သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 11, 2013

ပျင်းလာရင် ထကတယ်ဆိုတဲ့ မော်ဒယ်လ်နွယ်နွယ်ထွန်း

လူသန်းပေါင်း ခြောက်ဆယ်ထဲ မှာ အောင်မြင် ကျော်ကြားတဲ့ သူ တစ်ယောက် ဖြစ်ဖို့ ဆိုတာက တ ကယ်ကိုမလွယ်လှတဲ့ ကိစ္စရပ်ပါ။ အောင်မြင်ကျော်ကြား သူတွေမှာ ဘယ်လို ကိုယ်ရည် ကိုယ်သွေးတွေ ပိုင်ဆိုင် ထားလဲ၊ သူတို့က ဘယ်လိုအ ကြောင်းအရာတွေ ပေါ်မှာ အသေးစိတ် အာရုံစိုက်ပြင်ဆင် ထားလဲဆိုတာ စိတ်ဝင်စား စရာပါပဲ။

ကိုယ့်ကိုယ်ကိုယ် အောင်မြင်လာတာ ဘာကြောင့်လို့ ထင်လဲ
ကိုယ့်ကိုယ်ကိုယ် အောင်မြင် တယ်လို့ မထင်ပါဘူး။ ညီမက photo ရိုက်ရတာ ဝါသနာ ပါတယ်။ ပရိသတ် ကလည်း ညီမရဲ့ဓာတ်ပုံ တွေကိုစတင် သတိထားမိ တယ်ဆို တာကလည်း ဓာတ်ပုံရိုက်တဲ့ အခါ မှာ သာမန်မိန်းကလေး တွေနဲ့ မတူ အောင် အရပ်ရှည်တယ် ဆိုတာက နွယ်နွယ်ထွန်းကို မှတ်မိရလွယ်တာ ပေါ့။ ပြီးတော့ နွယ်နွယ်ထွန်းက လူ ကောင်နည်းနည်း ထွားတယ်။
ဒါကြောင့် အရမ်းကို ဆန်းပြားတဲ့ အထဲ မှာမပါဘူးလို့ ခံစားမိတယ်။ အခု ခေတ်က ကိုရီးယားပုံစံ၊ ဒီဇိုင်းမျိုး လေးတွေရိုက်ကြတာ များတယ်လေ။ အဲဒါကို နွယ်နွယ်ထွန်းက ကိုယ့်ရဲ့ အပြင်အဆင်၊ Style မျိုးအတိုင်း ဓာတ်ပုံရိုက်တဲ့ အတွက် ပရိသတ်က ပိုပြီးမှတ်မိ တယ်လို့ ခံစားမိ ပါတယ်။ တချို့ဆိုရင် ဓာတ်ပုံရိုက်ပြီးတဲ့ အခါ မှာ အပြင် အဆင်တွေ အရမ်းလုပ် လွန်းတော့ လူနဲ့နာမည်ကို တွဲပြီး မ မှတ်မိတော့ဘူး။ ဒါကြောင့် နွယ် နွယ်ထွန်းဆိုရင် ဓာတ်ပုံရိုက်တဲ့ အခါ မှာ မမှတ်မိအောင် ဘယ်တော့မှ မပြင်ဖူးဘူး။ အဲဒါကြောင့် ပရိသတ် ကပိုပြီးမှတ်မိ တယ်လို့ ထင်ပါတယ်။

ကိုယ့်ကို ပရိသတ်တွေက ဘာကြောင့် ကြိုက်တယ်လို့ ထင်လဲ
မကြိုက်တဲ့ သူတွေလည်း ရှိပါတယ်။ တစ်ရာရာခိုင်နှုန်း အပြည့် ကြိုက်နှစ် သက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ တချို့ကျတော့လည်း ခကအန ပုံစံ မျိုးတွေကြိုက်ကြပြီး၊ cute ပုံစံ မကြိုက်ကြတဲ့ သူတွေလည်း ရှိပါ ပါတယ်။ ဒ၏ါပေမဲ့ ဒီခေတ်မှာ ဓာတ်ပုံ ရိုက်တဲ့ အခါမှာ လက်ညှိုးနှစ်ချောင်း ထောင်ပြီး ရိုက်တဲ့ခေတ်ကမရှိတော့ ဘူး။ နွယ်နွယ်ထွန်းကို ပရိသတ်ဘာ ကြောင့်ကြိုက်တယ်ဆိုတာကို နွယ်နွယ်ထွန်းလည်း ကိုယ်တိုင်မသိ သေးပါဘူး။ ဒါပေမဲ့ ပထမဦးဆုံး ရိုက်တဲ့မဂ္ဂဇင်း Cover တွေ၊ ကြော် ငြာဘေဘုတ်တွေကစပြီး ပရိသတ် တွေစတင် သတိထားမိတယ်လို့ ခံစားမိတယ်။ နောက်ပြီး နွယ်နွယ် ထွန်းကမြွေဆိုရင် သိပ်မကြောက်တတ် ဘူး။ ထူးထူး ဆန်းဆန်းလည်းဖြစ် သွားအောင်ဆိုပြီး မြွေနဲ့ ဓာတ်ပုံရိုက် ခဲ့ဖူးတယ်။
အဲဒီတုန်းက ဆိုရင်ပရိ သတ်တွေဆီကနေ အသံတွေပြန် ကြားရတယ်။ ဒီကောင်မလေြးွေမမ ကြောက်တတ်ဘူးလားပေါ့။ နွယ် နွယ်ထွန်းက မြွေကိုမကြောက်တတ် တာပါ။ အဲဒီလိုမျိုး ရိုက်ခဲ့တဲ့ ဓာတ်ပုံ တွေကြောင့် ပရိသတ်တွေက နွယ် နွယ်ထွန်းဆိုတာ ကိုပိုပြီးသိလာ ကြတယ်။ နောက်ပြီး နွယ်နွယ်ထွန်း က Sexy ပုံစံမျိုးတွေ ရိုက်ဖြစ်တာ ကလည်း သမီးရဲ့ပုံစံ၊ သမီးရိုက်နေ ကျပုံစံအတိုင်းလိုက်လို့ ဖြစ်သွားမှာ ပါ။ Cute ပုံစံမျိုးနဲ့ နွယ်နွယ်ထွန်းက သိပ်မလိုက်ဘူးလို့ ထင်တယ်။ Sexy ပုံစံရိုက်တဲ့ အခါမှာလည်း တမင် သက်သက်လုပ်ယူတာမျိုး မဟုတ်ဘဲနဲ့ သမီးစိတ်ထင် သူ့ဘာသာအလိုလို ဓာတ်ပုံရိုက်တဲ့ အခါမှာ ပုံစံကပါသွား တာပါ။ ကုန်ပစ္စည်းကြော်ငြာတွေ ဆိုရင်လည်း သူ့ကုန်ပစ္စည်းကြော်ငြာ အတိုင်းလိုက်ပြီး ရိုက်ခဲ့ရတာတွေ ရှိတာပေါ့။

ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ လှတယ်ဆိုပြီး ကိုယ်သတ်မှတ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲ
နွယ်နွယ်ကတော့ ကိုယ့်ကိုယ်ကိုယ် အားလုံးကို ကြိုက်တယ်။ ဒါပေမဲ့ ဝိတ်တက်လာရင်တော့ မ ကြိုက်ဘူး။ ဝိတ်မတက်ရအောင် သတိထားပြီးနေတယ်။ ပရိသတ် တွေနဲ့ နွယ်နွယ်ထွန်းရဲ့ သူငယ်ချင်း တွေကတော့ နွယ်နွယ်ထွန်းရဲ့နှာ ခေါင်းလေးက လှတယ်လို့ပြောကြ တယ်။ နွယ်နွယ်ထွန်းကို ဝေဖန်သံ တွေက မျှတပါတယ်။ သူများတွေ လှတယ်ဆိုရင်လည်း ပြန်သုံးသပ်တဲ့ အနေနဲ့ ပြန်ကြည့်တယ်။ ပြီးရင် မှတ် ထားလိုက်တယ်။ နွယ်နွယ်ထွန်း ရိုက် ထားတဲ့ဓာတ်ပုံတွေထဲမှာ မလှတဲ့ ပုံတွေလည်း ရှိသလို ခပ်မိုက်မိုက် ပုံတွေလည်း ရှိပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ခါနီးပြီဆိုရင် ဆံပင်ပုံစံ နဲ့ခန္ဓာကိုယ်ကို သတိထားပြီးပြင် ဆင်ပါတယ်။

ဒါရိုက်တာက ဒိုင်ယာလော့ခ်တွေ ချပေးရင်ရော လွယ်လွယ်ကူကူနဲ့ ရတတ်သူလား
ဘယ်တော့မှ မလုပ်ဖူးလို့ ဆုံး ဖြတ်ထားတဲ့ သရုပ်ဆောင် အလုပ် တစ်ခုကို ဧည့်သည် သရုပ်ဆောင် အနေနဲ့ ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်း လာတော့ရိုက်ဖူး ပါတယ်။ ဒီလိုစိတ် နှစ်ပြီးများများ စားစား ဒိုင်ယာလော့ခ် ပြောရတဲ့ ဟာမျိုးလည်း မဟုတ်ဘူး။ ဓာတ်ပုံရိုက်တဲ့ အခါမှာ ခဏလေး ပြင်ဆင်ပြီး ရိုက်ရတာက ဇာတ်ကား တစ်ကားကျတော့ ဇာတ်ဝင်ခန်း လေးတစ်ခန်း အတွက် အချိန်အများ ကြီးပေးရတယ်။ ဒိုင်ယာလော့ခ်ပြော တဲ့အချိန်မှာတော့ မရတာတို့၊ မေ့ တာတို့ကြောက်တဲ့ စိတ်မရှိတာပါ။ ဒါ ပေမဲ့သရုပ်ဆောင် အလုပ်ကိုတကယ် ဝါသနာမပါလို့ မလုပ်ဖြစ်ခဲ့ တာပါ။

ရှူတင်မိတ်ကပ် လူးရတဲ့ အခါမှာရော သဘောကျလား
ရှူတင် မိတ်ကပ်ကို လိုအပ်ရင်တော့ လိမ်းဖြစ်တယ်။ ဓာတ်ပုံရိုက် တာတို့ အတွက်ဆိုရင်တော့ ကိုယ့် ဘာသာကိုယ်လိမ်းဖြစ်တာများ ပါတယ်။ အပြင်ထွက်ရင် သနပ်ခါးကိုပဲလိမ်း ဖြစ်တယ်။ မိတ်ကပ် လိမ်းရတာမ ကြိုက်ဘူး။

တစ်ယောက်တည်းရှိရင် အများဆုံး လုပ်တတ်တဲ့ အမူအကျင့်က
တစ်ယောက်တည်း နေတဲ့ အချိန် မျိုးတွေဆိုရင် အခွေကြည့်တယ်။ သီချင်း နားထောင်တယ်။ သီချင်းနား ထောင်လို့ပျင်းလာရင် ထကလိုက် တယ်။


From: 8 Days

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D