သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 29, 2013

Business Air Line ရန်ကုန်မြို့သို့ စတင်ပျံသန်းပြေးဆွဲခြင်း စာနယ်ဇင်းမိတ်ဆက်

 ရန်ကုန် ၊ ၂၉-၇-၂၀၁၃
ထိုင်းနိုင်ငံ အခြေစိုက် Business Air Line ၏ မြန်မာနိုင်ငံ သို့ လေကြောင်းလိုင်း ခရီးစဉ် စတင် ပျံသန်း ပြေးဆွဲခြင်း ဆိုင်ရာ စာနယ်ဇင်း ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ အလံပြ ဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပရာ လေကြောင်းလိုင်း အသီးသီး မှ တာဝန်ရှိ သူများ ဖိတ်ကြား ထားသည့် ဧည့်သည်များ နှင့် စာနယ်ဇင်း မီဒီယာများ မှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ S-BUSINESS TRAVEL & TOUR Co., Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ကြည်ကြည်စန်း က Business Air Line ရန်ကုန်မြို့ သို့ စတင် ပျံသန်း ပြေးဆွဲခြင်း နှင့် ပတ်သက်၍ နှုတ်ခွန်းဆက် စကား ပြောကြားပြီး ထိုင်းနိုင်ငံ အခြေစိုက် Business Air Line ၏ မြန်မာပြည် ဌာနေ ကိုယ်စားလှယ် Country Manager ဦးမောင်မောင်ကြီး က လေကြောင်းလိုင်း ခရီးစဉ် နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။ ထို့နောက် တက်ရောက် လာသူ လေကြောင်းလိုင်း အသီးသီးရှိ တာဝန်ရှိ သူများနှင့် စာနယ်ဇင်း မီဒီယာ များ၏ သိလိုသည့် မေးမြန်းချက် များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။


အဆိုပါ Business Air Line သည် ထိုင်းနိုင်ငံ အခြေစိုက် ဖြစ်ပြီး ကိုရီးယား ၊ ဂျပန် နှင့် အခြားနိုင်ငံ များသို့ ပျံသန်း ပြေးဆွဲခဲ့သည်မှာ ၄ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့ သို့ ပထမဦးဆုံး အကြိမ်အဖြစ် လာမည့် ရက်သတ္တ နှစ်ပတ် အကြာတွင် တစ်ရက်လျှင် နံနက် တစ်ကြိမ် ၊ ညနေ တစ်ကြိမ် ၂ ကြိမ် စတင် ပြေးဆွဲ သွားမည် ဖြစ်သည်။ လေယာဉ်ပေါ်သို့ ဗီဇာရှိသူတိုင်း တက်ခွင့်ရှိကြောင်း တာဝန်ရှိ သူများ၏ ပြောကြားချက် အရ သိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၉၅- ၉၈၆ ၂၄၄၄၁ ၊ ၀၉- ၃၁၃ ၂၉၁ ၉၃ တို့ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရသည်။

( ပုံကို Google Image မှ ယူထားသည် )

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D