သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 23, 2013

အိန္ဒြာကျော်ဇင် နှင့် တွေ့ဆုံခြင်း

အိန္ဒြာကျော်ဇင်က ဇာတ်ကားရိုက်ကူးမှုတွေ နားထားပေမယ့် လည်း ပြက္ခဒိန်တွေ ၊ ကြော်ငြာတွေကိုတော့ ရိုက်ကူးနေပါတယ်။ လတ်တလောမှာတော့ ဆပ်ပြာမှုန့်ကြောငြာကို စည်သူမောင် နဲ့ သရုပ်ဆောင်ခဲ့ပြီး ဇာတ်လမ်းပုံစံ နဲ့ ရိုက်ကူးခဲ့ကြောင်း ပြောပါတယ်။

ကြော်ငြာများစွာကို ရိုက်ကူခဲ့တဲ့ အလှဖက်ရှင်မင်းသမီးတစ်ဦးဖြစ်တာကြောင့် တစ်ချိန်က ကြော်ငြာရိုက်ကူးမှုတွေနဲ့ အခုခေတ်ကြော်ငြာရိုက်ကူးမှု ကွာခြားပုံတွေ ကို မေးမြန်းတဲ့အခါ "သီချင်းတွေနဲ့ ရိုက်တဲ့ ပုံစံတွေကတော့ အရင်တုန်းတွေကလည်း လုပ်ခဲ့ပြီးပြီ ။
ဒီဘက်ပိုင်းမှာ သီချင်းနဲ့ သရုပ်ဆောင်ရတာ နည်းတော့ နည်းသွားပါပြီ ။ ဒါရိုက်တာ ရဲ့ တင်ပြတဲ့အပေါ်မှာ မူတည်ပါတယ်။ သီချင်းကို ပိုင်တဲ့ ဒါရိုက်တာ ကျတော့ သီချင်းနဲ့ပေါ့ ။ ဇာတ်လမ်းနဲ့ရိုက်တ...ဲ့ ဒါရိုက်တာ ကျတော့ ဇာတ်လမ်းနဲ့ပေါ့ ။ တစ်ခုရှိတာက
နောက်ပိုင်းမှာ မီဒီယာလိုင်းတွေက တအားများ သွားတယ်။ဟိုးအရင် တုန်းက ဆို ရင် မြဝတီ၊ မြန်မာ့အသံ ဒါပဲရှိတယ်။ကြော်ငြာ အချိန်ဆိုတာ ရှိတယ်။ကြော် ငြာလာ ပြီဆိုရင် လူကြီးရော၊ ကလေးရော၊ ကြော်ငြာကြိုက်တဲ့ လူက အဲဒီအချိန်ကို စောင့်ပြီး ထိုင်ကြည့်ကြ တာမျိုးတွေရှိ တယ်။ဟိုးအရင်တုန်းက ကြည့် စရာလိုင်းတွေက မများဘူး။ အခုနောက်ပိုင်းကျတော့ လိုင်း တွေကတော်တော်များသွားပြီ ဆိုတော့ ကြော်ငြာတွေကလည်း အကုန်ဖြန့်ထည့်ကြတယ်။ အာရုံ စုစည်းမှုတွေပျံ့သွားတာပေါ့။ဘယ်လိုင်းမှာဘယ်အချိန်လာ မှန်း မသိတော့ဘူး။တချို့တွေက တော့ သိရင်သိမှာပါ။အူဝဲတို့ကတော့ မသိတော့ဘူး" လို့ ပြောပါတယ်။
ဖက်ရှင်ကို ဝါသနာပါတဲ့ အနု ပညာရှင်တစ်ယောက် ဖြစ်သလို ဖက်ရှင်စတိုင်ကျကျနဲ့ အမြဲနေ တတ်သူတစ်ဦးဖြစ်တာကြောင့် သူ့ ရဲ့ဖက်ရှင်အပေါ် အမြင်ကိုမေး တော့ "ဖက်ရှင်ကလူတိုင်းအ တွက်တော့ အရေးမပါလောက်ဘူး ထင်တယ်။ ဖက်ရှင်ကိုကြိုက် တဲ့လူတွေ၊ ဖက်ရှင်လို အပ်တဲ့ လူတွေ အ တွက် တော့ဖက်ရှင် က အရေးပါပါ တယ်။ တချို့ကလဲ ဖက်ရှင်ဖြစ်နေတာ ကို ကြိုက်ကြတယ်။ အူဝဲက ခေတ်ရေစီးကြောင်းနဲ့ Up to Date ဖြစ်တာကိုတော့ သဘောကျတယ်။ Up to Date ဖြစ်တိုင်းလည်း မဝတ် ဖြစ်ဘူး။ အဲဒီအထဲကမှ ကိုယ်နဲ့လိုက်ဖက်တာ ကိုပဲ ရွေးချယ်ပြီးတော့ ဝတ်ဖြစ် တယ်" လို့ ပြောပါတယ်။
"ဖက်ရှင်ဖြစ်အောင် ဝတ်တယ်၊စားတယ်။ခေတ်ရေစီးကြောင်း အလိုက်ဝတ်တယ်၊ စားတယ် ဆိုတဲ့အပေါ်မှာ မိန်းကလေး တွေနဲ့မလိုက်ဖက်တဲ့ တအား Sexy ဖြစ်တဲ့ ပုံစံမျိုးတွေတော့ မဝတ်စေချင်ဘူး။ ဟော့လို့ ရတယ်။ခေတ်မီလို့ ရတယ်။ ဘောင်ထဲက ပဲ
ခေတ်မီအောင် ဝတ် စေချင်ပါ တယ်" လို့ ပြော ပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D