သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 10, 2013

ယာဉ် တိမ်းရှောင် ရာမှ ဧရာဝတီမြစ် အတွင်းကျ ခေါင်းခန်းစီးသူ နှစ်ဦး သေဆုံး

မြစ်ကြီးနား ၊ ၁၀-၉-၂၀၁၃
မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက် အတွင်း စက်တင်ဘာ ၇ ရက်နေ့ က ဧရာဝတီ မြစ်ကမ်းနားလမ်း တွင်
ရပ်ထားသည့် ယာဉ်အား တိမ်းရှောင် မောင်းနှင်ရာမှ လမ်းမြေသား ပဲ့ကျကာ ယာဉ်မှာ ဧရာဝတီမြစ်
အတွင်း ထိုးကျသွားပြီး ဦးခေါင်းတွင် ပါသည့် ယာဉ်မောင်းနှင့် အတူပါသူနှစ်ဦးသေဆုံး သွားခဲ့ကြောင်း
သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက် မြစ်ဖျားဧရာ စက်လှေ
ဆိပ် (လဖဆိပ်)လမ်းတွင် တောင်မှမြောက် သို့ ကမ်းနားလမ်း အတိုင်း မောင်းနှင် လာသော ၆က/၃ဝ၄၁
ဖိုးဝှီး အမျိုးအစား ခဲရောင် မော်တော်ယာဉ် အား စိုးမိုးအောင် (ခ) အရှည်ကြီး မောင်းနှင်၍ ၄င်းနှင့်အတူ
အိုက်ပန် အတူစီးကာ ယာဉ်နောက်ပိုင်း တွင် စန်းမောင် ၊ ကျော်သူလှိုင် ၊ အောင်ကိုဝင်း နှင့် ကျော်ဘ (ခ)
မင်းရန်သိန်း တို့စီးလာသော မော်တော်ယာဉ် သည် စက်လှေဆိပ် အရောက်တွင် လမ်းဘယ်ဘက်တွင်
ရပ်တန့်ထားသော သုံးဘီးယာဉ်အား ရှောင်တိမ်း မောင်းနှင် ရာမှ မြစ်ကမ်းဘေး မြေသား ပဲ့ကျကာ ယာဉ်
မှာ ဧရာဝတီမြစ် အတွင်း ပြုတ်ကျ သွားခဲ့ပြီး ယာဉ်ဦးခန်း စီးနင်းသူ စိုးမိုးအောင် (ခ) အရှည်ကြီး (၄၅)နှစ်
နှင့် အိုက်ပန် (၂၈) နှစ်တို့နှစ်ဦးမှာ သေဆုံး သွားခဲ့ပြီး ယာဉ်နောက်ပိုင်း စီးနင်းသူ (၄)ဦးအား ရပ်ကွက်နေ
ပြည်သူများ၏ ဝိုင်းဝန်း ကူညီမှုကြောင့် အသက်ရှင် လျက် ကယ်တင် ရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်ချစ်သား

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D