သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 16, 2013

၁ မိနစ်၂၅ ကျပ်နှုန်းသာ ကျမည့် ဆင်းကတ် ၁၅၀၀ ကျပ်ဖြင့် ၈ လအတွင်း သုံးစွဲနိုင်မည်

Telenor Myanmar က နိုင်ငံတော်အစိုးရနှင့် လိုင်စင်ဆောင်ရွက်ခွင့် လက်မှတ်ရေးထိုးမှု ဆွေးနွေးပြီးပါက (၈) လအတွင်း ၁ မိနစ် ၂၅ ကျပ်နှင့် ဆင်းကတ်ဈေးနှုန်း ၁၅၀၀ ဖြင့် အသုံးပြုနိုင်မည်ဟု တယ်လီနော တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်။ “လိုင်စင်သဘောတူညီမှု လက်မှတ်ရေးထိုးပြီးရင် (၈)လအတွင်း ဖုန်းပြောဖို့အတွက်နဲ့ အင်တာနက်အသုံးပြုမှု ကျယ်ပြန့်အောင် ဝန်ဆောင်မှုပေးဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။ ကွန်ရက်တည်ဆောက်မှုအတွက် 2G နှင့် 3G ပါ တစ်ပြိုင်နက်တည်း တည်ဆောက်သွားမည်ဖြစ်ပြီး 2G Network သည် အသံအရည်အသွေး ကောင်းမွန်သည့် ဖုန်းပြောနိုင်ရန် ဖြစ်ကြောင်းနှင့် 3G Network သည် မြန်မာနှုန်းဖြင့် အင်တာနက် ဆက်သွယ်နိုင်ရန်ဟု ပြောကြားခဲ့သည်။

 ယင်းကဲ့သို့ တည်ဆောက်မှုတိုင်းသည် 4G Network အတွက် အဆင်သင့်ဖြစ်ရန်နှင့် နောက်ဆုံးပေါ် နည်းပညာအား အသုံးပြုခွင့် ရရန်ဟု ပြောကြားခဲ့သည်။ ယင်းအပြင် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေ ၉၀ ရာခိုင်နှုန်း ဖုန်းအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့ သည်။ ယင်းကြောင့် သဘောတူညီချက် ဆွေးနွေးမှု ပြီးစီးပါက ၈ လအတွင်းဖုန်းခေါ်ဆိုခ ၁ မိနစ် ၂၅ ကျပ်နှင့် ဆင်းကတ်ဈေး ၁၅၀၀ ဖြင့် အသုံးပြုနိုင်မည်ဟု ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D