သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 22, 2013

မြနန်းစံကျော် ရွှေနန်းတော် အကြီးစား ပြုပြင်မည်

Photo: မြနန်းစံကျော် ရွှေနန်းတော် 
အကြီးစား ပြုပြင်မည်
Monday, July 22, 2013

မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ 
မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးစား 
ပြုပြင်ရန် တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ 
ရုံးမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ရွှေနန်းတော်ဆိုင်ရာ ဘဏ္ဍာငွေမှာ လက်ရှိတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန 
လက်အောက်တွင် ရှိနေသေးကြောင်း၊ အဆိုပါ ရွှေနန်းတော် အဆင့် မြှင့်တင်ရန် 
ခန့်မှန်း ကုန်ကျစရိတ်များ တွက်ချက်ပြီး ပါက ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ 
တင်ဒါ ခေါ်ယူရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန် ရှိသူက ဆိုသည်။

ယခင်က မြနန်းစံကျော် ရွှေနန်းတော်အတွင်း နန်းဝတ်နန်းစားများ ဝတ်ဆင် ကာ 
အမှတ်တရ ဓာတ်ပုံ ရိုက်နိုင်ကြောင်း၊ အဆိုပါ အဆင့် မြှင့်တင်ရေး 
လုပ်ငန်းအတွက် ၂၀၁၂ ခုနှစ် ကတည်းက တင်ဒါ ခေါ်ယူမှုများ ရှိခဲ့ကြောင်း၊ အဆိုပါ
 မြနန်းစံကျော် အပါအဝင် ကျုံးပတ်ဝန်းကျင်ရှိ ရှေးဟောင်း အမွေအနှစ်များအား 
တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယခုနှစ် မေလခန့်တွင် လွှဲပြောင်းပေးခဲ့ပြီး 
နောက်တွင် အဆိုပါ တင်ဒါ ကိစ္စများအား တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက် 
ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် 
စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) တာဝန်ရှိသူထံမှ သိရသည်။

မြနန်းစံကျော် ရွှေနန်းတော်အတွင်း ဝင်ထွက်ရ လွယ်ကူရန် ပထမ 
ပြုလုပ်ပေးသင့်ပြီး၊ အိမ်သာများလည်း ထားရှိပေးသင့်ကြောင်း၊ ယခင်ကဲ့သို့ 
အမှတ်တရ ပစ္စည်းများနှင့် နန်းဝတ်နန်းစားများ ဝတ်ဆင်၍ မှတ်တမ်း ဓာတ်ပုံများ 
ရိုက်ခွင့်ပြုပါက ပိုမို ဆွဲဆောင်မှု ရှိလာနိုင်ကြောင်း မန္တလေးမြို့ 
အခြေစိုက် ဧည့်လမ်းညွှန် တစ်ဦးက ဆိုသည်။

The Voice Weekly
မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြီးစားပြုပြင်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ရွှေနန်းတော်ဆိုင်ရာ ဘဏ္ဍာငွေမှာ လက်ရှိတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်တွင် ရှိနေသေးကြောင်း၊ အဆိုပါ ရွှေနန်းတော် အဆင့် မြှင့်တင်ရန် ခန့်မှန်း ကုန်ကျစရိတ်များ တွက်ချက်ပြီး ပါက ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တင်ဒါခေါ်ယူရန်စီစဉ်ထားကြောင်း အဆိုပါတာဝန် ရှိသူကဆိုသည်။


ယခင်က မြနန်းစံကျော် ရွှေနန်းတော်အတွင်း နန်းဝတ်နန်းစားများ ဝတ်ဆင် ကာ အမှတ်တရ ဓာတ်ပုံ ရိုက်နိုင်ကြောင်း၊ အဆိုပါအဆင့် မြှင့်တင်ရေးလုပ်ငန်းအတွက် ၂၀၁၂ ခုနှစ် ကတည်းက တင်ဒါ ခေါ်ယူမှု များ ရှိခဲ့ကြောင်း၊ အဆိုပါ မြနန်းစံကျော် အပါအဝင် ကျုံးပတ်ဝန်းကျင်ရှိ ရှေးဟောင်း အမွေအနှစ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယခုနှစ် မေလခန့်တွင် လွှဲပြောင်းပေးခဲ့ပြီး နောက်တွင် အဆိုပါ တင်ဒါ ကိစ္စများအား တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) တာဝန်ရှိသူထံမှ သိရသည်။

မြနန်းစံကျော် ရွှေနန်းတော်အတွင်း ဝင်ထွက်ရ လွယ်ကူရန် ပထမ ပြုလုပ်ပေးသင့်ပြီး၊ အိမ်သာများလည်း ထားရှိပေးသင့်ကြောင်း၊ ယခင်ကဲ့သို့ အမှတ်တရပစ္စည်းများနှင့် နန်းဝတ်နန်းစားများ ဝတ်ဆင်၍ မှတ် တမ်း ဓာတ်ပုံများ ရိုက်ခွင့်ပြုပါက ပိုမို ဆွဲဆောင်မှု ရှိလာနိုင်ကြောင်း မန္တလေးမြို့ အခြေစိုက် ဧည့် လမ်းညွှန် တစ်ဦးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D