သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 16, 2013

အစာအိမ်နာရောဂါပိုး၏ အန္တရာယ်

အစာအိမ်နာများ ယခင်အခါက ခွဲစိတ်ကုသဖို့ သို့မဟုတ် နာတာရှည် အစာအိမ်နာ အဖြစ် သတ်မှတ်ကာ
စားဆေး လက်မလွှတ်ရအောင် ဆေးခန်း၊ ဆေးရုံ ခပ်စိပ်စိပ် သွားပေးရတဲ့ ရောဂါမျိုးဟာ အစာအိမ်အနာ ဖြစ်အောင် အစာအိမ် ရောဂါပိုး ဟယ်လိုကိုဘက်တာပိုင်လိုရီ (Helicobacter Pylori) ကြောင့် ဖြစ်ရကြောင်း တွေ့ရှိ လာကြပါတယ်။ သူတို့ဟာ အလွန်သေးငယ်တဲ့ ဗက်တီးရီးယား ပိုးလေးတွေ ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ် ပေါင်း ၁ဝဝဝ ကျော် ကတည်းက အီဂျစ် မံမီဆေးစိမ် အလောင်းများမှာ တွေ့ခဲ့ရတယ်။ အစာအိမ်ပိုးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က အသည်းရောင် ဘီပိုး၊ စီပိုး၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကဲ့သို့ ကင်ဆာ ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ (Class Carcinogen) အဖြစ် သတ်မှတ် လာကြတယ်။ ၁၉၈၃ ခုနှစ်မှာ ဒေါက်တာ ဂျေးရော်ဘီဝါလင်နဲ့ ဒေါက်တာ ဘယ်ရီဂျေမော်ရှယ် တို့က အစာအိမ်ပိုးကို စတင် တွေ့ရှိပြီး ၂ဝဝ၅ ခုနှစ်က  ဆေးပညာ နိုဘယ်လ်ဆု ရခဲ့ပါ တယ်။
မသန့်ရှင်းတဲ့ ရေ၊ မသန့်ရှင်းတဲ့ အစားအစာ၊ တံတွေး၊ လူရဲ့ မစင်တို့ကနေ ကူးစက်တတ်တယ်။ အသက်အ ရွယ်ကြီးသူတွေ၊ ဝင်ငွေနည်းတဲ့ မိသားစုတွေ၊ တစ်အိမ်ထဲ လူအများ စုပေါင်းနေထိုင်တဲ့ မိသားစုတွေမှာ ရောဂါပိုး ပိုမို တွေ့ရှိနိုင်တယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ အသက်အရွယ် အမျိုးမျိုး၊ ဘာသာ အမျိုးမျိုး၊ ကျား၊ မ၊ ကလေး၊ လူကြီးမရွေး အစာအိမ်ရောဂါပိုး တွေ့ရတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများရဲ့ လူဦးရေ ၅ဝ ရာခိုင်နှုန်းကျော်နဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ လူဦးရေ (၇ဝ-၉ဝ) ရာခိုင်နှုန်းမှာ အစာအိမ်ရောဂါပိုး တွေ့ရှိ ရတယ်။ လက်နဲ့ နယ်ထားတဲ့ အစာများ၊ ယင်နားစာများ၊ မသန့်ရှင်းတဲ့ အစာများ၊ ချဉ်ဖတ်၊ လမ်းဘေးအကင် ချောင်းများမှာ အစာအိမ်ပိုးကို ပိုမို တွေ့ရှိရတယ်။ လက်ဖက်ရည်ကြမ်း (Green Teas) ၊ ဝိုင်အနီ (Red wine) ၊ လတ်ဆတ်တဲ့ ဒိန်ချဉ်တို့ဟာ အစာအိမ် ရောဂါ ပိုး ပြန့်ပွားခြင်းကို တားဆီးနိုင်တယ်။
အစာအိမ် ရောဂါပိုးကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေက အူသိမ်ဦးပိုင်း အနာ၊ အစာအိမ် အမြှေးပါးရောင်ခြင်း ၊ အစာအိမ်နာ၊ အစာမကြေ ရောဂါ၊ သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါ၊ အစာအိမ်ကင်ဆာ၊ အစာအိမ် သားငံရည်ကျိတ် ကင်ဆာနှင့် သွေးမြွှာဥ အားနည်းရောဂါတွေ ဖြစ်တတ်ပါတယ်။ အခြား ဖြစ်နိုင်တဲ့ ရောဂါ တွေက သွေးအားနည်း ရောဂါ၊ အင်ပျဉ်ထခြင်း၊ အရေပြား ယားယံခြင်း၊ အရေပြား အကြေးခွံ ထခြင်း၊  နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ရောဂါ၊ အဆစ်ရောင် ရောဂါ၊ ဝက်ခြံ၊ အသည်းရောဂါ၊ ခြေထိပ်၊ လက်ထိပ် သွေးမရောက် ရောဂါနဲ့ အခြားရောဂါများ လည်း ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာများ အရ အစာအိမ်ရောဂါပိုးဟာ ဆင့်ကဲဖြစ်စဉ်အရ ပကတိ ကျန်းမာတဲ့ အစာအိမ် အမြှေးလွှာမှာ အစာအိမ်ရောဂါပိုး ကူးစက် ဝင်ရောက်ပြီး ရုတ်ချည်း အစာအိမ်ရောင်ကာ နာတာရှည် အစာ အိမ်ရောင်ရမ်းနာ ဖြစ်တယ်။
အဲဒီက တစ်ဆင့် အစာအိမ် အမြှေးလွှာ ဆဲလ်များ ကင်ဆာအဖြစ် အဆင့်ဆင့် ကူးပြောင်းသွားပြီး  အစာအိမ် ကင်ဆာ ကနဦးအဆင့် အချိန်မီ (ခွဲစိတ်) ကုသ၍ ရသေးတဲ့ အဆင့်မှ အချိန်မီ မသိရခြင်း၊ မကုသ၍ ရောဂါ ကျွမ်းတဲ့ အစာအိမ်ကင်ဆာနာ ဖြစ်လာတတ်တယ်။ အစာအိမ်ရောဂါပိုး ကူးစက်ခံရပြီးသူဟာ ကုသမှု မခံရပါ ကရောဂါဟာ တစ်သက်လုံး ရှိနေမှာဖြစ်ပြီး အခြားသူတွေကို ကူးစက်နိုင်ခြင်း၊ ရောဂါဆင့်ကဲ ဖြစ်နိုင်ခြေ များခြင်းဖြစ်တယ်။ လူအများစုမှာ ရောဂါပိုး ကူးစက်ပေမဲ့ ဘာလက္ခဏာမှ မပြဘူး။
အစာအိမ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသင့်သူများမှာ အစာမကြေရောဂါ ရှိသူများ၊ အစာအိမ်နာ၊ အူသိမ်အနာ ရှိသူတွေ၊ အစာအိမ်ကင်ဆာ သံသယရှိသူတွေ၊ အစာအိမ်ကင်ဆာ လူနာရဲ့ မိသားစုနဲ့ ဆွေမျိုးတွေ၊ သွေးအားနည်း ရောဂါ ရှိသူတွေ၊ သွေးဖြူဥနည်းတဲ့ လူနာတွေဆိုရင် ရောဂါ စစ်ဆေးသင့်ပါတယ်။  ။
 
 ဒေါက်တာ လွင်သန့် (ဆေး-၂)  
By မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D