ဂျပန်နိုင်ငံတွင် ရယူနိုင်သည့်ကရာတေးဒို ခါးစည်းအနက် (ခါးပတ်နက်) အထက်အဆင့် DAN ဆင့်များကို မြန်မာနိုင်ငံ၌ ရယူနိုင်တော့မည်ဖြစ်ကြောင်း ကရာတေးဒို ခါးစည်းအနက်များအသင်း (ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းလွင်က မြန်မာ့အလင်း သတင်းစာသို့ ပြောကြားလိုက်သည်။ ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း၌ ဇူလိုင် ၂၃ ရက်ညနေပိုင်းက ကျင်းပသော ကရာတေးဒို ခါးပတ်နက်အသင်း နည်းစနစ် ဖွံ့ဖြိုးရေး သင်တန်းဆင်းပွဲ အခမ်းအနား၌ ဦးမင်းလွင်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ ''ကျွန်တော်တို့ ကရာတေးဒို ခါးပတ်နက်များအသင်း (ရန်ကုန်) အနေဖြင့် ဂျပန်နိုင်ငံက သင်တန်းဆရာ ဖူမိဟီရိုအန်ဒိုကို ခေါ်ယူပြီး ရန်ကုန်မြို့မှာရှိတဲ့ ကရာတေးဒိုအသင်း ၁၁ သင်းမှနည်းပြ ၃၅ ဦးကို ခေါ်ယူပြီး ဇူလိုင်၂ဝ ရက်မှ ၂၃ ရက်အထိ ကရာတေးဒို နည်းစနစ် ဖွံ့ဖြိုးရေးသင်တန်း အခမဲ့ ပို့ချပေးခဲ့ပါတယ်။
မစ္စတာ ဖူမိဟီရိုအန်ဒို အနေဖြင့် လာမည့်နှစ် ဇန်နဝါရီလမှာ ပြန်လာပြီး လက်ရှိ တက်ရောက်အောင်မြင်တဲ့ ခါးစည်းအနက် ကရာတေးဒို အားကစားသမားများကို ခါးစည်းအနက် အထက်အဆင့်ဖြစ်တဲ့ DAN အဆင့်များကို အကဲဖြတ်စစ်ဆေး အဆင့်မြှင့်တင် ပေးသွားမှာဖြစ်ပါတယ်'' ဟု ဦးမင်းလွင်က ဆက်လက် ပြောကြားသည်။ ''ကျွန်တော်တို့ခေတ်က ခါးပတ်အနက် အထက်အဆင့် DAN သင်တန်းတက်ရောက်ချင်ရင် ကိုယ့်စရိတ်နဲ့ကိုယ် ပြည်ပသို့သွားရောက်ပြီး ရယူခဲ့ရပါတယ်'' ဟု DAN အဆင့်(၅)ရှိ ဦးမင်းလွင်က ဆက်လက်ရှင်းပြသည်။
ယခု သင်တန်းတွင် ဂျပန်တုတ်သိုင်း ဘိုဂျစ်ဆုသင်တန်းကိုပါ ကရာတေးဒို ဆရာက သင်ကြားပေးသဖြင့် တုတ်သိုင်းပညာကိုပါ တတ်မြောက်ကြ၍ ရပ်ကွက်၊ ကျေးရွာ ကာကွယ်ရေးအတွက်ပါ အထောက်အကူဖြစ်စေကြောင်း သိရသည်ကရာတေးဒို ခါးစည်းအဆင့်များ သတ်မှတ်ရာတွင် ခါးစည်းအဖြူမှစတင်ပြီး လိမ္မော်ရောင်၊ အပြာရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အညိုရောင်နှင့် အနက်ရောင်ဟူ၍ သတ်မှတ်ထားသည်။ ကရာတေးဒို အားကစားသမား တစ်ဦးအနေဖြင့် ခါးပတ်အနက်အဆင့် ရရှိစေရန် သင်တန်းရက်မပျက်ဘဲ လေးနှစ်ဆက်တိုက် တက်ရောက်နိုင်မှ ခါးစည်းအနက်အဆင့် ဖြစ်နိုင်ကြောင်း သိရသည်။ သင်တန်း ရက်ပျက်ရှိပါက ခါးပတ်အနက်ဖြစ်ရန် အနည်းဆုံး ခုနစ်နှစ်အထိ ကြာနိုင်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...