သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, July 21, 2013

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၂၇ ဦးအား တာချီလိတ်မြို့တွင် လွှဲပြောင်း

တာချီလိတ် ၊ ၂၁-၇-၂၀၁၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တွင် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ခရိုင် / မြို့နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ ဖြစ်သော မကဖ(၈)မှ ဦးဝင်းအောင် ဦးစီးသော ဌာနဆိုင်ရာ များ ပါဝင်သော တာဝန်ရှိ သူများသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လူဝင်မှု ကြီးကြပ်ရေး မှ ဦးစီးအရာရှိ နထ၀ပ် ဆန်ဒူဆအမ် ၊ မယ်ဆိုင်ခရိုင် လ၀ကမှူး ဖနော်ကျာ လူဖက် ၊ မယ်ဆိုင်ခရိုင်
ဒုလ၀ကမှူး ဆတ်ဒါးရန်စုကမ်း နှင့် ဒုလ၀ကမှူး ယဆဲန်မုမ်ဟန်ဆန် တို့မှ အမှတ်(၁) ချစ်ကြည်ရေး တံတားတွင် လာရောက် လွှဲပြောင်း ပေးသော အလုပ်သမား အမျိုးသား ၂၅ ဦး ၊ အမျိုးသမီး ၂ ဦးကို လက်ခံခဲ့ကြောင်း သိရသည်။

ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၂၇ ဦးတို့အား တာချီလိတ်မြို့ ၊ မကာဟိုခမ်း ရပ်ကွက်ရှိ မဟာမြတ်မုနိ ဘုရားကျောင်း တွင် ခေတ္တ နေရာချထားပြီး ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက် ခဲ့ပြီး ၊ နေထိုင်ခွင့်ကတ် များ မရှိခြင်း နှင့် နယ်စပ် ဖြတ်သန်းခွင့် ၇ ရက် ကျော်လွန်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက် အရ ဖမ်းဆီး ခံရခြင်း ဖြစ်ပြီး ၄င်းတို့မှာ လူကုန်ကူး ခံရခြင်း မရှိကြောင်း ၊ လွှဲပြောင်း အလုပ်သမား ၂၇ ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူး အစီအစဉ် ဖြင့် ၄င်းတို့၏ မိဘဆွေမျိုး များထံ နေ့လည် ၃ နာရီခွဲ အချိန်တွင် ခံဝန်ဖြင့် ပြန်လည် အပ်နှံပေး ခဲ့ကြောင်း သိရသည်။


ထိုင်းနိုင်ငံမှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်အထိ လွှဲပြောင်း ပေးသည့် မြန်မာ အလုပ်သမား အမျိုးသား ၄၇၂၉ ဦး ၊ အမျိုးသမီး ၁၆၁၉ ဦး ၊ စုစုပေါင်း ၆၃၄၈ ဦး ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D