သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 10, 2013

ဆင်ဆာနဲ့ပတ်သက် ပြီး အရင်လို မွဲပြာ ပုဆိုးမဖြစ်ပါစေနဲ့လို့ ပြောတဲ့ ရန်အောင်

အနုပညာလောကမှာအကယ်ဒမီထူးချွန်ဆု၆ဆုမှတ်တိုင်စိုက်ထူနိုင်ခဲ့သူဖြစ်တဲ့ရန်အောင်ကိုအနုပညာဖန်တီးရာမှာ ဆင်ဆာ တွေနဲ့ပတ်သက်ပြီး တစေ့တစောင်းမေးကြည့်ဖြစ်ရာ "ဆင်ဆာလွတ် လပ်ခွင့်တွေပေးတာ အများကြီးကြိုဆိုဝမ်းသာတယ်။ အရင်တုန်းက ဆိုရင်သွေးထွက်သံယိုတွေ တအားမပြရဘူး။ပါးရိုက်လို့မရ၊ လက်သီးထိုးလို့မရဘူး။ခုံပေါ်ခြေထောက်မထင်ရဘူး။ဒါမျိုးတွေကဇာတ်ရုပ်အရလိုအပ်တဲ့အခါမျိုးမှာလုပ်ခွင့်ရှိလာတာကဝမ်းသာပါတယ်။ဒါပေမဲ့မိသားစုတွေအားလုံးထိုင်ကြည့်နေတဲ့အချိန်မျိုးမှာမပြသင့်တဲ့ရိုက်ချက်မျိုး၊မပြောသင့်တဲ့စကားမျိုး၊မိသားစုချင်းမျက် နှာပူရမယ့်ကိစ္စမျိုးက အစ်ကိုတို့နိုင်ငံအတွက်၊ဓလေ့ထုံးစံအတွက် နည်း နည်းစောနေသေးတယ်လို့ ထင်တယ်။

အနောက်နိုင်ငံနဲ့ ယဉ်ကျေးမှု ချင်း၊ ပွင့်လင်းမှုချင်း၊ ခံယူချက် ချင်း မတူပါဘူး။ အစ်ကိုတို့ နိုင်ငံက အရှက်အကြောက်ကြီးတယ်။ ဟီရိသြတပ္ပတရားဆိုတာကို လက် ကိုင်ထားကြတယ်။အာရှနိုင်ငံတော်တော် များများက သူတို့ ဇာတ်ကား တွေရိုက်ရင်အခုနောက်ပိုင်းကျမှ ပွင့်ပွင့်လင်း လင်းပြောရရင် အိန္ဒိယ၊တရုတ်၊ကိုရီးယားဆိုLipKissခန်းကိုမဖြစ်မနေတစ်ခါတလေမှပြတယ်။အကြာကြီးတောင်မပြပါဘူး။ဒါတွေကကိုယ့်နိုင်ငံအတွက် နည်း နည်းစောနေသေးတယ်လို့ယူဆမိပါတယ်" လို့ပြောပြပါ တယ်။
ဆင်ဆာလွတ်လပ်ခွင့်တွေအပေါ်ထောက်ညွှန်နဲ့ပြန်လည်လုပ်လာတဲ့အပေးအရင်လိုမဲပြာပုဆိုးမဖြစ်ပါစေနဲ့လို့လည်းပြောပြတဲ့ ရန် အောင်က "ဒါပေမဲ့ဆင်ဆာကိုထောက်ညွှန်အနေနဲ့လုပ်တာကလည်း ဖြစ် သင့်တယ် လို့ထင်သလိုနဂိုအတိုင်း မဲပြာပုဆိုးပြန် မဖြစ်ပါစေနဲ့ လို့ ဆုတောင်းပါတယ်။ဆင်ဆာလွတ်လပ်ခွင့်တွေရလာ တော့ဇာတ်ရုပ်တွေ အများကြီးလုပ်လို့ရလာ တယ်။ သူ့ ဇာတ်ရုပ်နဲ့သူ ဆံပင်နီဆိုနီပါ၊ သွေးထွက်သံယိုရှိလို့၊ ဒါကို ရင်နာရမှာမို့လို့ဒီလိုရိုက်ချင်တဲ့ဆန္ဒရှိရင်ရိုက်ခွင့်ပေးပါ။ ဒီလိုကနေ ဒီလိုဇာတ်တွေဖြစ်လာတယ်ဆိုတာ လက်ခံ ရမှာပါ။နိုင်ငံတကာမှာလည်း ဒီလိုပဲ လေ။ အရင်ကဆိုဇာတ်လမ်းစိစစ်ရေးက တစ်ခါကြပ် တယ်၊ဆင်ဆာ ကတစ်ခါကြပ်တယ်။
အဲဒါကြောင့် မဲပြာပုဆိုးထဲကမလွတ်ဘူး ဆိုတဲ့အပြောမျိုးခံခဲ့ ရဖူးပါတယ်။အခုတော့အဖန်တစ်ရာ ဒီဇာတ်ကနေ ထွက်လာပြီဆိုပေမယ့်မြန်မာ့ထုံးတမ်းအစဉ်အလာ နဲ့ မကိုက်တဲ့ပုံစံမျိုးလေးေ တွတော့ နည်းနည်း စောပါသေးတယ်။နောက်အနှစ် ၁၅ နှစ်လောက်ဆိုအကုန်ခေတ်မီတိုးတက်လာတယ်။အမြင်တွေ ပွင့်လင်း လာတယ်ဆို တစ်မျိုးပေါ့" လို့ပြောပြပါတယ်။ 
 
 မေမွန်မောင်
 Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D