သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 9, 2013

ဆီးရီးယားကို သုံးရက်ဖြင့် အပြတ်တိုက်မည်

 
ပင် တဂွန်က ဆီးရီးယားကို ရက်ရှည် တိုက်ရန် မူလကရည်ရွယ်ထား သော်လည်း ယခုအခါ သုံးရက် သာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်း စာက ရေးသားဖော်ပြ လိုက်သည်။ဒုံးလက်နက်များဖြင့် တိုက် ခိုက်၍ မထိခိုက်သောပစ်မှတ်နေ ရာများအား စစ်လေယာဉ်များက အပြင်းအထန် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အရာရှိများ၏ပြော ကြားချက်ကို တိုင်းမ်ကကိုးကား ၍ ဖော်ပြခဲ့သည်။

အိမ်ဖြူတော်က မူလကပေး ထားသောပစ်မှတ်၅ဝထက်ပိုသော ပစ်မှတ် များကို တောင်းထားသည်ဟုဆို သည်။ဆီးရီးယားသမ္မတဘာရှား အယ်လ်အာဆတ်၏ စစ်တပ်များ ပြိုကွဲသွားရန် တိုက်ခိုက်သွားမည့် ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟုဆိုသည်။

ပင်တဂွန်စစ်ရေးစီစဉ်သူ များက လေတပ်ဗုံးကြဲလေယာဉ် များနှင့် ဒုံးပျံတပ်ဖျက်သင်္ဘော ငါးစင်းက

မြေထဲပင်လယ်မှ ဆီးရီး ယားဒုံးပျံများ မမီနိုင်သည့်နေရာ မှ နေ၍ဝေဟင်မှမြေပြင်ပစ်ဒုံးများ ဖြင့် ပစ် ခတ်သွားမည်ဟုဆိုသည်။


ပင်လယ်နီ၌တပ်စွဲထားသော လေယာဉ်တင်သင်္ဘော USS Nimitz ကလည်း ဒုံးပျံများဖြင့်ပစ် ခတ်မည်ဖြစ်သည်။၇၂နာရီအတွင်း အဆက် မပြတ်ပစ်ခတ်သွားမည်ဖြစ်ပြီး ပစ် မှတ်ကိုသေချာ စစ်ဆေး ၍ နောက် ထပ်ပစ်ခတ်မည်ဟုဆိုသည်။ ပစ် ခတ်မှုမှာ ၇၂နာရီကြာမည်ဟု သက် ဆိုင်ရာမှ တိုင်းမ် သို့ပြောခဲ့သည်။

သမ္မတအိုဘားမားက တနင်္လာနေ့တွင် အသံလွှင့်ဌာနသုံး ခုဖြစ်သည့် PBS, CNN နှင့် Fox News တို့နှင့် တွေ့ဆုံမေးမြန်း မည်ဖြစ်ပြီး ၎င်းမေးမြန်းချက်ကို ရေဒီယိုမှလည်း ထုတ်လွှင့်မည် ဟုဆိုသည်။
အိုဘားမားက စစ်လေယာဉ် များအရေအတွက် နည်းနည်းသာ အသုံးပြုလိုသည်ဟုဆိုသည်။


''အမေရိကန်ထိုးစစ်က အာဆတ်ရဲ့စစ်ရေးကို ဟန့်တား နိုင်ပါလိမ့်မယ်''ဟု အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။ ယခုတိုက်ခိုက်မှုက လက်ရှိ ဆီးရီးယားစစ်ကို ရပ်ပစ်မှာမဟုတ် သကဲ့သို့ ဆီးရီးယားစစ်ပွဲ မှာ နောက် နှစ်နှစ်ခန့်ကြာဦးမည်ဟု အမေ ရိကန်အရာရှိတစ်ဦးက ဆိုသည်။
From:Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D