နိုင်ကွန်းအိန်
31.07.2013
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်ဘက်မှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မြိတ်ခရိုင်ဒေသခံ တပ်မှူးတွေက ပြောပါတယ်။ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေ အခြေပြုရာ ထန်ဖရ ဂွင်ဘက်ကို မြန်မာစစ်တပ်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားလာနိုင်ဖွယ် ရှိတယ်လို့လည်း ဒေသခံတပ်မှူးတွေက ပြောပါတယ်။
မွန်ပြည်သစ်ပါတီဘက်ကတော့ ထိုးစစ်ဆင်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုထားသလို မြန်မာစစ်တပ်ဘက်ကနေ ဖမ်းဆီးသွားတဲ့ မွန်ပြည်သစ် တပ်မိသားစုဝင်တွေနဲ့ ရွာသားတွေကို အခုထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးတဲ့ အခြေအနေတွေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။
တနသာင်္ရီတိုင်းဒေသကြီး မြိတ်ခရိုင်ဘက်မှာ အခြေပြု လှုပ်ရှားနေတဲ့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြားမှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတပ်မှူးတွေက ပြောပါတယ်။ မွန်ပြည်သစ်တပ်ဖွဲ့ဝင်ရှိရာ ပေါင်းကိုးဒေသဘက်ကို မြန်မာစစ်တပ်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားဖို့ အခြေအနေရှိနေတယ်လို့လည်း မွန်ပြည်သစ်ပါတီ မြိတ်ခရိုင် ဒေသခံတပ်မှူး ဗိုလ်မှူးဟံသာက ပြောပါတယ်။
“သူတို့ ထန်ဖရ ဂွင်မှာပဲ နေရာယူထားတုန်းပဲပေါ့။ တပ်ခွဲ နှစ်ခွဲတော့ ကျနော်တို့ ဒီ ထန်ဖရ ဂွင်နဲ့ ကျနော်တို့ တပ်စခန်းရှိရာ နေရာကို လာပြီးတော့ ကြည့်ဖို့ အခြေအနေ ရှိတယ်ပေါ့။ ကျနော်တို့လည်း အဲဒီဂွင်မှာပဲ။ ကျနော်တို့ လူတွေ တပ်တွေ ဖြန့်ထားတာရှိတယ်။ တကယ်လို့ သတင်းမပေးဘဲ ၀င်လာရင် တိုက်ပွဲဖြစ်ဖို့ အခြေအနေ ရှိတယ်ပေါ့။”
လက်ရှိ မြိတ်ခရိုင်ဒေသမှာ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ စစ်ရေးအသင့်ပြင်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဗိုလ်မှူး ဟံသာ က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မွန်ပြည်သစ်ပါတီ တပ်စခန်းချရာ မြိတ်ခရိုင် ပေါင်းကိုးဒေသ သုမင်္ဂလံရွာနားက တပ်စခန်းကို အစိုးရ ခမရ (၅၈၁) တပ်ဖွဲ့တို့ကနေ ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် မွန်ပြည်သစ်ပါတီဘက်က နှစ်ဦး သေဆုံးသွားသလို၊ မြန်မာစစ်တပ်ဘက်က ၁ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါဟာ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား ၁၈ နှစ်တာကာလအတွင်းမှာ ပထမဆုံးအကြိမ် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ မြန်မာစစ်တပ်တွေအနေနဲ့ မြိတ်ခရိုင် ဒေသဘက်မှာ လှုပ်ရှားနေတဲ့ မွန်ပြည်သစ်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်မှု ရပ်တန့်ပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလညီ က မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။
အစိုးရဘက်ကနေ စစ်ရေးအရ ထိုးစစ်ဆင်နေတာတွေ ရပ်ပေးဖို့ ကျနော်တို့ တောင်းဆိုထားတယ်။ သူတို့အနေနဲ့ကတော့ တမော့ချမ်းတို့ဟာ မွန်ပြည်သစ်ပါတီက မဟုတ်ဘူးလို့ သူတို့ နားလည်ထားတယ်လို့ ပြောလာတယ်ပေါ့နော်။ တမော့ချမ်းတို့ဟာ ကျနော်တို့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်လို့ ကျနော်တို့ တင်ပြထားတာရှိတယ်လို့ မွန်ဘာသာနဲ့ ပြောဆိုသွားတာပါ။
ဒီတိုက်ပွဲ မဖြစ်ပွားခင်နဲ့ ဖြစ်ပွားအပြီးမှာ မြန်မာစစ်တပ်ကနေ မွန်ပြည်သစ် တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေ ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့လည်း မြိတ်ခရိုင် ဒေသခံတပ်မှူး ဗိုလ်မှူး ဟံသာ ကပြောပါတယ်။
“အခု လောလောဆယ်တော့ တယောက်မှ လွတ်လာတာ မရှိသေးပါဘူး။ သူတို့ ထိန်းသိမ်းဆဲပဲ။ အကုန်လုံးဆိုရင် ကျနော်တို့ တပ်ဖွဲ့ဝင်နှစ်ယောက်၊ သူ့ဇနီး နှစ်ယောက်ဆိုရင်တော့ ၄ ယောက်ပေါ့။ နောက်ပြီးတော့ ရွာသား တစ်ယောက်ဆို စုစုပေါင်း ၅ ယောက်ပေါ့နော်။”
အခုလို ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ ပက်သက်ပြီး မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့နဲ့ စစ်ရေးပြဿနာ ဖြေရှင်းဖို့အတွက် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေအနေနဲ့ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့နဲ့ လာမယ့်ရက်တွေမှာ ဆက်လက် ဆွေးနွေးသွားဖွယ် ရှိတယ်လို့လည်း မော်လမြိုင်ရုံးနေ မွန်ပြည်သစ်ပါတီ အရာရှိတဦးက ပြောပါတယ်။
တနင်္သာရီတိုင်း မြိတ်ခရိုင်ဒေသမှာ လှုပ်ရှားနေတဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ကို မြန်မာအစိုးရစစ်တပ်ကနေ ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချတဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းနိုင်ငံ တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ မွန်ကျောင်းသူကျောင်းသားများ ဘန်ကောက်မြို့မှာရှိနေတဲ့ မွန်များ စုစုပေါင်း ၁၅၀ ခန့်ဟာ ဇူလိုင် ၂၉ ရက်နေ့တုန်းက ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ် ဇွန်လမှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကိစ္စနဲ့ ပက်သက်ပြီးတော့ ငြိမ်းချမ်းရေး ပျက်ပြယ်သွားခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
အခုလို အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ကြားက မွန်ပြည်သစ်ပါတီနဲ့ တင်းမာမှုတွေ ဖြစ်နေတဲ့အပေါ် အစိုးရငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့အပေါ် ဒေသခံတွေထဲက အားမလို အားမရမှုတွေ ရှိနေပါတယ်။ လတ်တလော စံခလဘူရီမှာ နေထိုင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ABSDF ကျောင်းသားတပ်မတော်ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ တာဝန်ယူခဲ့ဖူးသူ ကိုကိုဦး က သူ့ရဲ့ လူမှုကွန်ယက်ဝပ်ဆိုဒ်ပေါ်မှာ သူ့အမြင်ကို ဝေဖန်ရေးသားထားတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဦးစံမိုးဝေ က ကိုကိုဦး ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မေး။ ။ ကိုကိုဦးကိုယ်တိုင် အခု မွန်ပြည်နယ် နယ်စပ်မှာ ရောက်နေတာ ဆိုတော့ အခု လတ်တလောဖြစ်နေတဲ့ NMSP မွန်ပြည်သစ်တပ်တွေနဲ့ အစိုးရတပ်တွေကြားမှာ တင်းမာမှုတွေ ဖြစ်နေတယ်ဆိုတာ ကြားမိလားခင်ဗျ။
ဖြေ။ ။ ဟုတ်ကဲ့။ မွန်နဲ့ တိုက်ပွဲဖြစ်ပြီးတော့ သူတို့ နည်းနည်း တင်းမာသွားတယ်။ တင်းမာသွားတဲ့အပိုင်းမှာတော့ အဓိကက ဘာကြောင့်ဖြစ်သလဲ။ ဘာအတွက်ဖြစ်တာလဲ။ ဘယ်သူတိုက်ခိုင်းတာလဲ အခုထိ ကျနော်တို့က သဲသဲကွဲကွဲ မသိရသေးဘူး။ မွန်ဘက်ကလည်း ဒါကို မထုတ်ပြန်သေးဘူး။ နောက်တခါ ဗမာအစိုးရဘက်ကလည်း ဒါကို မထုတ်ပြန်သေးဘူး။ ဒါပေမဲ့ တင်းမာမှုကတော့ လောလောဆယ် ရှိနေဆဲပဲ။
မေး။ ။ နောက်တခုက ကိုကိုဦးရဲ့ လူမှုကွန်ယက် ဘလော့ခ်ပေါ်မှာပေါ့ အစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ မှတ်ချက်ရေးထား တာကို ကျနော်တို့ တွေ့ရပါတယ်။ ကိုကိုဦးအနေနဲ့ အဲ့ဒီ peace center အပေါ်မှာ ဘယ်လို အမြင်ရှိပါသလဲခင်ဗျ။
ဖြေ။ ။ ဟုတ်ကဲ့ ကျနော်မြင်တာက peace center က တကယ်တမ်း သူတို့က ငြိမ်းချမ်းရေးအတွက် လုပ်မယ်ဆိုရင် သူတို့မှာ လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခု ရှိရမယ်။ နောက်ပြီး ဦးသိန်းစိန်အစိုးရကလည်း သူတို့ကို လုပ်ပိုင်ခွင့် ပေးထားရမယ်။ ဒါပေမဲ့ အခုလို မွန်နဲ့ ပဋိပက္ခဖြစ်တဲ့ကိစ္စမှာ သူတို့ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်နိုင်သလို၊ စစ်အစိုးရကလည်း ဘာမှ မထုတ်ပြန်ဘူး။ မွန်ဘက်ကလည်း ဘာမှ မထုတ်တဲ့အခါကျတော့ ပြည်သူလူထုအနေနဲ့ ဒီကိစ္စကို သဲသဲကွဲကွဲ မသိဘူး။ ငြိမ်းချမ်းရေးလည်း ယူထားတယ်။ တိုက်ပွဲလည်းဖြစ်တယ်ဆိုတော့ ဒီပြဿနာက ဘာပဲပြောပြော peace center နဲ့ ပတ်သက်လာတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့် ရှိမှု - မရှိမှု အပေါ်မှာ ဒီဟာကို ကျနော်တို့က စံထားပြီး စဉ်းစားရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်အောင် လုပ်နေတယ်။ တဘက်မှာက တိုက်ပွဲတွေဖြစ်နေတယ်။ ဖြစ်လာတဲ့အပေါ်မှာ သူတို့က လူထုကို ချပြဖို့ တာဝန်ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့် တိုက်ပွဲဖြစ်တယ်။ ဘယ်သူမှားသလဲ။ မွန်ဘက်က မှားသလား။ သူတို့တပ်ဘက်က မှားသလား။ ဒီကိစ္စကို ဘယ်လို အရေးယူမလဲ ဆိုတာတွေ ပါဖို့လိုပါတယ်။ ဒါမှသာ ကျနော်တို့က ငြိမ်းချမ်းရေးကို ဆက်လုပ်လို့ရမှာ။ ဒီလိုမျိုး လုပ်ပိုင်ခွင့်မရှိဘူး။ ပြောပိုင်ခွင့် မရှိဘူးဆိုရင် ဒီ peace center ဆိုတာက အလကားပဲ။ ကျနော် မြင်တာကလေ။
မေး။ ။ အဲ့ဒီ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ပေါ်မှာရော ဘာတွေများ မျှော်လင့်ထားသလဲ။
ဖြေ။ ။ ကျနော်ထင်တာကတော့ လောလောဆယ် သူတို့ လုပ်တဲ့ အနေအထားတခုက လက်ရှိ ဦးသိန်းစိန်အစိုးရက ချပေးတဲ့ လမ်းကြောင်းပေါ်မှာ လုပ်နေရတာဖြစ်တယ်။ အမှန်မှာက သူတို့ကတော့ peace center ဆိုတာက နှစ်ဘက်ကြားမှာ ရပ်ပြီး လုပ်ပေးရမှာ။ ဒါပေမဲ့ သူတို့က ဟိုဘက်ကို ပိုနီးစပ်ပြီးတော့ လုပ်နေရတဲ့အပိုင်းတွေကို တွေ့နေရတော့ ကျနော် ပြည်သူတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ သိပ်တော့ အားမရဘူး။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ peace center ဟာ လိုတောင်မလိုအပ်ဘူး ဖြစ်နေတယ် ဒီနေ့ ဒီအချိန်မှာ။ အစိုးရက တိုက်ရိုက်စကားပြောနိုင်ပြီ။ ၀န်ကြီးဌာနက တိုက်ရိုက်စကားပြောနိုင်ပြီ။ ဥပမာ တိုင်းရင်းသားအဖွဲ့အစည်းတခုက သူတို့က ၀န်ကြီးဌာနတခု ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တယ်။ ဥပမာထားပါတော့ ပြည်ထဲရေးကိစ္စ peace center က တာဝန်ခံပြီးတော့ ပြောလို့မရဘူးခင်ဗျ။ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောရတော့မယ်။ ဒီနေ့အချိန်မှာ ကျနော်ထင်ပါတယ်။ peace center က မလိုအပ်တော့ဘူး။ ပထမ ကျနော်တို့ ငြိမ်းချမ်းရေး ဆက်လုပ်တာ လိုအပ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ မလိုအပ်တော့ဘူးလို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုပြီးတော့ နက်ရှိုင်းတဲ့ ငြိမ်းချမ်းရေးကိစ္စ လုပ်ဖို့အတွက်ကို ပိုပြီး တာဝန်ရှိတဲ့သူကို တိုက်ရိုက်ဆွေးနွေးတာဟာ အကောင်းဆုံးပဲလို့ ကျနော်မြင်တယ်။
မေး ။ အဲ့ဒီ peace center ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပိုပြီးတော့ ထိရောက်အောင် ဘာတွေလုပ်သင့်တယ်လို့ ယူဆသလဲ။
ဖြေ။ ။ ဒီအခြေအနေမှာ ကျနော်က ပြောစေချင်တာက peace center က သူတို့ ပိုပြီး တိုးချဲ့ဖွဲ့ရလို့ရှိရင်ကို ပိုပြီး တာဝန်ရှိတဲ့သူတွေ ပါလာအောင် သူတို့ လုပ်ရမယ်။ နောက်တခါ ဒီ ကျနော်တို့ peace center မှာ မပါသေးတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက သူတို့ peace center မှာ ထည့်ပြီးတော့ ပူးပေါင်းပြီး ဖွဲ့စည်းရမယ်။ သူတို့ချည်းပဲ ဦးသိန်းစိန် အစိုးရဘက်က လူတွေချည်းပဲ မဖွဲ့စည်းဘဲနဲ့ ဒီဘက်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင် မဟုတ်ရင်တောင်မှ ဗမာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေထဲက လူထုလေးစားလောက်တဲ့ ခေါင်းဆောင်တွေ peace center မှာ ထည့်ပြီးတော့ တိုးချဲ့ပြီးတော့ တကယ်တမ်းလုပ်ဖို့အတွက် လိုအပ်တယ်။ ပြောရမယ်ဆိုရင် messenger အဆင့်မှာပဲရှိတယ် peace center က လက်ရှိအနေအထားမှာ။
VOA>>>
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
-
▼
07/28 - 08/04
(293)
- ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)
- အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ရပါလိမ့်
- ကွဲနေတဲ့အသဲကို ဘယ်လိုကုစားနိုင်မလဲ
- """ မိဘများ စဉ်းစားကြဖို့ပါ """
- Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတ...
- သီတဂူဆရာတော်ဟောတဲ့ စစ်သား အကြောင်း
- မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြို...
- ကမ္ဘာ့ပထမဆုံး လွဲယိမ်းနိုင်သော တံတား
- ကလေးငယ် တစ်ယောက်နဲ့  တူတဲ့ ကျွဲကလေး တစ်ကောင်မွေးဖွား
- မိန်းကလေး တစ်ဦး ၁ ထပ်အမြင့်မှ ပြုတ်ကျသော် လည်း အသ...
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျို...
- ရမည်းသင်းမြို့ မွတ်စလင်မ် သုဿာန်(ကဘာရ်စတာန်) အားေ့...
- ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံးလောင်းကစားဒ...
- တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်
- တရုတ်၏လွှမ်းမိုးမှုကို ထိန်းညှိရန်အတွက် အိန္ဒိယက မြန်...
- ငွေသိန်း ခြောက်ဆယ်ကျော် ပျောက်ဆုံးမှု ရှာဖွေ ဖမ်းဆ...
- မယ်တော်ဆေးခန်း ရေလွှမ်း၍ လူနာများ ရွှေ့ပြောင်းထားရ
- စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများ...
- ဖလမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက် ငါးဦး သေဆုံး
- ကုန်သင်္ဘော ခါးကျိုးပြီး ဧရာဝတီမြစ်အတွင်း နစ်မြုပ်
- လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ CP ကြက်အ...
- ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်
- တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားပြ...
- အပျို၊အပျိုစစ်နှင့် အပျိုစင်
- နံနက်ပိုင်း သံပရာရေ နွေးနွေးသောက်ခြင်း၏ အကျိုးကျေး...
- တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူခြင်း၏ ဆိုးကျိုး
- ဗုဒ္ဓဂယာ ဘုရားဖူးခရီးသည် မြင့်တက်လာစေရန် သွယ်ဝိုက်ခ...
- ဓာတုဇီဝနည်းပညာများဖြင့် ပြင်ဆင် ဖန်တီးထားသော စားသေ...
- လယ်ယာသုံး ဓာတုဆေးများကြောင့် သဘာဝသားငါးများ ရှားပါးလာ
- ၅ သောင်းကျော်ကို ဆရာဖြစ်ဆွဲခန့်လိုက်ပြီ
- မူးယစ်ဆေးဖမ်းရာက လက်နက်များပါ ဖမ်းမိ
- ၈၈၈၈ နှစ်ပတ်လည်တွေကို နားခါး မျက်စိခါးနေတဲ့ ဆုဝေ
- အမေ့ခံ
- မြန်မာ လူပွဲစားဂိုဏ်းချုပ် ဆိုသူကို ထိုင်းရဲက ဖမ်း...
- မြန်မာ့လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ က...
- မြန်မာ့တပ်မတော် ခေတ်မီရေး အမေရိကန် ကူညီမည်
- အင်တာနက်ကြောင့် လူမှုဆိုးကျိုးများ ဖြစ်ပွားနိုင်
- ဆီးဂိမ်းအတွက် ပဏာမကစားသမား ၃၀ ဦး စာရင်းထုတ်ပြန်
- ကရင်ပြည်နယ်ရှိ ရေဘေးသင့် နေရာများသို့ ဒုတိယသမ္မတ ဦ...
- လူငယ်တွေအိမ်ထောင်ပြုတော့မယ်ဆိုရင်
- နေအိမ်အတွင်း ပိတ်လှောင်ထားသည်ဟုဆိုကာ မိခင်က သားသမီ...
- ၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်
- မလေးရှားရောက် မြန်မာအလုပ်သမားများ အလိမ်ခံရ
- ချစ်သူသိစေ
- အချစ်ဆိုတာ.....
- ဆီးဂိမ်း ကျင်းပရန် လေးလကျော်သာ လိုတော့သော်လည်း မြန...
- ပြင်ဦးလွင် ၁၉ မိုင်အနီးဝန်းကျင်က ရေသည်အချို့ အဖမ်...
- တစ်ကိုယ်တော် ဆန္ဒပြသူ ဦးထင်ကျော်ပုဒ်မ ၅၀၅ ( ခ ) ဖြ...
- အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို လေကြော...
- Taxi အငှားကား စီးသူများသတိထားရန်
- ဖေ့စ်ဘုတ်မှာ နိုင်ငံတော်အစိုးရနှင့် -အင်တာနက်သုံးတ...
- ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများန...
- ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဦးဂမ္ဘီရ သြစတေလျ ...
- ” မန္တလေး မြို့မိမြို့ဖများ ကျွန်မ တို့ မိန်း မလျာေ...
- ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်
- ကျောင်းသူက ကားတက်မောင်းပြီး ယာဉ်တိုက်မှု တောက်လျှော...
- ကြံခင်းမြို့၌ ဆွဲကြိုး ချသေဆုံးမှုဖြစ်ပွား
- တပ်မတော်(ရေ)နှင့် အနာဂတ် ရေငုပ်သင်္ဘောတပ်ဖွဲ့
- ဗမာအိမ်မှာ ဗမာတွေ မနေရဲတော့ပြီလော
- ထိုင်းအပြည်ပြည်ဆိုင်ရာ ဂျူဒိုဖိတ်ခေါ်ပြိုင်ပွဲတွင် ...
- တစ်ကိုယ်တော် အခွေကို အွန်လိုင်း ကနေ အလကား ဖြန့်မယ်
- စန္ဒကူးကျောင်းတော်ရာ ဘုရားကို ဘုရားဖူးငါးများ ရောက်...
- မန္တလေးတွင် အင်အား အနည်းငယ်ရှိ ငလျင် နှစ်ကြိမ် ဆက်တ...
- စားသုံးသူများ တိုင်ကြားပါက စားသုံးသူရေးရာ ဌာနခွဲေ...
- ဗုဒ္ဓဂယာ မဟာဗောဓိစေတီနှင့် လုမ္ဗိနီတို့သို့ မိုဘိုင်...
- လူရွှင်တော် ပါပါလေး ကွယ်လွန်
- ဘင်္ဂါလီ လူဦးရေစာရင်း ကောက်နိုင်ရန် လူ့အခွင့်အရေးကေ...
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျို...
- အရှင်မွေး နေ့ချင်းကြီးစေ
- ဆံပင်ညှပ်ဆရာ၏လက်လုပ်လေယာဉ်ပျံ တရုတ်ကောင်းကင်ယံတွင်...
- နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့...
- အပစ်ရပ်ဆွေးနွေးရန် မြောက်ပိုင်းကျောင်းသား ကိုယ်စား...
- ရေကြည်၌ လယ်ဧကတစ်သောင်းကျော်နှင့် လူနေအိမ်များ ရေနစ...
- မင်းဓမ္မပန်းခင်းဈေးတွင်စည်ပင်နှင့် ဈေးသည်တို့ ပဋိ...
- အချစ် ပုစ္ဆာကြီး (၅)ခု
- အစ္စလာမ်ပါတီတစ်ခုကို ဘင်္ဂလားဒေ့ရှ်က တရားမဝင်ပါတီ သတ်...
- ၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒု...
- ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ တပ်မ...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၁၀)
- မြဝတီရေကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်...
- ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်
- ၈၈ လေးလုံး ငွေရတု ဗကသ တက်ရောက်မှာ မဟုတ်
- ရှစ်လေးလုံး ငွေရတု မတိုင်ခင် ၈၈ ကျောင်းသား နှင့် ဗ...
- မြန်မာ့ကျန်းမာရေး အလားအလာကောင်း
- ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာ၏ ဘတ်စ်ကားပေါ်တွင် ဆေြးေ...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၉)
- ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ြ...
- ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၈)
- မန်းတွင် ငွေကျပ် ၁၃၂ သန်းတန်သည့် မူးယစ်ဆေးများ ဖမ်းမိ
- ဂွာတာနာမိုရှိ အကျဉ်းသားများ လွတ်မြောက်ရန် အယ်လ်ကေး...
- မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်
- စီဒီအမ်အေ မိုဘိုင်းလ်ဖုန်းများ ကျပ်ငွေဖြင့် ပြည်ပေ...
- မီဒီယာများ ဘက်လိုက်ရေးသားသဖြင့် ရခိုင်ပြည်နယ် ပဋိပ...
- မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကိုယ်စားပြု တင်ပြမှ...
- နားမလည်သော ပြည်သူများအား တန်ဆာခံအဖြစ် ပြုလုပ်သည့် ...
- မြောက်ဦးတွင် ဆရာဝန်အိမ်ကို ဝင်ခိုးသည့်အမှု နာရီပို...
- မသန်စွမ်းများအတွက် ဘတ်ဂျက်ခွဲတမ်း ချပေးမည်ဟု လွှတ်ေ...
- ဘာသာရေးနဲ့ နိုင်ငံရေး အကြား စည်းတားဖို့ သမ္မတဦးသိန...
- ဘာလဲဟဲ့ စစ်တပ် ??
- မြန်မာစစ်အရာရှိတွေနဲ့ ဆက်ဆံရေးစဖို့ အမေရိကန်ပြင်ဆင်
- ရန်ကုန်တွင် အလိုအလျောက်အမှိုက်သိမ်းယာဉ် များဖြင့် သ...
- ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်...
- ကရင်ပြည်နယ်ရေကြီးမှု ဒုက္ခသည် နှစ်သောင်းကျော် သို့ရေ...
- နိုင်ငံခြားသားများ ပုဂံတွင်မရိုက်ရဲနိုင်လောက်သော ...
- "ဗြိတိန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက်များကို ပိတ်ပင်သွားေ...
- ဆူးလေစေတီတော် သမိုင်း
- ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ြ...
- ပုလဲ
- ယာဉ်မောင်းလိုင်စင် ဗုံးပေါလအော ထုတ်ပေးခြင်း မပြုတေ...
- ဆီးချိုရောဂါအကြောင်း သိကောင်းစရာများ
- အင်ဒိုနီးရှားမှာ ရိုဟင်ဂျာ ၁၄ ယောက်ကို ရုံးထုတ်စစ်ဆေး
- ၁-၈-၂၀၁၃ သေမင်းတမန် တောင်တွင် ထူးဆန်းသောရောဂါကြောင...
- ဝါတွင်းကာလမှာ ကျွန်တော်တို့ မြတ်ဗုဒ္ဒဘာသာဝင်သူတော်စ...
- ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင...
- တေးသံရှင် အေသင်ချိုဆွေ ရဲ့ မွေးနေ့
- ရေပူ၊ရေအေးထည့်ရုံနဲ့ ဖုန်းအားသွင်းနိုင်မယ့် onEPuck
- အခြေခံငါးမွေးမြူရေး လုပ်ငန်းများ ထုတ်လုပ်မှု လျော့န...
- အမေရိကန်အကျဉ်းထောင်အခန်းအတွင်း လေးရက်ကြာပစ်ထားခံရသ...
- မြန်မာနိုင်ငံကို တိုက်ခိုက်ဖို့ကြိုးစားနေတဲ့ မူဆလင...
- သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗ...
- လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို
- သန်လျင် GTC က အတွဲကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ
- အိမ်မွေးခွေးက ပိုင်ရှင်ရဲ့ ဝှေးစေ့ကို ကိုက်စား
- ပြည်သူများ မိုးဒဏ်ရေဒဏ်ခံနေရချိန်တွင် နိုဗယ်ဆုရှင်...
- အာဖရိကတိုက်တွင် အမျိုးသမီး သန်း ၁၀၀ ကျော်သည် မိသား...
- ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင...
- မြန်မာဗုဒ္ဓဘာသာတွေကို နာဇီတွေဆိုပြီး နာမည်ဖျက်ခဲ့တဲ...
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)



No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...