သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 10, 2013

နှစ်ယောက်ပေါင်း ဖျော်ဖြေပွဲ ပြုလုပ်မယ့် မေခလာနဲ့ မေဆွိ

ရန်ကုန်မြို့၊အမျိုးသားကဇာတ်ရုံမှာသီတင်းကျွတ်လပြည့်နေ့၊ရှိုးပွဲလုပ်ဖို့မေခလာနဲ့မေဆွိတို့ကစီစဉ်နေပါတယ်။မေခလာကဂျပန်မှာရှိုးသွားဆိုရင်းမေဆွိနဲ့တွေ့ဆုံခဲ့ပြီးနှစ်ယောက်သားရှိုးလုပ်ဖို့ အတွက် စီစဉ် ခဲ့ကြခြင်း ဖြစ်တယ်လို့ ရန်ကျော်ကပြောပါတယ်။ “မငယ်နဲ့ မမေဆွိကတစ်ခေတ်တည်း၊တစ်ပြိုင်တည်းဂီတလောကထဲ စရောက်ခဲ့ကြတာလေ။ ဒါပေမဲ့ သူတို့နှစ်ယောက် တစ်ခါမှ စင်မြင့်ထက်မှာ အတူတူ တွဲမဆိုဖူး ဘူး။ ဒီတော့ ဒီအတွဲကို အမှတ်တရ ဖြစ်အောင်၊ မှတ်တိုင် တစ်ခုဖြစ်အောင် လုပ်ကြ ရတော့မှာပါ။ မမေဆွိက တကယ် လေးစား ရလောက်တဲ့ တေးသံရှင် တစ်ယောက်ပါ။ ဒီလို ပွဲမျိုးကလည်း လုပ်သင့်တယ်လေ” လို့ ရန်ကျော် ကပြောပါတယ်။

သီတင်းကျွတ် လပြည့်နေ့ ည မှာလုပ်မယ့် ရှိုးပွဲမှာ ကျန်တဲ့ အဆိုတော်တွေ လည်း ပါဝင် သီဆို ပေး မှာဖြစ်ကြောင်းလည်း ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကိုရန်ကျော်က “အစ်ကို့အထင် ဒီ့ပြင် လူငယ် အဆိုတော် ၄ယောက် ပါမယ် ထင်တယ်။ သူတို့က ပါဝင် အားဖြည့်ပေးကြမှာပါ။ သူတို့ရဲ့ ပရိသတ် လက်ခံ ပြီးသား သီချင်းတွေကို ဆိုကြလိမ့်မယ်။ သူတို့ နှစ်ယောက်ပေါင်း ပျမ်းမျှ ၁၅ ပုဒ်လောက် ရယ်၊ ကျန်တဲ့ လူငယ် အဆိုတော် ၄ယောက်က တစ်ယောက် နှစ်ပုဒ်စီ ဆိုမယ် ဆိုတာတော့ သိတယ်။ 
လောလောဆယ်တော့ ကိုဥက္ကာဦးသာရဲ့ Plus 3 တီးဝိုင်းနဲ့ သူတို့ ချိတ်ဆက် ထားကြ တယ်။ အဲဒါနဲ့ပဲ လုပ်ဖြစ်ဖို့ များပါတယ်” လို့ ပြောပါတယ်။ သီတင်းကျွတ် ရှိုးပွဲ ပြီးရင် သူတို့ခေတ်ပြိုင် အဆိုတော် အများစုနဲ့ ဒီနှစ် အတွင်း မှာပဲ ဖျော်ဖြေပွဲ လုပ် မှာဖြစ်ကြောင်း၊ မမေဆွိ အနေ နဲ့က လည်း နိုင်ငံခြား ကနေ စက်တင်ဘာ ၁၅ ရက်နေ့ လောက် မှာ မြန်မာပြည် ပြန်ရောက်မယ်လို့ ယူဆကြောင်း ကိုရန်ကျော် က ပြောပါ တယ်။
 Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D