သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 30, 2013

မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်မှု ပြန်လည်ခွင့်ပြုလိုက်ပြီ

မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မလေးရှားနိုင်ငံကို မြန်မာလုပ်သား စေလွှတ်မှု ရပ်ဆိုင်းထားခြင်းကို ဇူလိုင်လ ၂၉ ရက်နေ့က စပြီး ပြန်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ “မလေးရှားကို ပြန်ခွင့်ပြုဖို့ ကျွန်တော်တို့ အေဂျင်စီတွေရဲ့ နစ်နာချက်တွေကို တင်ပြခဲ့ပါတယ်၊ ခုခွင့်ပြုလိုက်ပြီ၊ နောင်မဖြစ်တော့အောင်နဲ့ ဖြစ်လာခဲ့ရင်လဲ အချိန်နဲက တစ်ပြေးညီ ဖြေရှင်းနိုင်အောင် ဆောင်ရွက်သွားမှာပါ” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောပါတယ်။
မလေးရှားနိုင်ငံ မြန်မာလုပ်သား စေလွှတ်မှုကို ဇွန်လ ၁၃ ရက်နေ့ကစပြီး ရပ်ဆိုင်းခဲ့တာပါ။ မလေးရှားနိုင်ငံကို သွားရောက်လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေနဲ့ လက်ရှိလုပ်ကိုင်နေသူ မြန်မာလုပ်သားတွေရဲ့ အခက်အခဲနဲ့ လုံခြုံရေးတွေကို ကာကွယ်ပေးနိုင်ဖို့ ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်နဲ့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့မှာ ရုံးခန်းဖွင့်လှစ်ထားတယ်လို့လည်း ပြည်ပအလုပ်အကိုင် အေဂျင်စီမှ သိရပါတယ်။

 မြန်မာလုပ်သား ပြန်လည်စေလွှတ်ခွင့်နဲ့ ပတ်သက်ပြီး ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ အနေနဲ့ လုပ်သားတွေအပေါ် တာဝန်ယူမှု၊ ခေါ်စာမှန်ကန်မှု ၊ အန္တရာယ်ကင်းတဲ့ ဒေသတွေကို ပို့ဆောင်နိုင်မှုစတဲ့ အချက်တွေပါဝင်တဲ့ အချက် ၁၂ ချက်ကို သဘောတူ လက်မှတ်ရေးထိုးကာ ဝန်ကြီးဌာနတွေကို တင်ပြထားပြီး ဖြစ်တယ်လို့ လည်းသိရပါတယ်။ ယခုလို ပြန်လည်စေလွှတ်ခွင့်ပြုခြင်းအားဖြင့် မလေးရှားကို မြန်မာလုပ်သား စေလွှတ်တဲ့ ဈေးကွက် ပြန်လည် ဦးမော့လာနိုင်မှာဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D