သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 16, 2013

လူရှစ်ဦးစီး ဂျက်လေယာဉ် ဝယ်ယူ၊ ငှားရမ်းနိုင်ရန် ပထမဆုံးဝန်ဆောင်မှု MAI စီစဉ်

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် ကမ္ဘာ့အရောင်းရဆုံး လူရှစ်ဦးစီး ဂျက်လေယာဉ်များ ဝယ်ယူ၊ ငှားရမ်းနိုင်ရန် ပထမဆုံး ဝန်ဆောင်မှုအဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က စီစဉ်ပေးမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။ Business Jet Gulfstream G450 ဂျက်လေယာဉ် အသေးစားဖြစ်ပြီး ဝယ်ယူငှားရမ်းနိုင်မည့် ဈေးနှုန်းကို အတိအကျ မသိရသေးဘဲ
စိတ်ဝင်စား၍ လာရောက် ကမ်းလှမ်းပါက MAI ကတစ်ဆင့် ဆက်သွယ်ပေးမည် ဖြစ်ကြောင်း MAI လေကြောင်းလိုင်း အရောင်းမန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။ ဂျက်လေယာဉ် ဝယ်ယူ၊ ငှားရမ်းမည့် ကုမ္ပဏီမှာ ပြင်သစ်နိုင်ငံ အခြေစိုက် Gulfstream ကုမ္ပဏီဖြစ်ပြီး ဂျက်လေယာဉ် ဝယ်ယူ၊ ငှားရမ်းလိုပါက MAI ကတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း၊ လေယာဉ်နှင့် ပတ်သက်သည့် ဝန်ဆောင်မှု၊ ထိန်းသိမ်းမှုများကို MAI က စီစဉ် ဆောင်ရွက်ပေးနိုင်ရန် အဆိုပါ ကုမ္ပဏီနှင့် ဆွေးနွေးလျက်ရှိကြောင်း ၄င်းက ဆိုသည်။ ၂၀၀၃ ခုနှစ်က ကျင်းပသော စီးပွားရေးလုပ်ငန်းသုံး လေကြောင်းဆိုင်ရာ အဖွဲ့အစည်း၏ နှစ်ပတ်လည် တွေ့ဆုံပွဲတွင် G450 ဂျက်လေယာဉ်ကို Gulfstream ကုမ္ပဏီက စတင်မိတ်ဆက်ခဲ့သည်ဟု သိရပါသည်။

From : .. the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D