သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 16, 2013

အကောင့်ငါးခု၁၁ဘီလျံနှင့် မြန်မာမီဒီယာလိုက်ဘရီ မစီစဉ်တဲ့ပွဲ

မရေးတော့ဘူးလို့ဘဲ။ဒါပေမယ့်ရေးရရှင်းရတော့မယ်။ရေးပြန်ရှင်းပြန်ရင်လည်းဘ၀တူသတင်းသမားတွေ ထိခိုက်လာမှာစိုးတယ်။ပထမက ခုအကောင့်ငါးခုနဲ့၁၁ဘီလျံအသံထွက်လာစေတဲ့ပွဲကို ကျနော်တို့ မြန်မာမီဒီယာလိုက်ဘရီက စီစဉ်တာမဟုတ်ပါ။သတင်းသမားတယောက်က ကြားထဲကအကူအညီတောင်းတာနဲ့ မဥမ္မာဆိုတာက ကမ္ဘာ့ဘဏ်၊နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေအကြောင်းသတင်းသမားတွေသိသင့်တဲ့ သတင်းရေးရာမှာသတိပြု စစ်ဆေးရမယ့် အချက်တွေ ဗဟုသုတအဖြစ်ဝေမျှဖို့ သတင်းထောက်တွေအတွက်အလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်ခြင်ကြောင်း စိတ်ဝင်စားသူအားလုံးတက်နိုင်အောင်( မနက်မအားသူနေ့ခင်းဘက် နေ့ခင်းမအားသူမနက်ဘက်)နှစ်ရက်ခွဲစီစဉ်ခြင်တယ်ဆိုလာတော့ ကျနော်လည်း ဒါအခွင့်ကောင်းဘဲ စီးပွားရေးသတင်းဘဏ်သတင်း ရေးနေတဲ့ကိုယ့်မီဒီယာလောကက လူတွေအတွက် အကျိုးရှိနိုင်တယ်ဆိုပြီး ကောင်းပြီပေါ့ စာကြည့်တိုက်ခန်းမနေရာသုံးပါပေါ့ဆိုပြီးသဘောတူခဲ့တယ်။
အဲဒါနဲ့အစီအစဉ်အီးမေးကပို့ပေးတယ် ဖုန်းခြင်းအဆက်အသွယ်ရတယ်။သူပို့ပေးတဲ့အီးမေးအတိုင်းဘဲ(အင်္ဂလိပ်လို)ကျနော့်ဖေ့စ်ဘွတ်မှာတင်ပြီး ဘဏ်နဲ့ဆိုင်ရာစိတ်ဝင်စားသူသတင်းသမားများတက်ရောက်နိုင်ပါတယ်ကြိုတင်စာရင်းပေးပါဆိုပြီးတင်လိုက်ပါတယ်။ပွဲစမယ့်နေ့ စက်တင်ဘာ၁၀ရက် နေ့ခင်း စာကြည့်တိုက်ကို သူတို့ရောက်လာမှဘဲ မဥမ္မာဆိုတာ မခင်ဥမ္မာဖြစ်နေမှန်းသိလိုက်တယ်။(အရင်ကလူခြင်းမစုံဖူးပါ၊အပြင်ကသတင်းတွေမှာတော့ပါပါနေတာတွေ့နေဖူးတာပါ)ဒီပွဲကို စကိုင်းနက် သတင်းပိုင်းက သတင်းယူဖို့ရိုက်ကူးရေးအဖွဲ့လာတယ်။မခင်ဥမ္မာက သတင်းအနေနဲ့မထုတ်ခြင်ကြောင်းတီဗီမရိုက်ဖို့ပြောပါတယ်။တဆက်ထဲ ပွဲတက်လာသူတွေကိုလည်း ဒီပွဲမှာရှင်းပြမယ့်သူက ဘယ်အဖွဲ့အစည်းကပါ သူ့နာမည်ဘယ်သူ သူကိုယ်တိုင်လည်းဘယ်သူပါ ဘာတွေလုပ်ပါတယ်ဆိုတာမိတ်ဆက်ပြီး ခုဦးဆောင်ဆွေးနွေးရှင်းပြမယ့်သူကအင်တာဗျူးတွေလက်ခံဖြေမှာမဟုတ်ကြောင်း သူ့နာမည်ကိုးကားပြုသတင်းမရေးစေလိုကြောင်း သူ့ပုံဓာတ်ပုံလည်းမရိုက်ဖို့ သိချင်တဲ့အချက်တွေမေးနိုင်ကြောင်း သူပြောပြရှင်းပြတာတွေကို အချက်အလက်တခုအနေနဲ့သာယူသုံးစေလိုကြောင်း ကြိုပြောထားပြီးဖြစ်ပါတယ်။အဲဒီနေ့ကပွဲကို အယ်ဒီတာချုပ်တစ်ဦး၊ဥပဒေရေးရာအတိုင်ပင်ခံတစ်ဦး၊အကြီးတန်းအယ်ဒီတာတစ်ဦး၊သတင်းထောက်၁၆ယောက်နဲ့အလွတ်တန်းလေ့လာသူတစ်ဦးပေါင်းလူ၂၀ ညနေပွဲပြီးတဲ့ထိ စိတ်ဝင်စားစွာတက်ရောက်ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။တကယ်လည်းပွဲကစိတ်ဝင်စားစရာကောင်းပါတယ်။လာတက်တဲ့လူတိုင်းသဘောကျကြပါတယ်။ပွဲလာတက်တဲ့အယ်ဒီတာချုပ်မိတ်ဆွေကိုတောင် ကျနော်က အယ်ဒီတာ တွေလာတက်စေချင်တာဗျလို့ပြောပါသေးတယ်။ဒါမှတချို့လက်တွေ့လိုက်နေရတဲ့သတင်းထောက်တွေနဲ့နားလည်မှုမလွဲမှာလို့။သူတို့ဒီအချက်တွေသေချာသိထားရင်ပိုကောင်းမယ်ဆိုပြီးတောင်ပြောဖြစ်လို့ နောက်နေ့ကျနော်ဆီကအယ်ဒီတာတယောက်လွတ်ပါမယ်ဆိုပြီးမိတ်ဆွေအယ်ဒီတာချုပ်ကပြောသွားပြီးနောက်နေ့လည်းသူ့ဆီက အယ်ဒီတာတဦးပွဲပြီးထိလာတက်သွားပါတယ်။နောက်နေ့ပွဲကတော့မနက်အစော ၈နာရီခွဲဆိုတော့လာတဲ့သူနဲသွားပါတယ် ၁၀ဦးဘဲလာတက်ပါတယ်။တကယ်တမ်းစာရင်းပေးထားတာ၁၅ယောက်လောက်ရှိပါတယ်။ပထမနေ့ပွဲမှာလည်းစာရင်းပေးထားပြီးလာမတက်ဖြစ်တဲ့သူတွေအများကြီးပါ။နောက်တနေ့ထွက်စံတော်ချိန်သတင်းစာမှာ သတင်းစပါလာပါတယ်။အဲဒီမှာစပြီးနားလည်မှုနဲနဲလွဲနေပြီဆိုတာသိလိုက်ပါပြီ။မခင်ဥမ္မာကိုအဲသတင်းစာပြလိုက်တဲ့အခါသူကထပ်မမှားစေဖို့အဲဒီနေ့တက်လာသူတွေကိုသေချာထပ်ရှင်းပြပါတယ်။နောက်တနေ့ အလဲဗင်းသတင်းစာမှာဆက်ပါတော့ (ပွဲတက်ပြီး၂ရက်မြောက်)ဒီပွဲကြီးမှုးစီစဉ်တာ မြန်မာမီဒီယာလိုက်ဘရီဆိုပြီးလွဲပါတယ်။ဒီအလွဲက အသေးအဖွဲပါ။ကျနော့်ဖေ့စ်ဘွတ်တင် ကျနော်တာဝန်ခံထိုင်နေရာစာကြည့်တိုက်မှာလုပ်တော့ကျနော်တို့မြန်မာမီဒီယာလိုက်ဘရီကစီစဉ်တယ်လို့ထင်စရာပေါ့။ဒါလွဲတာက ကိစ္စမရှိသေးဘူး။ဦးဆောင်ဆွေးနွေးရှင်းပြသွားတဲ့သူက ကမ္ဘာ့ဘဏ်ကမဟုတ် ဘယ်အဖွဲ့အစည်း၊သူတို့အဖွဲ့ကဘာတွေလုပ်တယ်၊သူ့ကတ်တွေလည်းပေးပါတယ်။နောက်မခင်ဥမ္မာလည်း ရှင်းရှင်းလင်းလင်းဘာသာပြန်ပြောပေးနေတာပါ။အဲဒီမှာဒီလူကိုကမ္ဘာ့ဘဏ်ကအာရှဒေသဆိုင်ရာတာဝန်ခံဆိုလွဲတော့ အကြီးအကျယ်မှားပါတော့တယ်။နောက်သူပြောတဲ့ဟာတွေကို သတင်းရေးဖို့အချက်အလက်အနေနဲ့ယူဖို့သာပြောထားတာမှာ သူကအထောက်အထားအခိုင်အမာနဲ့ပြောတဲ့ပုံစံမျိုးဖြစ်သွားတော့နားလည်မှုတွေထပ်လွဲကုန်ရတာပါဘဲ။သူပြောခဲ့တာက ကမ္ဘာ့ဘဏ်က မြန်မာပြည်အကြွေးတွေလျှော်ပေးဖို့ငြင်းရတဲ့အချက်က မြန်မာနိုင်ငံတွင်းကနေ အပြင်မှာ ဘဏ်အကောင့်ငါးခုဖွင့်ထားတာရှိနေပြီးအဲဒီအကောင့်တွေစုစုပေါင်းပမာဏက ၁၁ဘီလျံကျော်ရှိနေတော့ မင်းတို့ဆပ်ရမှာ ၈၉၀ကျော်ပေါ့ တစ်ဘီလျံတောင်မပြည့်ဘူး ဒီအကောင့်တွေတောင်ရှိနေတာဘဲမဆပ်နိုင်စရာမရှိဘူးပေါ့ လျှော်ပေးလို့မရဘူးဆိုပြီး ငြင်းလိုက်တယ်လို့သိရကြောင်း(သူအထောက်အထားအခိုင်အမာပြ မပြောခဲ့ပါ)ပြောသွားခဲ့တာပါဘဲ။ကျနော်အဲဒီသတင်းဖတ်ပြီးတဲ့အချိန် နောက်ဆက်တွဲတွေတော့လာတော့မှာဘဲဆိုပြီး မခင်ဥမ္မာကိုဖုန်းဆက် အမရေ ရှင်းဖို့သာပြင်ပေတော့ ပြီးဒီပွဲက ကျနော်တို့မြန်မာမီဒီယာလိုက်ဘရီက ကြီးမှုးစီစဉ်တာလည်းမဟုတ်ဘူးဆိုတာပါပြောပါဦးလို့ပြောခဲ့ပါသေးတယ်။ညနေပိုင်းလည်းရောက်ရော ပြည်ပရေဒီယိုအသံလွှင့်ဌာနတွေကမိတ်ဆွေများရဲ့ဖုန်းတွေဆက်တိုက်ဝင်လာပါတော့တယ်။အဲပွဲနေ့ကပြောသွားတာတွေပြန်ပြောပေးဖို့၊အသံဖိုင်ပေးဖို့၊၁၁ဘီလျံအကြောင်းပြောသွားတာကြားလိုက်လားမကြားလိုက်လားကော၊အဲလိုပြောသွားတာကြားလိုက်ပါကြောင်းဖြေပေးဖို့အမျိုးမျိုးပြောလာကြတာကို ကျနော်ဘာမှ မှတ်ချက်လဲမပေးခြင်ဖြေလည်းမပေးချင်အသံဖိုင်လည်းမပေးနိုင်ပါကြောင်းငြင်းလွတ်ပါတယ်။အားလုံးကိုတော့ဖြစ်စဉ်အမှန်နဲ့ အလုပ်ရုံဆွေးနွေးပွဲမှာသူပြောတဲ့အချက်တွေက နောက်ဆက်တွဲထပ်လိုက်အဖြေရှာရမယ့်ဟာတွေဖြစ်ကြောင်း သူပြောသွားတာအထောက်အထားတိတိကျကျပြ ပြောသွားတာမဟုတ်ကြောင်းသေချာတော့ရှင်းပြလိုက်ပါတယ်။(ဒါကို နောင်တော်ကြီး ကိုကျော်ကျော်သိန်းတောင် ကျေလည်ပုံမရပါဘူး။)တကယ်တမ်းတော့ ကျနော်တို့တွေသင်ယူထားတဲ့သတင်းစာပညာမှာ သတင်းတစ်ပုဒ်ရဲ့ တိကျမှု မျှတမှု ချိန်ခွင်လျှာညီမျှမှုစံတွေရှိပြီးသားပါ။တဖက်အမြင်တဖက်အပြောနဲ့ မရေးဘဲ သက်ဆိုင်ရာသတင်းရင်းမြစ်များအားလုံးကိုမျှတစွာပြောခွင့်ပေးဖို့သင်ထားခဲ့ကြရပြီးသားပါ။တခါတခါဒီလိုအလွဲတွေကြုံရတဲ့အခါ ကိုယ့်မီဒီယာလောကသား သတင်းစာသမားတွေကို လက်ညိုးထိုးအပြောခံရမှာမလိုလားပါဘူး။အခြေအနေအချိန်အခါအရ အရေးတကြီးလုပ်လိုက်ရတဲ့သတင်းတွေမှာ လစ်ဟာချက်တွေကျင့်ဝတ်စံနဲ့လွဲချော်ရတဲ့အားနည်းချက်တွေ ကြုံကောင်းကြုံကြရတာ သတင်းမီဒီယာအားလုံးရင်ဆိုင်ခဲ့ရဖူးပြီးဖြစ်သော်လည်း အမြဲလွဲနေတာမျိုးမဖြစ်အောင်တော့ ပိုပြီးသတိပြုဆင်ခြင်သွားနိုင်ကြပါစေလို့မေတ္တာရည်ကာဆုတောင်းပါတယ်။
(ဘေးထွက်ထိုင်နေခြင်လည်းအခွင့်မသာတဲ့ဘ၀)


From : ..Saw Lynn Aung'
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D