သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 17, 2013

ခြောက်တန်းကျောင်းသူ ရည်းစားကို ခိုးပြေးမိ၍ အမှုဖွင့်ခံလိုက်ရ

ခြောက်တန်းကျောင်းသူကို ခိုးပြေးသည်ဟုဆိုကာ အမျိုးသားတစ်ဦးအား အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားမှုကို မြောက်ဒဂုံရဲစခန်းက စက်တင်ဘာ ၁၆ တွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်ဟု တိုင်းရဲ တပ်ဖွဲ့ စခန်းမှ စုံစမ်းသိရသည်။



အမှုတွင် စက်တင်ဘာလ ၁၄ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်က မိခင်ဖြစ်သူ ဒေါ်စန်းဌေး (၄၇)နှစ် မြောက်ဒဂုံ မြို့နယ် နေသူသည် သမီးဖြစ်သူ ကျောင်းသွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံစုံးစမ်းခဲ့ရသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် လွန်ခဲ့သော (၁၅) ရက်ခန့်က မြောက်ဒဂုံမြို့နယ်၊ (၃၁)ရပ်ကွက် ဇေယျာဒီပလမ်းရှိ စူပါတေလာ အပ်ချုပ် ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်တစ်ဦးနှင့် ချစ်ကြိုက်ရည်ငံနေရာမှ ခိုးရာလိုက် ပြေးသွားခဲ့သည်ကို သိရှိခဲ့ကြောင်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် စက်တင်ဘာ ၁၅ ရက် ညတွင် သမီးဖြစ်သူအား ပြန်လည်တွေ့ရှိ သဖြင့် နေအိမ်သို့ ပြန်လည် ခေါ်ဆောင် ထားသည်ဟု ဆိုထားသည်။ ယင်း၏ သမီးငယ်မှာ ခြောက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး အသက်မှာ (၁၄နှစ် ၃လ) သာ ရှိသေးသည်ဟုလည်း မိခင်ဖြစ်သူက ရဲကို ပြောပြထားသည်။

အသက်မပြည့်သေးသည့် ကလေးငယ်ကို ဖြားယောင်းသွေးဆောင်မှုဖြင့် အရေးယူပေးရန် မင်းဦး (ခ) မျိုးဇာနီ (၂၂) နှစ်ကို စွပ်စွဲတိုင်တန်းထားခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၄၈၂/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီး စစ်ဆေးနိုင် ရန် လုပ်ဆောင်လျက်ရှိပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ဖြင့် အရေးယူရန် စီစဉ်ထားသည်ကို တိုင်းရဲဌာန၏ မှုခင်း မှတ်တမ်းတွင် တွေ့ရသည်။

From : ..mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D