သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 17, 2013

ဟစ်ဟော့ပ် အဆိုတော် ဘာဘူ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိ

မြန်မာပြည် ဟစ်ဟော့ပ် လောက ရဲ့ ရှေ့ဆောင် လမ်းပြတွေ ထဲ က တစ်ယောက် ဖြစ်သူ ဟစ်ဟော့ပ် အဆိုတော် ဘာဘူဟာ မိသားစု နဲ့ အတူ မြန်မာနိုင်ငံ မှာ အပြီး အပိုင် နေထိုင်ဖို့ စက်တင်ဘာ ၅ ရက်၊ ညနေပိုင်းက ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

၂ဝဝ၉ ခုနှစ်က သြစတြေးလျ နိုင်ငံကို ထွက်ခွာသွားခဲ့တဲ့ လေးနှစ်ကျော် ကာလ အ တွင်း အနုပညာ နဲ့ ပတ်သက်ပြီး လှုပ်ရှားမှု ပုံရိပ်တွေ အကြောင်း ကို " 'ဘာကြိုက်' ဆိုတဲ့ ကျွန်တော့် ရဲ့ တစ်ကိုယ်တော် အခွေကို ဟိုကနေ ထုတ်တယ်။ ကျွန်တော် အင်္ဂလိပ်လို ဆိုထားတဲ့ သီချင်းတွေကို i-tune မှာ ရောင်းဖို့ စီစဉ် ထားတယ်။ Remix တစ်ပုဒ် ကတော့ i-tune မှာ ရောင်းနေပြီ။ ရောင်းတော့ ရောင်းနေ ရတယ်။ ကျွန်တော်လည်း ကြော်ငြာ မလုပ် နိုင်ပေမယ့် နည်းနည်းစီ ဝယ်ကြ တယ်။ နေ့တိုင်း ရောင်းရတဲ့ Report က ကျွန်တော့် ဆီရောက်တယ်" လို့ ဘာဘူ က ပြောပါ တယ်။

မြန်မာနိုင်ငံ နဲ့ ကင်းကွာနေတာ ၄နှစ် ကျော် ကြာမြင့်ခဲ့တဲ့ ဘာဘူက ရန်ကုန်မြေကို စတင် ခြေချမိတာနဲ့ ဖြစ်ပေါ် လာတဲ့ ခံစားချက်ကို..

"တွေ့တာကတော့ အကုန်လုံး ပြောင်းလဲနေတယ်။ ပြောင်းလဲတာ အပြီး အစီးတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ အရှိန်ကောင်း နေတာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ အတွက် စိတ်ချမ်းသာ တာပေါ့" လို့ ဘာဘူက ပြောပါတယ်။ သိပ်မကြာခင် ကာလ အတွင်း မှာ ဘာဘူရဲ့ သီချင်းတွေကို ပရိသတ် နားဆင် ရတော့မှာ ဖြစ်ကြောင်းလည်း ဘာဘူ က ပြောပါတယ်။

မျိုးမောင်
FROM-POPULAR JOURNAL

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D