သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 1, 2013

သိပ္ပံနှင့်နည်းပညာအောက် တက္ကသိုလ်ကောလိပ်ဝင်ခွင့်ဦးရေ ၆ဝဝဝ ကျော် လျှော့ချ ၊ ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် ဝင်ခွင့် ရမှတ် ၄၈၀ အထိ တိုးမြှင့်

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ် တို့တွင် ဝင်ခွင့်လက်ခံမှုကို ယခင်နှစ်က ထက် ၆ဝဝဝ ဦးကျော် လျှော့ချ မည်ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ သိရသည်။
အဆင့်မြင့်နည်းပညာ တက္ကသိုလ် ရန်ကုန်နှင့် မန္တလေး၊ အဆင့်မြင့်ကွန်ပျူ တာတက္ကသိုလ်များ၊ ကျန်နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္က သိုလ်၊ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရ စက်မှု လက်မှုသိပ္ပံများ၊ ရတနာပုံဆိုင် ဘာစီးတီး၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်နှင့် မန္တ လေးသတင်းအချက်အလက်နှင့် နည်း ပညာတက္ကသိုလ် တို့မှာ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန လက်အောက်တွင် ရှိ ရာ ၄င်းတို့ အားလုံး အကျုံးဝင်သွားမည် ဟု အဆိုပါအဖွဲ့ထံမှ သိရသည်။

၂ဝ၁၂ တက္ကသိုလ်ဝင်ခွင့်တွင် နည်းပညာတက္ကသိုလ်၊ အစိုးရနည်း ပညာ ကောလိပ်များနှင့် အစိုးရစက်မှု လက်မှု သိပ္ပံများက စုစုပေါင်း ကျောင်း သားဦးရေ ၁၆ဝဝဝ လက်ခံခဲ့မှုကို ၂ဝ၁၃ ပညာသင်နှစ်တွင် ၁၁၆၅ဝ ဦး၊ ကွန်ပျူတာ တက္ကသိုလ်များက ယခင်နှစ် တွင် ၇ဝဝဝ ဦးခေါ်ယူလက်ခံခဲ့မှု ကို ယခုနှစ် ၌ ၅၂၄ဝ သို့ လျှော့ချပြောင်းလဲခဲ့ သည်။

ထို့အပြင် ကွန်ပျူတာတက္ကသိုလ် များ၏ ဝင်ခွင့်ရမှတ်ကိုလည်း ရမှတ် ၃၆၅ နှင့်အထက်ဟု ယခင်နှစ်က အ တိုင်း မပြောင်းလဲသော်လည်း နည်း ပညာ ကျောင်းတို့ကမူ ယခင်နှစ်ကထက် ရမှတ် ၂ဝ ပိုများ၍ ရမှတ် ၃၈ဝ နှင့် အထက်ဟု ပြောင်းလဲပြင်ဆင်ခဲ့သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန တာဝန်ရှိသူက ”အရင်တုန်းကတော့ စာ သင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ ၇ဝ၊ ၈ဝ ထည့်သင့်တယ်။ အခုတော့ ဖိဖိစီးစီး သင်နိုင်အောင် လျှော့ချလိုက်တာပါ။ နောက်ပြီး လက် တွေ့ခန်းမှာလည်း ကျောင်းသားနည်း နည်းဆို ပိုထိရောက်တဲ့အတွက် ပါ” ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခုနှစ်အတွက် အဆင့်မြင့်နည်း ပညာတက္ကသိုလ် ရန်ကုန်နှင့် မန္တလေး အပါအဝင် အဆင့်မြင့် ကွန်ပျူတာတက္က သိုလ်တို့က ဝင်ခွင့်ရမှတ် ၄၈ဝ နှင့် အထက်ဟု သတ်မှတ်၍ ယခင်နှစ်က အတိုင်း ရမှတ်မပြောင်း ဘဲ ကျောင်းသား ဦးရေ အနည်းငယ်ကိုသာ လျှော့ခေါ်ခဲ့ သည်။

ထိုနည်းအတိုင်း လေကြောင်းနှင့် အာကာသတက္ကသိုလ်၊ ရတနာပုံဆိုင် ဘာစီးတီးတို့ကလည်း ကျောင်းသား လျှော့လိုက်ကာ မန္တလေးတွင် ယ ခုနှစ်မှ စတင်ဖွင့်လှစ်သော မြန်မာ့သတင်း အ ချက်အလက်နှင့် နည်းပညာ တက္ကသိုလ် အသစ်ကလည်း ဝင်ခွင့်စခေါ်ခဲ့သည်။

၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာ သင်နှစ်မှစကာ တက္ကသိုလ်များ အဆင့် မြှင့်လိုက်သည့်အနေဖြင့် တက္ကသိုလ်ဝင် ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ က ကျောင်း သားဦးရေကို စတင်၍ လျှော့ချလိုက် သည်။ ၂ဝ၁၁ ခုနှစ်က နည်းပညာ တက္ကသိုလ်တို့က ကျောင်းသားဦးရေကို ၂၉၂၅ဝ နှင့် ကွန်ပျူ တာတက္ကသိုလ်က ၇ဝဝဝ၊ ရတနာပုံဆိုင်ဘာစီးတီးက ၁ဝဝဝ ခေါ်ယူခဲ့သည်။



ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် ဝင်ခွင့် ရမှတ် ၄၈၀ အထိ တိုးမြှင့်


အစိုးရသစ် လက်ထက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် တို့တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် အနိမ့်ဆုံး ဝင်ခွင့် ရမှတ်ကို ၄၈၀ အထိ တိုးမြှင့်သတ် မှတ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန၏ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်အရ သိရသည်။

အဆိုပါ ဝင်ခွင့် ရမှတ်သည် ယခင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ဝင်ခွင့် ရမှတ်ထက် ၃၀ မှတ် ပိုများပြီး ယင်းနှစ်က ဝင်ခွင့် သတ်မှတ်ချက်သည် ၄၅၀ မှတ်နှင့် အထက် ဖြစ်ကြောင်း၊ သို့သော် ဝင်ခွင့်တင်သူ များပြားသောကြောင့် အနိမ့်ဆုံး ဝင်ခွင့် ရမှတ်သည် ၄၉၈ မှတ်ထိ ရှိခဲ့ကြောင်း ရန်ကုန် နည်းပညာ တက္ကသိုလ်မှ နည်းပြဆရာ တစ်ဦးက The Voice သို့ ပြောကြားသည်။

ယခုနှစ်အတွက် ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ဝင်ခွင့် ဦးရေ အများဆုံး ၃၀၀ ဦးထိ လက်ခံမည် ဖြစ်ပြီး မန္တလေး နည်းပညာတက္ကသိုလ်တွင် အများဆုံး ၂၅၀ ဦးအထိသာ လက်ခံသွားမည်ဖြစ်ကြောင်း၊ ဝင်ခွင့် ရရှိသူများ သည် ကျောင်းစဖွင့်ဖွင့်ချင်း နှစ်ပတ်အတွင်း ကျောင်းအပ်နှံရန် လိုအပ်ကြောင်း ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြ ထားသည်။

ယင်းအပြင် ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ရွေးချယ် သင်ယူနိုင်သည့် ဘာသာရပ်ပေါင်း ၁၂ ခုရှိပြီး မန္တလေး နည်းပညာတက္ကသိုလ်တွင်မူ ဘာသာရပ် ၁၀ ခုသာ ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ စာစစ်ဌာန အားလုံးမှ အောင်မြင်ထားသူတိုင်း သတ်မှတ်ချက်များ ပြည့်မီပါက ယင်းတက္ကသိုလ် နှစ်ခုကို ရွေးချယ် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတွင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန လက်အောက်ရှိ ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့ကို ၁၉၉၆ ခုနှစ်တွင် ရပ်နားထားခဲ့ရာမှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ် များ၏ Centre of Excellence ဌာနများအဖြစ် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

 
  From : ..popular & the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D