သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 10, 2013

ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဖုန်းအလိုက် သတ်မှတ်ဖုန်းနံပါတ်များသို့ မေးမြန်းနိုင်

ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာမေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက GSM/ WCDMA (UMBS) မိုဘိုင်းဖုန်းများအတွက် ဖုန်း နံပါတ် ၀၁- ၅၅၅၄၇၆၊ CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၂၁၇၂၁၉ နှင့် ၀၉- ၇၃၀၀၀၀၀၀၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၆၅၆၉၉၄ နှင့် ၀၁- ၆၅၆၉၉၅ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် မြန်မာ့အလင်း သတင်းစာတို့ တွေ့ဆုံမေးမြန်းခြင်း သတင်းဖော်ပြချက်အရသိရသည်။
ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန၏ ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံစီးပွားရေးဌာနများအပြင် တန်ဖိုးနည်းမိုဘိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ “ခါတိုင်းကတော့ Call Center ကနေပဲ တစ်ဆင့် ကတ်ပျောက်ကတ်ပျက်နဲ့ပတ်သက်တာတွေကို မေးမြန်းဖြစ်ပါတယ်။ သက်ဆိုင်ရာဖုန်းနံပါတ်တွေ တစ်ခုချင်းစီမှာ ဆက်သွယ်နိုင်ပြီဆိုရင်တော့ ကိုယ်သိချင်တာတွေကို သေသေချာချာမေးလို့ရတာပေါ့။ ဖုန်းတွေက အမြဲမအားဘူးဖြစ်နေတာမျိုးမဖြစ်ဖို့တော့ မျှော်လင့်ပါတယ်" ဟု ကုမ္ပဏီဝန် ထမ်းတစ်ဦးဖြစ်သည့် မမေမြတ်သူက ပြောသည်။
ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။ “၁၅ မိနစ်လောက်ပဲ ကြာပါတယ်။ ကတ်ပျက်တာ ချက်ချင်းပြန်လဲပေးတယ်။ ကတ်ပျက်လဲပေးတဲ့ ဌာနသီးသန့်ရှိပြီး အဲ့ဒီနေရာမှာ သွားရောက်လဲလှယ်ရတာဖြစ်ပါတယ်” ဟု ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးတွင် ကတ်ပျောက်သွားရောက်လျှောက်ထားခဲ့သူတစ်ဦးက ပြောသည်။ သွားရောက်လျှောက်ထားရာတွင် စာချုပ်မိတ္တူသာ လိုအပ်ကြောင်း ၎င်းကပြောသည်။ ကတ်ပျောက်၊ ကတ်ပျက်အတွက် ငါးထောင်ကျပ်ဝန်းကျင်ဖြင့် ပွဲစားဈေးကွက်အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးအနီးရှိ ပွဲစားအချို့ထံမှ သိရှိရသည်။
 
ထွန်းထွန်း(INTERNET JOURNALS)



အိုင်တီခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D