သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 29, 2013

မွေးနေ့အလှူအနေနဲ့ဇာတိမြေချင်းတောင်မှာစေတီတည်ဖို့ သိန်းတစ်ရာ မတည်တဲ့ သက်မွန်မြင့်

 နှစ်စဉ်နှစ်တိုင်း မွေးနေ့မှာ အလှူအတန်း တွေနဲ့ဖြတ်သန်းလေ့ရှိတဲ့ သက်မွန်မြင့်က ဒီနှစ် ဇူလိုင်လ ၂၃ ရက် နေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှာလည်း မွေးနေ့အလှူအဖြစ် မှော်ဘီက အောင်ဇမ္ဗူတောရကျောင်းတိုက် မှ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းသလို ဝါဆိုလဖြစ်တာကြောင့် ဝါဆိုသင်္ကန်းများကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

မွေးနေ့တိုင်း၊ နှစ်တိုင်းမှာ အမှတ်တရလေးတွေရှိခဲ့ပြီး ဒီနှစ်မှာလည်း ချစ်တဲ့ခင်တဲ့မိတ်ဆွေတွေက အလှူ လုပ်တဲ့အချိန်မှာလာရောက်ချီးမြှင့်ခဲ့ကြသလို အလှူအတန်းတွေကိုလည်း ပြန်အမျှဝေပေးခဲ့ကြောင်း သက်မွန်မြင့်က ပြောပါတယ်။ ဒီနှစ်မွေးနေ့ အလှူအဖြစ်သက်မွန်မြင့်က အောင်ဇမ္ဗူတောရ ဆရာတော်ဦးစီးပြီး ချင်းတောင်မှာဇမ္ဗူအေးစေတီတည်ဖို့ ရှိတာကြောင့်စေတီတည်ဖို့အတွက် ငွေကျပ် သိန်းတစ်ရာ လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။


သာသနာထွန်းကား စေချင်တာကြောင့် တတ်နိုင်သလောက်ပါဝင် လှူဒါန်းခြင်းဖြစ်ကြောင်းကို သက်မွန်မြင့် က "ချင်းတောင်မှာ အောင်ဇမ္ဗူဆရာတော်ကဦးစီးပြီး ဇမ္ဗူ အေးစေတီတည်မှာပါ။အဲဒီအတွက် ကိုယ်ကပိုက် ဆံ လှူချင်တော့ စုထားတယ်။ မွေးနေ့မှာတော့ ငွေစုထား တာပြည့်သွားလို့ ငွေကျပ် သိန်းတစ်ရာ လှူလိုက် ရတယ်။ ကိုယ်လည်း ပြည့်စုံတဲ့ လူတစ်ယောက်မဟုတ်ဘူး။ လှူချင်တော့ ငွေစုနေတာကြာနေပြီ။စေတီတည် မယ်ဆိုကတည်းက မွေးနေ့ အမီ ကိုယ့်ဘာသာ ကိုယ်ဖြည်းဖြည်းချင်းစုနေရတာ။

မွေးနေ့မှာလှူလိုက်ရလို့ တအားဝမ်းသာပါတယ်။ ကိုယ်တတ်နိုင်သလောက် သာသနာကိုထွန်းကားစေချင် တယ်။ ကိုယ့်ရဲ့ဘာသာကို ယုံယုံကြည်ကြည်နဲ့ ကောင်းမှုကုသိုလ်လည်း လုပ်ချင်တယ်။ တိုက်လည်းတိုက် ဆိုင်သွားတယ်။ စေတီတစ်ဆူတည်ဖို့ မနိုင်တဲ့အခါကျတော့ ဒီလိုပဲ နိုင်သလောက်လေး ပါဝင်ရတာပေါ့"လို့ ပြောပါတယ်။

ချင်းတောင်မှာ ဇမ္ဗူအေးစေတီကို စတင်ဌာပနာသွင်း တည်နေ ပြီဖြစ်ပြီး ဇာတ်ကားရိုက်တွေနဲ့ မအားလပ် သေးတာကြောင့် စေတီတည် တဲ့နေရာကို မသွားဖြစ်သေးပေမယ့် စေတီထီးတင်ပွဲကိုတော့ သွားဖြစ်မှာပါလို့ သက်မွန်မြင့်က ပြောပါတယ်။ သက်မွန်မြင့်က မနှစ်က လည်း သွားရေး လာရေးခက်ခဲတဲ့ ချင်းတောင်က ဖလန်းဘုန်းကြီးေ ကျာင်းအတွက် ကားတစ်စီးနဲ့ ရွာဘက်ကအိမ်တွေအတွက် ဆိုလာပြားတွေကို လှူဒါန်းခဲ့ပါ
 သေးတယ်။မွေးနေ့ ညဘက်မှာတော့ သူငယ်ချင်းတွေနဲ့ အတူတူပျော်ပျော် ပါးပါးမုန့်သွားစားခဲ့ကြပြီး မွေးနေ့ ကို ဖြတ်သန်းခဲ့ပါတယ်။

Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D