သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, July 21, 2013

နိုင်ငံအကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်တွဲလုပ်မည်ဟု သူရဦးရွေမန်းပြော

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရေးကို ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းအနေနဲ့ အားသွန်ခွန်စိုက်လုပ်ပေးဖို့  လိုအပ်တယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းကြည်က တိုက်တွန်းလိုက်သလို သူရဦးရွေမန်းကလည်း အတတ်နိုင်ဆုံး မျှတအောင် ဆောင်ရွက်မယ်လို့ ကတိပြုပြောဆိုပါတယ်။ ဇူလိုင် ၁၈ ရက်နေ့က    ပြည်သူ့လွှတ်တော် ဇဗ္ဗူသီရိခန်းမဆောင်မှာ  သူရ ဦးရွှေမန်းနဲ့  ဒေါ်အောင်ဆန်းကြည်တို့က သတင်းထောက်တွေကို  နှစ်နာရီခန့် ကြာတဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။


 ၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာ့နိုင်ငံရေးလောကမှာ ထောက်ခံမှုရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ချက်ဖြစ်နေတာကြောင့်  ဖွဲ့စည်းပုံကို ပြင်မှ မျှမျှတတဖြစ်မယ်ဆိုပြီး အများရှေ့မှာ တိုက်တွန်းတာပါ။ လာမယ့် ရွေးကောက်ပွဲမှာ  မျှတမယ်ဆိုရင် သူတို့အနေနဲ့ သေချာပေါက် နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။“မှန်မှန်ကန်ကန် ယှဉ်ပြိုင်လိုတယ်ဆိုရင် မျှတအောင် လုပ်ပေးရမယ်။ အဲတော့ ဥက္ကဋ္ဌအနေနဲ့ ကျမနဲ့ ယှဉ်ပြိုင်ရဲတယ်ဆိုရင် ကျမ ၀င်ပြိုင်နိုင်အောင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကို အားသွန်ခွန်စိုက် လုပ်ပေးရမယ်။ အဲလိုမလုပ်ပေးရင် အဲဒါက မှန်မှန်ကန်ကန်မဟုတ်ဘူးလို့ ကျမက သတ်မှတ်ရမှာပဲ။”သူရဦးရွေမန်းကလည်း လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တိုက်တွန်းတဲ့အတိုင်း အတတ်နိုင်ဆုံး မျှမျှတတဖြစ်အောင် ကြိုးစားပေးမယ်လို့ ကတိပြုဖြေဆိုခဲ့ပါတယ်။သူတို့နှစ်ဦးဟာ လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလုပ်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားကြသူတွေဖြစ်ကြပြီး လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌနဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌတွေလည်း ဖြစ်ကြပါတယ်။

မျှော်လင့်မထားတဲ့ သူတို့နှစ်ဦးရဲ့ နှစ်နာရီကြာ ပူးတွဲရှင်းလင်းပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် အဓိက ပြိုင်ဆိုင်ကြမယ့် ပါတီနှစ်ခုလို့ အများက နားလည်ထားကြတာပါ။ဘယ်လိုအစီအစဉ်နဲ့ ဒီလို သတင်းထောက်တွေကို ဖိတ်ကြားပြီး နှစ်နာရီကြာမြင့်တဲ့ အမေးအဖြေမေးခွန်းတွေကို အချိန်ပေးဖြေဆိုတယ်ဆိုတာကို မသိရပေမယ့် ဒီရှင်းလင်းပွဲမှာ နှစ်ဦးစလုံးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ တုံ့ပြန်ဖြေဆိုကြတာကို တွေ့ရပါတယ်။ သူရဦးရွှေမန်းကတော့  သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်ယောက်စလုံးမှာ အင်အားနဲ့ ကောင်းတဲ့အရည်အချင်းကိုယ်စီရှိပြီး ပူးပေါင်းလုပ်မယ်ဆိုရင် နိုင်ငံအတွက် ကောင်းမှာဖြစ်ကြောင်း၊ တိုင်းပြည်အတွက်သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

From:DVB

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D