ရန်ကုန် ၊ ၁၇-၉-၂၀၁၃
အိန္ဒိယနိုင်ငံ ဗီဟာရ်
ပြည်နယ် ဗုဒ္ဓဂယာ ဒေသရှိ မဟာဗောဓိပင် ခြေရင်း၌ ၉ ကြိမ်မြောက် အပြည်ပြည်
ဆိုင်ရာ ပိဋကတ် သုံးပုံ ရွတ်ဖတ် ပူဇော်ပွဲ ကို ပြည်ထောင်စု သမ္မတ မြန်မာ
နိုင်ငံတော် ပြည်တွင်း ၊ ပြည်ပမှ ဆရာတော် သံဃာတော် များနှင့် ဒါယကာ ၊
ဒါယိကာမ များက ဦးစီး ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်
ဆိုင်ရာ ပိဋကတ်တော် ရွတ်ဖတ် ပူဇော်ပွဲကို ဒီဇင်ဘာလ ၂ ရက်မှ ၁၂ ရက်အထိ
ကျင်းပ သွားမည် ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ပိဋကတ်တော် ရွတ်ဖတ်
ပူဇော်ပွဲကို နှစ်စဉ် ကျင်းပလျက် ရှိရာ ပထမ အကြိမ် နှင့် ဒုတိယ အကြိမ်
ပွဲတော်များ ကို သီရိလင်္ကာ ၊ တတိယ အကြိမ် ၊ စတုတ္ထ အကြိမ် နှင့် ပဉ္စမ အကြိမ်
ပူဇော်ပွဲ ကို ထိုင်းနိုင်ငံမှ ဆရာတော် များက တာဝန်ယူ ပူဖော်ခဲ့ပြီး ဆဋ္ဌမ
အကြိမ် နှင့် သတ္တမ အကြိမ် ပူဇော်ပွဲကို လာအို နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်
နိုင်ငံတို့က တာဝန်ယူ ကျင်းပခဲ့ကာ အဋ္ဌမ အကြိမ်မြောက် ပွဲတော်ကို
မြန်မာနိုင်ငံ မှ တာဝန်ယူ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။ ( ချစ်နှစ်ဝေ )
MWD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...