သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 22, 2013

ရေနံဓာတ်ငွေ့ရည် ဖြည့်တင်းပြီး ဆလင်ဒါအိုးများ ရောင်းချခြင်း လုပ်ငန်း ပုဂ္ဂလိကများ လုပ်ကိုင်ခွင့်ရရှိ

ရန်ကုန် ၊ ၂၂-၇-၂၀၁၃
ရေနံဓာတ်ငွေ့ရည် ဖြည့်တင်းပြီး ဆလင်ဒါအိုးများ ရောင်းချခြင်း လုပ်ငန်းကို ပုဂ္ဂလိက အနေဖြင့် လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ရာ ဆောင်ရွက် လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် စွမ်းအင် ၀န်ကြီးဌာန သို့ အဆိုပြုလွှာ များ တင်သွင်းနိုင်ကြောင်း သိရသည်။

ရေနံ ဓာတ်ငွေ့ရည် သည် တစ်ချိန်က မော်တော်ယာဉ် များတွင် အသုံးပြုမှုများ ရှိခဲ့ပြီး လက်ရှိတွင် စားသောက်ဆိုင် များနှင့် လူနေအိမ် များတွင်လည်း ချက်ပြုတ်မှု အတွက် အများဆုံး အသုံးပြု နေကြောင်း သိရသည်။ သို့သော်လည်း ပုဂ္ဂလိက များအနေဖြင့် ရေနံ ဓာတ်ငွေ့ရည် ကို တရားဝင် ရောင်းချခွင့် မရှိဘဲ ရေနံ ဓာတ်ငွေ့ရည်သုံး မီးဖိုများနှင့် တွဲကာ ရောင်းဝယ် နေကြကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ဂက်စ်မီးဖို အသေးများ နှင့်အတူ ဓာတ်ငွေ့ရည်ဘူး အသေးများကို တင်သွင်း သကဲ့သို့ မြန်မာနိုင်ငံ တွင် သုံးစွဲနေသည့် မီးခြစ် အားလုံးနီးပါး မှာ ရေနံဓာတ်ငွေ့ ရည်သုံး မီးခြစ်များပင် ဖြစ်သည်။ ယခုအခါ စွမ်းအင် ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက များအား ရေနံဓာတ်ငွေ့ရည် ဖြည့်တင်းပြီးသား ဆလင်ဒါအိုး များကို ရောင်းချခွင့် ပြုမည် ဖြစ်သော်လည်း အဆိုပါ လုပ်ငန်းအတွက် ဘေးအန္တရာယ် ကင်းဝေးစေရန် သတ်မှတ်ချက် များထားရှိ ကြောင်းလည်း သိရသည်။

ယင်းအချက် များတွင် ရေနံ ဓာတ်ငွေ့ရည် များကို ဆလင်ဒါအိုး တစ်လုံးမှ တစ်လုံးသို့ ဆိုင်ဝင်း အတွင်း၌ ပြောင်းလဲ ထည့်သွင်းခြင်းကို ကျပ်တည်းစွာ တားမြစ်ခြင်း လည်း ပါဝင်သည်။ ယင်းအပြင် ရေနံ ဓာတ်ငွေ့ရည် ဆလင်ဒါအိုး များ ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်မည့် အဆောက်အအုံ သည် မီးဒဏ် ခံနိုင်သည့် အဆောက်အအုံ ဖြစ်ရန် လိုအပ်ပြီး ကွန်ကရစ်ခင်း ၊ အုတ်ကာ ၊ သွတ်မိုး အဆောက်အအုံ ဖြစ်ကာ လေ၀င်လေထွက် ကောင်းမွန် ရမည်


အဆောက်အအုံ အတွင်း တပ်ဆင် ထားသော မီးလုံး ၊ မီးသီး ၊ မီးချောင်းများ နှင့် မီးခလုတ် များသည် မီးပွင့်များ ပွင့်မထွက် နိုင်အောင် အဖုံး ၊ အကာများ တပ်ဆင် ထားရမည်။ အဆောက်အအုံ ကြမ်းခင်း ဧရိယာ ၏ ၅၀ ရာခိုင်နှုန်း အတွင်း၌သာ ဆလင်ဒါအိုး များကို ခင်းကျင်း ပြသ ရောင်းချရမည် ဖြစ်ပြီး အဆောက်အအုံ ကို စစ်ဆေးရေး အဖွဲ့ ၏ စစ်ဆေးမှု ခံယူရမည် ဟူသော အချက်များ ပါဝင်ကြောင်း သိရှိရသည်။

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D