သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 16, 2013

ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ထိုးရန် ကေအိုင်အိုအား တွန်းအားပေးနေဟု တရုတ်၏ အာရှအထူးသံတမန်ပြော

မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုနိုင်ရန်တရုတ်အစိုးရ အနေဖြင့် ကေအိုင်အိုအား တွန်းအားပေးလျက်ရှိကြောင်းတရုတ်အစိုးရအဆင့်မြင့်အရာရှိကြီးတစ်ဦးကရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောကြားသည်။
 
စက်တင်ဘာ၁၃ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌တရုတ်ပြည်သူ့သမ္မတနိုင်ငံအာရှရေးရာအထူးသံတ မန်နှင့်နိုင်ငံ ခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေး မူဝါဒ အကြံပေးကော်မတီအဖွဲ့ ဝင် မစ္စတာဝမ်ယင်ဖန်နှင့် ရန်ကုန် တိုင်းမ်တို့ သီးခြားတွေ့ဆုံစဉ် ယင်း ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 
''မြန်မာအစိုးရနဲ့ ကေအိုင်အိုတို့အကြားငြိမ်းချမ်းရေးရဖို့တွန်းအားပေးတဲ့အလုပ်ကိုကျွန်တော်တို့အမှန်တကယ် ကြိုးစား နေပါတယ်။ တရုတ်ပြည်သူ့တပ် မတော်အပါအဝင် ယူနန်ဘက်က လဲ လုပ်ဆောင်ပေးနေပါတယ်'' ဟု မစ္စတာဝမ်ယင်ဖန်က ပြောသည်။
 
မစ္စတာဝမ်ယင်ဖန်သည် မြန်မာအစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးရရှိစေရန် အတွက် ညှိနှိုင်းဆောင်ရွက်ရန်လာရောက်ခဲ့ခြင်းဖြစ်ပြီးစက်တင်ဘာ၁၄ရက်တွင် ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့်တွေ့ဆုံမည်ဟု သိရသည်။
 
တရုတ်အစိုးရအနေဖြင့် ကေအိုင်အေနှင့် '၀'တပ်မတော် တို့ထံသို့ လက်နက်များရောင်းခြင်း မရှိကြောင်းကို လည်း ယင်းက တရားဝင်ငြင်းဆိုခဲ့သည်။မစ္စတာဝမ်သည် မြန်မာနိုင်ငံသို့ဒုတိယအကြိမ်လာရောက်ခြင်း ဖြစ် ပြီး ယခုခရီးစဉ်အတွင်းဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင် မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဇော်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၊ တစညပါတီ ဥက္ကဋ္ဌ ဦးထွန်းရီ၊ ၈၈မျိုးဆက်ကျောင်း သားအဖွဲ့မှ ဦးကိုကိုကြီးတို့နှင့်တွေ့ ဆုံခဲ့ကြောင်း သိရ သည်။
 
မစ္စတာဝမ်သည် ၂၀၁၃ခု နှစ် မတ်လအတွင်းပြုလုပ်ခဲ့သည့် ရွှေလီငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် ပထမ အကြိမ်အဖြစ် မတ် လအတွင်းက မြန်မာနိုင်ငံသို့လာ ရောက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ၈ရက် က ရောက်ရှိခဲ့ ခြင်းဖြစ်သည်။
FROM-YANGON MEDIA GROUP

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D