သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 17, 2013

မိန်းကလေးတွေ ဘာကြောင့်ကိုယ့်ကိုယ်သတ်သေတာလဲ

Photo: Zayar Hlaing
ထွက်ပေါက်ကို မြန်မြန်မြင်တွေ့လိုသည့် ချစ်မြတ်နိုးသည် သူ့လက်ထဲရှိ ဆေးထုပ်ငါးထုပ်ထဲမှ နှစ်ထုပ်ကို ဖွင့်ဖောက်လိုက် သည်။ ထို့နောက် ဆေးမှုန့်တွေကို သူ့ပါးစပ်ထဲ လောင်းထည့်ပစ် လိုက်သည်။ အစတုန်းကတော့ ဝယ်ထားသည့် ဆေးထုပ် ငါးထုပ် စလုံးကို သောက်လိုက်ဖို့ ရည်ရွယ်ထားသည်။ သို့သော် အနက် ရောင်ဆေးမှုန့်၏ ဆိုးရွားသည့်အနံ့၊ ခါးလွန်းသည့် အရသာ ကြောင့် နှစ်ထုပ်ကိုသာ ဖောက်သောက်ဖြစ်ခဲ့သည်။ ချစ်မြတ်နိုး သောက်ခဲ့သည့် ထိုဆေးမှုန့်က အခြားမဟုတ်။ ကြွက်သတ်ဆေး။

            ဆေးသောက်ပြီး တစ်မိနစ်လောက်အကြာမှာတော့ သူ့ တစ်ကိုယ်လုံး မီးနှင့်အရှို့ခံရသလို ပူပြင်းတောက်လောင်လာ သည်။ တစ်ကိုယ်လုံးလည်း ချွေးတွေနှင့် ရွှဲနစ်လာသည်။ အပူ ဒဏ်ကို မခံစားနိုင်သောကြောင့် အဝတ်တွေကို ဆွဲချွတ်ကာ လွှင့်ပစ်လိုက်သည်။ ဘယ်လိုမှ မနေနိုင်တော့သည့်အဆုံး ဝါး ကြမ်းခင်းပေါ်မှာ ချစ်မြတ်နိုး လူးလှိမ့်နေမိတော့သည်။ ဘာမျှ မကြာလိုက်။ ဗိုက်ထဲမှ ပူလွန်းသည့်ဒုက္ခကို မခံနိုင်တော့သဖြင့် ချစ်မြတ်နိုး ထိုးအန်လေတော့သည်။ အခန်းတစ်ခုလုံး အန်ဖတ်နံ့၊ ဆေးအနံ့များနှင့် မွှန်ထူသွားသည်။

                                                                xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဝါရှင်တန်တက္ကသိုလ်ရှိ က္ဘာလုံးဆိုင်ရာကျန်းမာရေး သုတေသနဌာနတစ်ခုဖြစ်သည့် Institute for Health Metrics and Evaluation က ပြုလုပ်ခဲ့သည့် Global Burden of Disease စစ်တမ်းအရ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်ကြား မြန်မာမိန်းကလေးများ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု သည် ပြီးခဲ့သည့် အနှစ်၂၀ အတွင်း မြင့်တက်လာခဲ့သည်ဟု ဆိုပါသည်။

            အဆိုပါစစ်တမ်းအရ ၁၉၉၀ တုန်းက မိမိကိုယ်ကိုယ်သေ ကြောင်းကြံစည်မှုသည် အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား မြန်မာ မိန်းကလေးများကို သေဆုံးစေခဲ့သည့် နံပါတ်ငါးတရားခံဖြစ်ခဲ့ ရာမှ ၂၀၁၀ ခုနှစ်အရောက်တွင်တော့ နံပါတ်လေးတရားခံဖြစ်လာ ခဲ့သည်။ နံပါတ်တစ်၊ နှစ်၊ သုံး တရားခံများကတော့ လမ်းပေါ်တွင် မတော်တဆဖြစ်မှု၊ အမျိုးသမီးရောဂါနှင့် အကြမ်းဖက်တိုက်ခိုက် ခံရမှုတို့ ဖြစ်သည်ဟုဆိုသည်။

            က္ဘာတစ်ဝန်းတွင်တော့ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား မိန်းကလေးများကို သေဆုံးစေခဲ့သည့် နံပါတ်တစ်တရားခံမှာ မိမိကိုယ်ကိုယ် သတ်သေမှုဖြစ်သည်။

                                                                 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“ပညာရေးမှာ ပြိုင်ဆိုင်မှုများလာတဲ့အတွက် သူတို့မှာ စိတ်ဖိစီးမှု ပိုများလာတာရယ်၊ အလုပ်အကိုင်၊ အခွင့်အလမ်းပြိုင် ဆိုင်မှု များလာတာရယ်၊ နောက်တစ်ခုက မိသားစုပြဿနာပဲ။ ဒီပြဿနာတွေကို သူတို့က အမြဲတမ်း နေ့တိုင်း ကြားနေရတော့ ဒါတွေက ဒီကလေးတွေကို စိတ်ဓာတ်ကျစရာဖြစ်စေတယ်” ဟု ဒေါက်တာခင်မြင့်က ရှင်းပြသည်။

            အချို့မိန်းကလေးများမှာ နောက်ပိုင်းတွင် တဖြည်းဖြည်း နှင့် အနာဂတ်ပျောက်လာသကဲ့သို့ ခံစားရပြီး ထွက်ပေါက်အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားလာတတ်ကြသည်ဟု ဆိုပါသည်။

            စိတ်ပညာရှင် ဒေါက်တာခင်မြင့် သုံးသပ်သည်က မိန်း ကလေးငယ်များ မိမိကိုယ်မိမိ သေကြောင်းကြံကြခြင်းမှာ အများ အားဖြင့် မိဘများနှင့် ဆိုင်လေ့ရှိသည်ဟု ဆိုသည်။

            “ဒီပြဿနာတွေက မိဘတွေနဲ့ တော်တော်များများဆိုင် တယ်။ မိစုံဖစုံမရှိတဲ့သူတွေ၊ မိသားစုထဲမှာ လင်နဲ့ မယား၊ သား သမီးနဲ့ မိဘ (ရန်)ဖြစ်နေတဲ့ မိသားစုတွေ၊ ချမ်းသာပေမယ့် အိမ် တွင်းရေးပြဿနာဖြစ်နေတဲ့ မိသားစုတွေမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှု အဖြစ်များတယ်” ဟု၎င်းက သုံးသပ်သည်။

                                                                   xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မိမိကိုယ်ကိုယ် သေကြောင်းကြံရာတွင် ယခင်တုန်းက ပိုး သတ်ဆေးသောက်တာ ပိုများသည်ဟု ရန်ကုန်ဆေးရုံသစ်ကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမြသောင်းက ပြောပြသည်။

            “အခုကျတော့ ပါရာစီတမောကို အလုံး ငါးဆယ်၊ တစ်ရာ အထိသောက်တာ တွေ့လာတယ်။ သေတော့ မသေဘူးပေါ့။ ဘာမီတွန်လည်း သောက်ကြတယ်။ သောက်တဲ့အထဲမှာလည်း ခေတ်ပညာတတ်တွေ၊ တက္ကသိုလ်ကျောင်းသူတွေက ပိုများလာ တယ်” ဟု ဒေါက်တာမြသောင်းက ပြောပြပါသည်။

                                                                   xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကိုယ့်ကိုယ်ကိုယ် သတ်မသေမီ တစ်လအလိုလောက်မှာ မိဘများနှင့် အိပ်နေရာမှ အိမ်အောက်သို့ဆင်းပြီး တစ် ယောက် တည်း သွားအိပ်လေ့ရှိသည်ဟု ဒေါ်မြင့်နွယ်က ပြောပြသည်။ စိတ်မူမမှန်ဖြစ်နေသည်ကို စိုးရိမ်သောကြောင့် စောင့်ကြည့်နေ သည့်ကြားမှ ပြီးခဲ့သည့်နှစ်လလောက်က အိမ်ပေါ်မှာတင် ကြိုး ဆွဲချကာ သေကြောင်းကြံသွားခြင်းဖြစ်သည်။

            “ကျွန်မသမီးလေးကို ငါးတန်းအထိပဲ ထားနိုင်ခဲ့တယ်။ သမီးလေးကို သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆို တာကို လမ်းòန်ပေးတာမျိုး မလုပ်ခဲ့မိဘူး”ဟု ပြောလျက် ဒေါ်မြင့်နွယ် ငိုလေသည်။

            သူ၏ငိုသံမှာ အိမ်နီးနားဝန်းကျင်ကို လွှမ်းခြုံသွားလေ တော့သည်။


From : ..YPI

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D