ရန်ကုန် ၊ ၁၅-၉-၂၀၁၃
မြန်မာနိုင်ငံ တွင်
ကင်ဆာရောဂါ ဖြစ်ပွား
ခြင်းသည် အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာ များ စားသုံးမှုကြောင့်
ဖြစ်သည်ဟု မြန်မာနိုင်ငံ
စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြား ခဲ့ကြောင်း
သိရသည်။
အဆိုပါ အရောင်တင် ဆိုးဆေး
အသုံးပြု
အစားအစာ များမှာ မျှစ် ၊ လက်ဖက် အစို ၊ အရောင်တင် ငရုတ်သီးမှုန့် ၊ ရောင်စုံ
အအေး မျိုးစုံ
၊ ဂျယ်လီ ( ရောင်စုံ ) ၊ တရုတ်မှ လာသည့် မုန့်များ ၊ ပလတ်စတစ် ထုတ်ပိုး
အစားအစာ များ
၊ ပိုးသတ်ဆေး ဖျန်းထားသော ဟင်းသီး ဟင်းရွက်များ ကြောင့် အသည်း နှင့်
အစာအိမ် ကင်ဆာများ
ဖြစ်ပွား ရလျက် ရှိကြောင်း ၄င်းက ပြောကြား ခဲ့သည်။
" ဒီဆိုးဆေး ပါတဲ့
အစားအသောက်
တွေကြောင့် မြန်မာနိုင်ငံ မှာ ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းက တစ်နှစ်ထက်
တစ်နှစ် ပိုပြီး
မြင့်တက် လာတယ် ၊ ကင်ဆာ ရောဂါ လျော့ကျဖို့ အတွက် မြန်မာနိုင်ငံ သားတွေ
အစားအသောက် ကော
၊ အနေအထိုင် တွေပါ ပြုပြင် သွားဖို့ လိုအပ် ပါတယ် .... " ဟု ၄င်းက ထပ်မံ
ပြောကြား
ခဲ့သည်။
မြန်မာနိုင်ငံ တွင် ၁၀
နှစ်တာ ကာလအတွင်း
ကင်ဆာ ဖြစ်ပွားမှု နှုန်းသည် ၃၀ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး အိမ်ထောင်စု
၎ စုတွင်
တစ်စုခန့်မှာ ဆိုးဆေးကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားကြောင်း ၊ အချို့မှာ
မျိုးရိုးကြောင့်
ဟု သိရသည်။
ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာ အရ ၇၅ ရာခိုင်နှုန်းခန့် မြင့်တက် လာနိုင်ကြောင်း နှင့် WHO ၏ အစီရင်ခံစာ တွင် ၂၀၁၂ ခုနှစ် အတွင်း ကမ္ဘာ တစ်ဝန်းလုံး၌ လူပေါင်း ၁ ဒသမ ၈ သန်းခန့် ကင်ဆာ ရောဂါ ဖြစ်ပွားပြီး ၅ သိန်းကျော် သေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။ ( သိုက်ရာဇာ )
MWD
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...