သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 22, 2013

နိုင်ငံတကာ အဖွဲ့များ စိတ်ဝင်စားသော KNU နှင့် Geneva Call စာချုပ်ချုပ်ပွဲ


ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်Geneva Call တို့၏ ဇူလိုင်လ (၂၁) ရက်နေ့ စာချုပ် ချုပ်ဆိုပွဲသို့ ဗြိတိသျှ လူမှုရေး အဖွဲ့ အပါအ၀င် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများပါ တက်ရောက်ခဲ့သည်ဟု KNU အထွေအထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ဆိုပါသည်။

“ ကျနော်တို့ လက်မှတ် ထိုးပြီးတာနဲ့ တခြား အဖွဲ့တွေကို လိုက်တွေ့ပါတယ်။ ILO ကိုယ်စားလှယ်၊ ဗြိတိသျှ လူမှု အဖွဲ့ တွေ၊ ယူနီဆက် ကိုယ်စားလှယ်တွေ၊ UNHCR ကိုယ်စားလှယ်တွေ။ သူတို့တွေနဲ့ တွေ့ဖြစ်ပါတယ်။ သူတို့ကလည်း တခြား အကြောင်းအရာတွေထက် အခု သဘောတူ လက်မှတ်ထိုးထားတဲ့ အချက်၂ ချက်ပေါ် မှာပဲ လေးနက်မှုထားပြီးတော့ အဓိကထား ပြောဖြစ်ကြပါတယ်” ဟု ဆိုပါသည်။


၎င်းတို့ လက်မှတ်ရေးထိုးခဲ့သည်မှာ လက်နက်ကိုင်ပဋိပက္ခကြောင့် သက်ရောက်မှုခံစားရသော ကလေး သူငယ်များအား၊ ကာကွယ်ရေးဆိုင်ရာ သန္ဓိဌာန်ပြုဝန်ခံမှု စာချွန်လွှာနှင့်လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများကို ပိတ်ပင် တားမြစ်ခြင်းနှင့် လိင်ကွဲပြားမှုအပေါ် ခွဲခြား ဖိနှိပ်ဆက်ဆံမှုများ အဆုံးသတ်ရေးဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာ တို့ဖြစ်ပါသည်။

ယင်းလက်မှတ် ရေးထိုးပွဲကို ကရင်ပြည်နယ် ဖါးအံမြို့ရှိ ဇွဲကပင် ဟိုတယ် ခန်းမ၌ ယမာန်နေ့ (၉) နာရီတွင် သဘောတူ စာချုပ် လက်မှတ် ရေးထိုးပြီး ကြပြီး ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် အတူ နယ်စပ် လုံခြုံရေး ၀န်ကြီးနှင့် အခြား ကရင်ပြည်နယ် ၀န်ကြီးများ၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း၂၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

KNU သည် ယင်းစာချုပ် ချုပ်ဆိုပွဲသို့ တက်ရောက်ပါရန် ၀န်ကြီးဦးအောင်မင်းနှင့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ မှ ပုဂ္ဂိုလ်များကိုလည်း KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်ရေးအရာရှိ ဗဟို အမြဲ တမ်းကော်မီတီဝင် စောအောင်ဝင်းရွှေမှ ဖိတ်ကြားထားခဲ့ပါသည်။သို့သော်တက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း က ဆိုပါသည်။

“ အခု တွေ့ဆုံပွဲကတော့ Geneva Call နဲ့ တွေ့ဆုံပွဲလေ။ ကျနော်တို့ ကတော့ ပါဝင် သက်သေခံပေါ့။ဝန်ကြီး ဦးအောင်မင်းတို့ပွဲ မဟုတ်ပါဘူး။ သူတို့မပါပါဘူး။ မတက်ရောက်ခဲ့ပါဘူး” ဟုဆိုပါသည်။

KNU ကိုယ်စားလှယ်များမှာ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ စောအောင်ဝင်းရွှေ၊ ပဒို လှထွန်း အပါအ၀င် စုစုပေါင်း ၈ ဦး တက်ရောက် ကြပါသည်။                                   

KNU ဖက်ကမူ ၄င်းတို့တွင် ကလေးစစ်သား မရှိပါကြောင်း၊ လိင်အကြမ်းဖက်မှု ကိစ္စများတွင်လည်း ၄င်းတို့ တပ်ဖွဲ့မှ ကျူးလွန်ခဲ့ခြင်း မရှိပါကြောင်း ဆိုပါသည်။ ဤသို့ကြောင့် ဖြစ်ပေါ်ခဲ့သော ကျူးလွန်မှု များသည် KNU ဖက်မှ ကျူးလွန်ထားခြင်းမဟုတ်သဖြင့် အလွယ်တကူလက်မှတ်ရေးထိုးကာနိုင်ငံတကာကို သက်သေပြလိုက် ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ကလေး အခွင့်အရေး ဆိုင်ရာ ကိစ္စနှင့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စများကို ကာကွယ် စောင့်ရှောက် နေသော Geneva Call အဖွဲ့သည် ပြီးခဲ့သည့် နှစ်ဆန်းပိုင်းတွင် မွန်ပြည်သစ်ပါတီ(NMSP) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့နှင့်လည်း ဂျီနီဗာမြို့၌ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါ
သည်။

Phophtaw News Association

1 comment:

  1. စောက်ကရင်ဆုတ်တွေ...ကလေးပါမကျန်အကုန်သတ်ပြစ်ရမယ်...

    ReplyDelete

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D