သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 30, 2013

အရှေ့တောင် အာရှဒေသတွင် မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံး

 
United Nations World Tourism Organization (UNWTO) ၏ ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေသည့် UNWTO Tourism Highlight ၏ ဖော်ပြချက်အရ အရှေ့တောင်အာရှအတွင်း မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်း တိုးတက်မှုရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ အာရှနှင့် ပစိဖိတ်ဒေသ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သုံးသပ်ချက်တွင် အရှေ့တောင်အာရှ ဒေသသည် အခြားသော
အာရှဒေသခွဲများထက် ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံးဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှု ရာခိုင်နှုန်းအနေဖြင့် ထိုင်းနိုင်ငံသည် ၁၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ၂၄ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံသည် ၁၄ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသည် ၅၂ ရာခိုင်နှုန်းရှိကြောင်း UNWTO က သုံးသပ် တင်ပြထားသည်။ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုဦးရေ တစ်သန်းကျော်ခဲ့သော်လည်း အရှေ့တောင်အာရှ ဒေသအတွင်း၌ ခရီးသည်ဝင်ရောက်မှု အနည်းဆုံးနိုင်ငံများ ထဲပါဝင်နေဆဲဖြစ်သည်။

 မြန်မာနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲများကြောင့် ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်ကာ ၂၀၁၂ ခုနှစ် တွင် ပထမဆုံး ကမ္ဘာလှည့်ခရီးသွား တစ်သန်း ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ်က UNWTO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ၁၉၉၈ ခုနှစ်တွင် ခေတ္တဆိုင်းငံ့ခဲ့ကာ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးချုပ် လာရောက်ခဲ့ပြီးနောက် ထိုနှစ်တွင် UNWTO အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D