သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 16, 2013

ယာဉ်ထိန်းရဲကို ကားဖြင့်တိုက်ပြေးသူ ဖမ်းမိ

ဗဟန်းမြို့နယ် တာမွေအဝိုင်းထိပ် မီးပွိုင့်တွင် စက်တင်ဘာလ ၁၃ ရက် ည ၇ နာရီခန့်က အငှားယာဉ်နှင့် အိမ်စီးယာဉ် တိုက်မိ၍ လာရောက် ရှင်းလင်းသော ယာဉ်ထိန်းရဲကို အငှားယာဉ်ဖြင့် တိုက်ကာ ထွက်ပြေးသွားသည့် ယာဉ်မောင်းကို စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းမိထားကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အနောက်မြင်းပြိုင်ကွင်း လမ်းပေါ်ရှိ အဝိုင်းထိပ် မှတ်တိုင်အနီးတွင် စူပါရုဖ်ဗင် အငှားယာဉ်သည် ရပ်ထားရာမှ ရုတ်တရက် မောင်းထွက်လာသောကြောင့် လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် မတ်ခ်တူး ဆလွန်းယာဉ်ကို တိုက်မိရာ တာမွေငါးလမ်းဆုံ မီးပွိုင့်တွင် တာဝန်ကျ ယာဉ်ထိန်းတပ်ဖွဲ့စု (၂၇) မှ ရဲတပ်ကြပ်ကြီး တင်ညွန့်က လာရောက် ရှင်းလင်းစဉ် စူပါရုဖ်ဗင် အငှားယာဉ်မောင်းသည် တားဆီးနေသည့်ကြားမှ ကားကို ရပ်တန့်မပေးဘဲ မောင်းနှင် ထွက်ပြေးသောကြောင့် အဆိုပါ ယာဉ်ထိန်းရဲကို တိုက်မိခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ယာဉ်ထိန်းရဲကို ကားဖြင့်တိုက်ကာ ထွက်ပြေးသွားသည့် အငှားယာဉ်မောင်းမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကျန်စစ်သား ရိပ်မွန်အိမ်ရာတွင်နေသူ ဦးသန်းထွေး ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ၎င်းကို စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်အချိန်တွင် ဖမ်းမိကာ ဗဟန်းမြို့နယ် မြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရှိရသည်။

ယာဉ်တိုက်ခံရမှုကြောင့် ယာဉ်ထိန်းရဲမှာ ပြင်ပဒဏ်ရာများရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသနေရကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုမှ စူပါရုဖ်ဗင် အငှားယာဉ် မောင်းနှင်သူကို ဗဟန်းမြို့နယ် မြို့မရဲစခန်းက ယာဉ် (ပ) ၄၈/၁၃၊ ပုဒ်မ ၂၇၉/၂၀၂ နှင့် (ပ) ၃၆၄/၁၃၊ ပုဒ်မ ၂၇၉/၃၃၂ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာတစ်ဦးက ပြောကြားသည်။



From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D