
(၁) လတ်ဆတ်သော သစ်သီးများ
ယင်းသစ်သီးများထဲတွင် ဗီတာ မင်စီပမာဏများစွာပါဝင်ပြီး ၄င်းက သုက်ပိုးများတစ်ကောင်နှင့် တစ်ကောင် ပူးကပ်ခြင်းမှကာကွယ်ပေး ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရန် အကူအညီပေးနိုင်သည်။ ဒါ့အပြင် ၄င်းက သုက်ပိုးများကို ပုံပျက်ပန်းပျက်ဖြစ်ခြင်းက ကာကွယ် ပေးနိုင်ပါတယ်။ဒါကြောင့် နေ့စဉ်ကီဝီ၊ သရက်၊ စတော် ဘယ်ရီ၊ ဂရိတ် ဖရုစတဲ့ အသီးတွေကို စားပေးသင့်ပါတယ်။
(၂) ဘရာဇီး အခွံမာသီးများ
ယင်းအသီးများက သုက်ပိုးအ ရေအတွက်ကိုများစေပြီး၊ ဆယ်လီနီ ယမ်များစွာပါဝင်သည့်အတွက် သုက် ပိုးများကို တက်ကြွစွာလှုပ်ရှားစေနိုင် ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲရှိ ကျားဟော်မုန်းကိုလည်း ပိုမိုထွက်
စေပြီး၊ စွမ်းဆောင်ရည်ကိုလည်းမြင့် တက်စေနိုင်ပါတယ်။
(၃) ကြက်သွန်ဖြူ
(၄) အဆီများသောငါးများ
ဆယ်လ်မွန်၊ဆာဒင်းကဲ့သို့သော အဆီများသည့် ငါးများတွင် မရှိမဖြစ် လိုအပ်သော အဆီဓာတ်များပါဝင်ပြီး ယင်းတို့က မျိုးပွားအင်္ဂါအဖွဲ့အစည်း တစ်ဝိုက်တွင် သွေးလှည့်ပတ်မှုပိုမို ကောင်းစေပြီး သုက်ပိုးအရည်အသွေး
ကိုလည်း မြင့်တက်စေပါတယ်။
(၅) ငရုတ်သီး
ငရုတ်သီးစပ်စပ်များကတော့ သန္ဓေအောင်စေမယ့် အဓိက အင်္ဂါတစ်လျောက်သွေးလှည့်ပတ်မှုကိုပို မိုမြန်စေပြီး စွမ်းဆောင်ရည်ပို ကောင်းစေနိုင်ပါတယ်။ဒါကြောင့် သားသမီးရရှိဖို့ ဘုရားမှာဆုတောင်း မည့်အစား သင့်ရဲ့ အာဟာရလိုအပ်ချက်တွေကို ပြောင်းလဲပြီး သားသမီးရဖို့ ကြိုးစားတာ ပိုသင့်လျော်ပါ
လိမ့်မယ်။
အဝင်း
Ref: Medindia
Health Updates Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...