အရည်အချင်းနှင့်ပြည်သူများ ၏ထောက်ခံချက်အရဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်သင့် သော်လည်း ၎င်းအနေဖြင့် ဗျူရို ကရေစီ အစိုးရယန္တရားကို ထိန်း ချုပ်ကွက်ကဲရန်မလွယ်ကူနိုင် ကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က ပြော သည်။““နိုင်ငံတစ်ခုကိုထူထောင်တဲ့ အခါမှာ လူထုကိုဦးဆောင်နိုင်တဲ့ သူမျိုးလိုအပ်တယ်။ တကယ် လက်တွေ့ကျကျပြန်စဉ်းစားကြည့် ရင် ဒေါ်အောင်ဆန်းစုအနေနဲ့ စစ်တပ်က ၂၅တည်ဆောက်ခဲ့တဲ့ ဗျူရိုကရေစီအစိုးရယန္တရားကြီးကို အမိန့်ပေးလို့ရနိုင်မလားမေးချင် တယ်”” ဟုဒေါက်တာနိုင်အောင် ကပြောသည်။
နိုင်ငံတစ်ခု၏အပြောင်းအလဲ အားပြုလုပ်ရာတွင်စစ်တပ်၏ အခန်းကဏ္ဍသည်အရေးကြီး ကြောင်း ၎င်းကဆက်လက်ပြော သည်။
““အပြောင်းအလဲတစ်ခုလုပ် ရင် တစ်ယောက်တည်းအပေါ်မူမ တည်ဘူး။အနည်းဆုံးဘာပဲလုပ် ချင်လုပ်ချင် ကျွန်တော်တို့ ဘယ်လောက်မကြိုက်ကြိုက် စစ် တပ်မပါရင်မရဘူး။
သူတို့ပါမှ သာအပြောင်းအလဲက ပိုလွယ် တာပါ””ဟု ဒေါက်တာနိုင်အောင် ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် တပ်မတော်အစိုးရ ခေါင်းဆောင်ပိုင်းအနေဖြင့် တိမ်း ညွတ်မှုမရှိပါက ဒီမိုကရေစီလမ်း ကြောင်းသည် မလွယ်ကူနိုင် ကြောင်း
ဒေါက်တာနိုင်အောင်က သုံးသပ်ပြသည်။
ပြည့်ဖြိုးအောင်
Hotnews Journal


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...