သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, July 21, 2013

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းကျော်ဖြင့် ၁၂ ရက်အတွင်း အပြီးကောက်မည်

Photo: ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ၊ 
ဆရာမ တစ်သိန်းနှစ်သောင်းကျော်ဖြင့် ၁၂ ရက်အတွင်း အပြီးကောက်မည်
Sunday, July 21, 2013

၂၀၁၄ ခုနှစ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ လူဦးရေ သန်းခေါင်စာရင်း 
ကောက်ယူရာတွင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းဆရာ၊ ဆရာမ 
တစ်သိန်းနှစ်သောင်းဖြင့် ၁၂ ရက်အတွင်း အပြီးကောက်ယူ သွားမည်ဖြစ်ကြောင်း 
သိရသည်။

ဇူလိုင် ၁၉ ရက်က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် 
သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်မည့် နိုင်ငံခြားသား ပညာရှင်များ၊ 
ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူများက သတင်းမီဒီယာများနှင့် 
တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြခြင်း ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်တွင် စတင်ကာ ဧပြီ ၁၀ 
ရက်အထိ ကောက်ယူသွားမည်ဖြစ်ပြီး နောက်ဆုံးနေ့တွင် လမ်းဘေး၊ ဘူတာရုံစသည့် 
နေရာများတွင် နေထိုင်သူများကိုပါ ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း 
သိရသည်။

ယင်းကဲ့သို့ ကောက်ယူရာတွင် ၂၀၁၄ ခုနှစ် မတ် ၂၉ ရက် ညသန်းခေါင်အထိ ရှိနေသော 
လူဦးရေ အားလုံးကို ကောက်ယူ သွားမည်ဖြစ်ပြီး ယင်းအချိန်တွင် 
မြန်မာနိုင်ငံသို့ ရောက် ရှိနေသော နိုင်ငံခြားသားများကိုပါ 
ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကာ သံရုံးများကိုမူ ထည့်သွင်းကောက်ယူသွားမည် 
မဟုတ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူမည့် ဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းတွင် 
စာရင်းစစ်အဖြစ် နှစ်သောင်းပါဝင်မည်ဖြစ်ပြီး စာရင်းကောက်သူ 
တစ်သိန်းပါဝင်မည်ဖြစ်ကာ အဆိုပါ စာရင်းကောက်မည့် ဆရာဆရာမများအတွက် 
ပညာရေးဝန်ကြီးဌာနနှင့်လည်း တွေ့ဆုံညှိနှိုင်းပြီးဖြစ်ကြောင်း ပြည်သူ့အင်အား 
ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညီညီက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၈၃ ခုနှစ်က 
နောက်ဆုံးပြုလုပ်ခဲ့သည့်အတွက် ယခုသန်းခေါင်စာရင်း ကောက်ယူမှုသည် နှစ်ပေါင်း 
၃၀ ကျော်အတွင်း ပထမဆုံး ပြန်လည်ကောက်ယူမှု ဖြစ်သည့်အတွက် အခက်အခဲများ 
ရှိကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူများက အိမ်ထောင်စုစာရင်းဟု
 ထင်နေသည့်အတွက် ရှုပ်ထွေးမှုများလည်း ရှိနိုင်ကြောင်း၊ သန်းခေါင်စာရင်း 
ဆိုသည်မှာ အိမ်ထောင်စုစာရင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ 
မှတ်ပုံတင်ရှိသူရော မရှိသူရော အားလုံးကို ကောက်ယူရခြင်းဖြစ်ကြောင်း၊ 
သန်းခေါင်စာရင်း ကောက်ယူပြီးပါက ရှေ့ပေးစာရင်းကို ၃၊ ၄ လအတွင်း 
ထုတ်ပြန်သွားမည်ဖြစ်ပြီး အတိအကျ စာရင်းကိုမူ ၁၁ လခန့် အကြာတွင်မှ 
ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ဦးညီညီက ပြောကြားခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူရန် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးပွဲအား ဇူလိုင် 
၁၉ ရက်က တွေ့ရစဉ်
Eleven Media Groupသန်းခေါင်စာရင်း ကောက်ယူရန် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးပွဲအား ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်
၂၀၁၄ ခုနှစ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပညာရေး ၀န်ကြီးဌာန လက်အောက်ရှိ ကျောင်းဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းဖြင့် ၁၂ ရက်အတွင်း အပြီးကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်မည့် နိုင်ငံခြားသား ပညာရှင်များ၊ ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူများက သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြခြင်း ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်တွင် စတင်ကာ ဧပြီ ၁၀ ရက် အထိ ကောက် ယူ သွားမည်ဖြစ်ပြီး နောက်ဆုံးနေ့တွင် လမ်းဘေး၊ ဘူတာရုံ စသည့် နေရာများ တွင် နေထိုင်သူ များကိုပါ ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကောက်ယူရာတွင် ၂၀၁၄ ခုနှစ် မတ် ၂၉ ရက် ညသန်းခေါင်အထိ ရှိနေသော လူဦးရေ အားလုံးကို ကောက်ယူ သွားမည်ဖြစ်ပြီး ယင်းအချိန်တွင် မြန်မာနိုင်ငံသို့ ရောက် ရှိနေသော နိုင်ငံခြား သားများကိုပါ ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကာ သံရုံးများကိုမူ ထည့်သွင်းကောက်ယူသွားမည် မဟုတ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူမည့် ဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းတွင် စာရင်းစစ်အဖြစ် နှစ်သောင်း ပါဝင်မည်ဖြစ်ပြီး စာရင်းကောက်သူ တစ်သိန်းပါဝင်မည်ဖြစ်ကာ အဆိုပါ စာရင်းကောက်မည့် ဆရာဆရာမများအတွက် ပညာရေးဝန်ကြီးဌာနနှင့်လည်း တွေ့ဆုံညှိနှိုင်းပြီးဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညီညီက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၈၃ ခုနှစ်က နောက်ဆုံးပြုလုပ်ခဲ့သည့်အတွက် ယခုသန်းခေါင်စာရင်း ကောက်ယူမှုသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး ပြန်လည်ကောက် ယူမှု ဖြစ်သည့်အတွက် အခက်အခဲများ ရှိကြောင်း၊ သန်းခေါင် စာရင်း ကောက်ယူမှုကို ပြည်သူများက အိမ်ထောင်စုစာရင်းဟု ထင်နေသည့်အတွက် ရှုပ်ထွေးမှုများလည်း ရှိနိုင်ကြောင်း၊ သန်းခေါင်စာရင်း ဆိုသည်မှာ အိမ်ထောင်စုစာရင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မှတ်ပုံတင်ရှိသူရော မရှိသူရော အားလုံးကို ကောက်ယူရခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူပြီးပါက ရှေ့ပေးစာရင်းကို ၃၊ ၄ လအတွင်း ထုတ်ပြန်သွားမည်ဖြစ်ပြီး အတိအကျ စာရင်းကိုမူ ၁၁ လခန့် အကြာတွင်မှ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ဦးညီညီက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D