
လက်ရှိ အချိန်၌ ၁၉ ပွဲ ကစားထားရာတွင် ရမှတ် ၄၂ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်
ထားနိုင်သော်လည်း ဒုတိယ နေရာမှ နေပြည်တော် အသင်းက လေးမှတ် အကွာဖြင့် ဒုတိယအကျော့ ပွဲစဉ်တစ်လျှောက် ရန်ကုန်ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့သောကြောင့် အမှားခံ၍မရသည့် အနေအထား သို့ ရောက်ရှိနေသည်။
လက်ကျန် သုံးပွဲတွင် ရန်ကုန်အသင်းသည် ရတနာပုံအသင်းအပြင် ကစားရ ခက်သည့် မကွေး ယူနိုက်တက်နှင့် ကစားရမည် ဖြစ်သည်။ ရာသီပိတ် နောက်ဆုံးပွဲစဉ်၌ ဒုတိယနေရာက တောက်လျှောက် ဖိအားပေးထားနိုင်သည့် နေပြည်တော် အသင်း၏ ပေါင်းလောင်းကွင်းတွင် ကစားရမည် ဖြစ်သောကြောင့် ပွဲကျပ် ကာလကို ရင်ဆိုင်နေရခြင်းဖြစ်ရာ အနည်းဆုံး နှစ်ပွဲ အနိုင်ရ မှသာ သုံးနှစ်ဆက်ချန်ပီယံဟူသော ဂုဏ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ရန်ကုန် ယူနိုက်တက်အသင်းက ရတနာပုံအသင်းနှင့် ပွဲကျပ် ကစားရမည့် အချိန်တွင် နေပြည်တော် အသင်းက ဇယား အောက်ဆုံးမှ ရခိုင် ယူနိုက်တက်အသင်း၊ ချန်ပီယံ လမ်းကြောင်းနှင့် ဝေးသွားပြီ ဖြစ် သည့် ဇေယျာရွှေမြေတို့နှင့် တွေ့ဆုံနေပြီး နောက်ဆုံး ပွဲစဉ်၌ ရန်ကုန် ယူနိုက်တက်နှင့် သြဂုတ် ၄ ရက်နေ့တွင် ကစားရမည် ဖြစ်သည်။
ရန်ကုန် ယူနိုက်တက်အသင်း ပရိသတ်များသည် ငွေကျပ် တစ်သောင်း ပေး သွင်း၍ မန္တလေးမြို့သို့ လိုက်ပါ အားပေးနိုင်ကြောင်း ရန်ကုန် ယူနိုက်တက် အသင်းက ဖိတ်ခေါ်ထားရာ ရတနာပုံကွင်း၌ ရန်ကုန် ပရိသတ်ကပဲ အောင်ပွဲ ခံနိုင်မည်လား သို့တည်းမဟုတ် မန္တလေး ပရိသတ်တို့ကပင် အောင်ပွဲ ခံနိုင်မည်လား ဆိုသည်ကို ဇူလိုင် ၂၂ရက် (ယနေ့) တွင် စောင့်ကြည့် ရမည် ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...