သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 29, 2013

မြန်မာ - တရုတ် ပင်လယ်ပြင် ကယ်ဆယ် ရှာဖွေရေး လေ့ကျင့်မှု ပူးတွဲပြုလုပ်

 ရန်ကုန် ၊ ၂၉-၇-၂၀၁၃
မြန်မာ့ ပင်လယ်ပြင် တွင် တရုတ်နိုင်ငံ ရေကြောင်း ဌာနနှင့် မြန်မာနိုင်ငံ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တို့ ပူးပေါင်းကာ ပင်လယ်ပြင် ကယ်ဆယ်ရေး နှင့် ရှာဖွေရေး လေ့ကျင့်ရေး အစီအစဉ် များကို ယမန်နေ့ နံနက်ပိုင်းက ပူးတွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်း တွင် ရောက်ရှိနေသည့် တရုတ် ရေကြောင်း ဌာန China - MSA ပိုင်ဆိုင်သည့် M.V HAIXUN 01 သင်္ဘောမှာ မြန်မာနိုင်ငံ သို့ ရောက်ရှိစဉ် အတွင်း ပင်လယ်ပြင် ကယ်ဆယ် ရှာဖွေရေး ပူးပေါင်း လေ့ကျင့်မှု အစီအစဉ် ကို ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ရေကြောင်း ပို့ဆောင်ရေး ဌာန အနေဖြင့် မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိစဉ် အတွင်း ပင်လယ်ပြင် ကယ်ဆယ် ရှာဖွေရေး လေ့ကျင့်ခန်းများ အပါအ၀င် ဒေသတွင်း ရေကြောင်းဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် နှစ်ဖက် ဘာသာရပ် ဆိုင်ရာ ဆွေးနွေးပွဲများ ၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ ၊ ချစ်ကြည်ရေး အားကစား အစီအစဉ် များကို လုပ်ဆောင် ခဲ့သည်။


ပင်လယ်ပြင် ကယ်ဆယ် ရှာဖွေရေး လေ့ကျင့်ရေး အစီအစဉ်များ မူလတွင် ရဟတ်ယာဉ် ဖြင့် လေ့ကျင့်ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ရဟတ်ယာဉ်ဖြင့် မပြုလုပ်ဘဲ ပင်လယ်ပြင်တွင် သင်္ဘောများ မီးလောင်ပါက မည်ကဲ့သို့ မီးငြှိမ်းသတ် ရမည်ကို M.V HAIXUN 01 သင်္ဘော အပါအ၀င် မြန်မာနိုင်ငံ မှ နတ်သားတစ် ၊ နတ်သားနှစ် မီးသတ် ရေယာဉ်များဖြင့် သရုပ်ပြ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D