်ပြီး ယခင်နှစ်များက အတိုင်းပင် ရွေးချယ်ဝင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် အာဆီယံနိုင်ငံများတွင် ကျင့်သုံးနေသည့် ပညာရေး စနစ်များနှင့် လိုက်လျောညီထွေမှု ရှိစေမည့် ပညာရေး စနစ်အား ပြုပြင်ပြောင်းလဲရန် ဆွေးနွေးကြရာ၌ လက်ရှိမြန်မာနိုင်ငံ၌ ကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့် စနစ်ကိုလည်း နိုင်ငံတကာ အဆင့်မီ ဖြစ်စေရန် ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
''အခု တက္ကသိုလ်ဝင်ခွင့် စနစ်ကို မပြောင်းလဲသေးပါဘူး။ ဦးစားပေး လျှောက်ထားတဲ့ တက္ကသိုလ်ကို စာမေးပွဲရမှတ်ပေါ်မူတည်ပြီး ၀င်ခွင့်ကို ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ၀င်ခွင့်ပုံစံစနစ်က ယခင်နှစ်တွေက ပုံစံအတိုင်းပါပဲ'' ဟု ပညာရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိကြီး တစ်ဦးက တက္ကသိုလ်ဝင်ခွင့် စနစ်နှင့် စပ်လျဉ်း၍ ပြောပြသည်။
မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့် စနစ်မှာ တက္ကသိုလ်ဝင်ခွင့် လျောက်ထားသူ၏ ဦးစားပေး လျှောက်ထားမှုနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ်ပေါ် မူတည်ပြီး ရွေးချယ် ကြခြင်းကြောင့် လျှောက်ထားသူ၏ အမှန်တကယ် စိတ်ဝင်စားမှုနှင့် ၀ါသနာအရ ရွေးချယ်ခွင့်တို့မှာ နည်းပါးနေကြောင်း သိရသည်။
''ကျောင်းသား တစ်ယောက်ရဲ့ ၀ါသနာ၊ စိတ်ပါဝင်စားမှု၊ ပင်ကိုစွမ်းရည်၊ ပညာရပ်ဆိုင်ရာ အရည် အချင်းတွေဖြစ်တဲ့ IQ တို့ EQ တို့၊ Skill လို့ခေါ်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ်တွေ၊ ကျောင်းပြီးဆုံးနိုင် တက်ရောက်နိုင်မှု အခြေအနေတွေ အဲဒီလို ဘက်စုံထောင့်စုံကနေ သုံးသပ်ပြီးတော့မှ ကျောင်းသား တစ်ယောက်ကနေ ပြီးတော့ ရွေးချယ်ဆုံးဖြတ် သင့်ပါတယ်။ ၀င်ခွင့်အမှတ်ကိုပဲ ကြည့်ပြီး တက္ကသိုလ် ရွေးချယ်တာဟာ ကလေးတွေရဲ့ ဘ၀အတွက် အများကြီး နစ်နာစေပါတယ်။ ၀င်ခွင့်အမှတ်မီလို့ တက္ကသိုလ်တက်ပြီး ဘွဲ့ရလို့ ဘွဲ့ရတဲ့သူတွေသာ တိုးလာမယ်။ အဲဒီကလေးတွေဟာ လက်တွေ့လုပ်ငန်းခွင် နယ်ပယ်မှာ စိတ်ရော ကိုယ်ပါနှစ်ပြီး အလုပ်လုပ်မယ့် ပညာတတ်မျိုးတွေ ရှားလာမယ်ဆိုတဲ့ သဘော တရားတွေလည်း ရှိတော့ ကလေးတွေ အတွက် အများကြီး နစ်နာစေပါတယ်။ ဒါ့ကြောင့် တက္ကသိုလ် ရွေးချယ်တဲ့ အခါမှာ ဘက်စုံကဏ္ဍစုံကနေ သုံးသပ်ပြီးမှ ရွေးချယ်ကြစေ ချင်ပါတယ်'' ဟု မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများ အသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးက တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှုအပေါ် အကြံပြု ပြောကြားခဲ့သည်။
ယခုအခါ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်းများအား ဇွန်နောက်ဆုံးပတ်မှ စတင်ကာ ပညာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနများတွင် ထုတ်ပေးလျက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

From...EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D