သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 15, 2013

ဂန့်ဂေါမြို့ စည်ပင်ဌာနမှ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေစက်ကြီးမြစ်ရေ နှင့်အတူ မျောပါသွား

ဂန့်ဂေါ ၊ ၁၅-၉-၂၀၁၃
ဂန့်ဂေါမြို့ စည်ပင်ဌာန မှ ဂန့်ဂေါ မြို့ပေါ် ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေစက်ကြီး သည် စက်တင်ဘာလ ၁၃ ရက် ညပိုင်းက မြစ်သာမြစ်ရေ နှင့်အတူ မျောပါ သွားကြောင်း သိရသည်။
မြစ်သာမြစ်ရေ သည် ဂန့်ဂေါမြို့ ပေါ်တွင် ထူးခြားစွာ မိုးရွာသွန်းမှု မရှိခဲ့ သော်လည်း ဂန့်ဂေါမြို့ အထက်ပိုင်းတွင် မိုးရွာသွန်းမှု များခြင်းကြောင့် အဆိုပါ ရက်ပိုင်း အတွင်း မြစ်သာမြစ်ရေ တက်နေသည် ဟု သိရသည်။ " စက်တင်ဘာလ ၁၃ ရက် ညပိုင်းက ဂန့်ဂေါမှာ မိုးနည်းနည်း ပဲ ရွာတာပါ ၊ မနှစ်က ပြောစမှတ် ဖြစ်လောက် အောင် တက်ခဲ့တဲ့ မြစ်သာမြစ်ရေ မှာတောင် ရေပေးဝေရေး စက်ကြီး မမျောခဲ့ပါဘူး ၊ လက်ရှိ အချိန် ထိတော့ စည်ပင်ရေကို အားထား နေရသူတွေက စည်ပင် ရေစက်ကြီး ရေထဲမျော သွားတဲ့အတွက် သောက်သုံးရေ အခက်အခဲ ဖြစ်မှာ စိုးရိမ် နေကြပါတယ် ... " ဟု အမှတ်(၁) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောကြား ခဲ့သည်။
" စည်ပင် ရေက ဒေသခံ ပြည်သူတွေ အားကိုး သလောက် ဖြစ်မလာပါဘူး ၊ ပြီးခဲ့တဲ့ သြဂုတ်လ ထဲမှာဆိုရင် ရေစက် ပျက်လို့ဆိုပြီး တစ်လလုံးမှ တစ်ကြိမ်ပဲ ရေပေးခဲ့တယ် ၊ လကုန် ခါနီးတော့ တစ်ကြိမ် လာတယ် ၊ အခုမြစ်ရေနဲ့ အတူ မျောသွားတယ် ဆိုတော့ တစ်လတစ်ကြိမ် တောင်လာဖို့ ခက်သွားပါပြီ ၊ ပြောရမယ် ဆိုရင် ရေသာ ပုံမှန်မလာ တာပါ ၊ လစဉ်ကြေး ကတော့ ကောက်ခံမှု မပျက်ကွက် ပါဘူး ၊ သူတို့ ရေမပေးနိုင် တဲ့ လဆို ချက်ချင်း လာမကောက်ဘဲ ရေပေးတဲ့ လကြမှ နှစ်လစာပေါင်း ကောက်တာ တွေလည်း ရှိပါတယ် ၊ ကျွန်တော်တို့ ဆန္ဒကတော့ ရေဆိုတာ နေ့စဉ် လူနေမှုဘဝ မှာ မရှိမဖြစ် လိုအပ် တဲ့အရာပါ ၊ အခုချိန်ထိ တော့ရေစက် ကြီး မျောပါသွားတဲ့ အတွက် ဒေသခံတွေ အခက်အခဲ မဖြစ်အောင် စည်ပင်ဌာနမှ ဘယ်လို ဆောင်ရွက် ပေးမယ် ဆိုတာကို ဘာမှ မပြောသေး ပါဘူး ... '' ဟု အမှတ်(၄) ရပ်ကွက်မှ ဒေသခံတစ်ဦး က ပြောကြားခဲ့သည်။

ဂန့်ဂေါမြို့ စည်ပင်ဌာနမှ ရေပေးဝေ ရာတွင် မူလ သတ်မှတ်ချက် မှာတစ်လ လျှင် (၁ဝ) ကြိမ် ပေးဝေရန်သတ်မှတ် ထားသည်။ သို့သော် ရေပေးဝေသည့် နေ့များတွင် အချိန် ကြာမြင့်စွာ ပေးသည့် အတွက် ဒေသခံများ သည် ရေရရှိခိုက် ခံယူထား ကြရသည်။ စည်ပင်ရေ၏ လစဉ် သတ်မှတ်ကြေးမှာ ငွေကျပ် ၅၀၀၀ ဟု သိရှိရသည်။ ( ယောသူလေး )
 
MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D