အသတ်ခံရတဲ့ အမျိုးသမီးရဲ့ အမည်က စတိုရီ ဖြစ်ပါတယ်။
သူမကို သတ်ဖြတ်ခဲ့ သူကတော့ သူမရဲ့ခင်ပွန်းနဲ့ ယောက္ခမတို့ ဖြစ်ပါတယ်။
ခင်ပွန်းသည်
ရှာမိုဟာမက်နဲ့ သူရဲ့မိခင် ဝါလီဟာဇာတာတို့ဟာ စတိုရီအေနနဲ့ ယောကျာ်းလေး
မမွေးဘဲ
မိန်းကလေး မွေးဖွားခဲ့တဲ့အတွက် အခုလို သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
မွေးဖွားလာတဲ့ ကလေးဟာ တတိယ မြောက်ကလေး ဖြစ်သလို
တတိယမြောက်
မိန်းကလေးလည်း ဖြစ်ပါတယ်။ အာဖန်ဂန်လူ့အ ဖွဲ့အစည်းမှာ မိန်းကလေး
မွေးဖွားတာကို
ဝန်ထုပ်ဝန်ပိုးအနေနဲ့ ရှုမြင်နေကြတာ ဖြစ်ပါတယ်။
စတိုရီရဲ့ ယောက္ခမ ဝါလီဟာဇာတာဟာ သားဖြစ်သူက စတိုရီကို
လည်ပင်းညှစ် သတ်ရတာမှာ ဝိုင်းပြီး ချုပ်ပေးထားသူ ဖြစ်ပါတယ်။ ဒါ့အပြင်
သူတို့က
စတိုရီရဲ့ ခြေထောက်တွေကို မရုန်းနိုင်အောင် ကြိုးနဲ့တုပ်နှောင်ထားကြတယ်လို့
ဆိုပါတယ်။
ဒီလူသတ်မှုကို အပြစ်မဲ့တဲ့ အမျိုးသမီးတစ်ဦးအား
အညှာအတာမဲ့ သတ်ဖြတ်မှုအဖြစ် မီးမောင်း ထိုးပြခဲ့ကြ ပါတယ်။ ဒေသခံ
လူမျိုးစုခေါင်းဆောင်တွေကလည်း
ဒီလိုသတ်ဖြတ်တဲ့ လုပ်ရပ်ကို ရှုတ်ချပြစ်တင်ခဲ့ကြပြီး ပြစ်မှု
ကျူးလွန်သူတွေကို
မဆိုင်းမတွ အပြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လူသတ်မှုကျူးလွန်ခဲ့တဲ့ မိုဟာမက်ကတော့
အပြစ်ကျူးလွန်ပြီးတဲ့နောက် ထွက်ပြေး သွားခဲ့ပေမယ့် သူ့ရဲ့မိခင်
ဝါလီဟာဇာတာကိုတော့
ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြပါတယ်။အမေရိကန်ပြည်ထောင်စု ဦးဆောင်သောတပ်တွေက
တာလီဘန်အစိုးရကို တိုက်ထုတ် ခဲ့ပြီးတဲ့နောက် အမျိုးသမီးတွေကို
အကြမ်းဖက်နှိက်စက်မှုတွေဟာ အဖဂန်နိုင်ငံအတွင်းမှာ အဓိက ပြဿနာတရပ်
ဖြစ်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ လကလည်း ဘာဂလန်ခရိုမင်မှာ ဆယ်ကျော်သက်
အရွယ်သတို့သမီးတစ်ဦးကို သတို့သားက သူ့ရဲ့အိမ်က ရေအိမ်ထဲမှာ ခြောက်လလောက်
ပိတ်လှောင်ထားခဲ့ပါတယ်။
သူမကို မီးနဲ့တို့တဲ့အပြင် ရိုက်နှက်မှု ပြုခဲ့သလို လက်သည်းတွေကိုလည်း
ဆွဲနုတ်ခဲ့တယ်လို့
ဆိုပါတယ်။
အာဖဂန်လွတ်လပ်သော လူ့အခွင့်ရေး ကော်မရှင်ရဲ့ ဖော်ပြချက်အရ ၂၀၁၁ခုနှစ်မှာ အမျိုးသမီးတွေကို အကြမ်းဖက်နှိက်စက်မှုပေါင်း ၁၀၂၆မှု ရှိခဲ့ တယ်လို့ သိရပါတယ်။ ။
အာဖဂန်လွတ်လပ်သော လူ့အခွင့်ရေး ကော်မရှင်ရဲ့ ဖော်ပြချက်အရ ၂၀၁၁ခုနှစ်မှာ အမျိုးသမီးတွေကို အကြမ်းဖက်နှိက်စက်မှုပေါင်း ၁၀၂၆မှု ရှိခဲ့ တယ်လို့ သိရပါတယ်။ ။
FROM-SOUTH ALAR AND LEE MOHARMAD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...