မေး > ခင်ဝင့်ဝါအနေနဲ့ အခုလိုဆုတွေတပွေ့ကြီးနဲ့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာနိုင်ခဲ့တဲ့ ခံစား ချက်က ဘယ်လိုရှိလဲ။
အတိုင်းမသိပျော်မိပါတယ်။ ဟိုမှာ ပြိုင်ပွဲဝင်ကတည်းက ပြန်ချင်ခဲ့တာပါ။ မြန်မာနိုင်ငံကလူတွေနဲ့ တွေ့ ချင်စိတ်က အတိုင်းမသိပါပဲ။
မေး > ရရှိတဲ့ဝင်ငွေထဲက ၃၀ ရာခိုင်နှုန်း လှူဒါန်းမယ်လို့ သိရတယ်။ ဘယ်လိုနေရာတွေကို လှူဒါန်းဖို့ ရည်ရွယ် ထားလဲ။
ဟုတ်ပါတယ်။ Organization က အစ်ကိုတွေနဲ့ တိုင်ပင်ပြီးတကယ်လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ စဉ်းစားထားပါတယ်။
မေး > ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ်မှာ ဟိုကသတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရတာရောရှိခဲ့လား။ တခြား အနုပညာနဲ့ ပတ်သက်တဲ့အလုပ်တွေ ပြောဆိုလုပ်ကိုင်ခဲ့တာတွေရော ရှိခဲ့လား။
မရှိပါဘူး။ Miss တွေက ပြိုင်ပွဲပြီးတာနဲ့ ချက်ချင်းတန်းပြန်ရမယ့်သူတွေရှိတာကြောင့် မြန်မြန်ပဲပြန်လာခဲ့ ရပါတယ်။
မေး > အခုပြိုင်ပွဲမှာ ကိုယ်ကဆုလေးဆု ရရှိခဲ့ပြီဆိုတော့ နောက်ထပ် Miss ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်ဖို့ စဉ်းစားထားသေးလား။
Miss ပြိုင်ပွဲတွေ ထပ်မပြိုင်ဖြစ်တော့ပါဘူး။ မပြိုင်တော့ဘူးလို့လည်း ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ နောက်ထပ် သွားပြိုင်မယ့် သူတွေအတွက် ဘာတွေလိုအပ်လဲ။ လိုအပ်တာရှိရင် ကူညီပေးမှာပါ။ Miss Universeအတွက် ညီမကို ကမ်းလှမ်းတာမျိုးရှိတယ်။ ဒါပေမဲ့ ညီမအနေနဲ့ ၀င်မပြိုင်ဖြစ်တော့ဘူး။ Miss ပြိုင်ပွဲတွေ ၀င်မပြိုင် တော့ပေမယ့် အနုပညာအလုပ်တွေတော့ ဆက်လုပ်သွားမှာပါ။
မေး > ဘာကြောင့် Miss ပြိုင်ပွဲတွေ ထပ်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလဲ။
ပညာရေးဘက်လည်း လုပ်ဖို့ရှိတာရယ်၊ နောက်ပြီးတခြားအနုပညာအလုပ်တွေ၊ ပရဟိတအလုပ်တွေပဲ ဆက်လုပ်ချင်တာကြောင့်ပါ။ တခြားတော့ ဘာမှမရှိပါဘူး။
မေး > ဒါဆို ခင်ဝင့်ဝါ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနုပညာနဲ့ပတ်သက်တဲ့ အစီအစဉ်တွေရှိရင်လည်း ပြောပါဦး။
ကြော်ငြာတွေ ရိုက်မယ်။ Brand Ambas- sador လုပ်ဖို့ ရှိလာခဲ့ရင်လည်း သေချာစဉ်းစားပြီးလုပ်ဖို့ အစီ အစဉ်ရှိပါတယ်။
မေး > ပရိသတ်အားပေးမှုအတိုင်းအတာက ခင်ဝင့်ဝါ မျှော်လင့်ထားတာနဲ့ ထပ်တူကျခဲ့လား။
အစက vote ပေးတဲ့နေရာမှာ နည်းနေသေးတယ်။ ညီမရဲ့ official voting မှာမဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး။ အဲဒါကလည်း ညီမကိုချစ်တဲ့ပရိသတ်ကြီးကိုစော်ကားတဲ့စိတ်နဲ့ တွေးမိတာမဟုတ်ပါဘူးနော်။ မြန်မာနိုင်ငံမှာ Credit\ Debit Card အွန်လိုင်းငွေချေစနစ်ဆိုတာမတွင်ကျယ်သလို နိုင်ငံတကာက နိုင်ငံသားတိုင်းမှာက Credit\ Debit Card အားလုံးမှာ ရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့တာပါ။ အခုညီမကို ချစ်တဲ့ ပြည်ပက မြန်မာပရိသတ်ကြီးတွေ က ညီမအတွက် ပိုက်ဆံတွေအကုန်ခံပြီး မဲပေးကြတဲ့အတွက် ညီမ အတိုင်းမသိ ၀မ်းသာပျော်ရွှင်ရပါတယ်။
မေး > အခုရရှိခဲ့တဲ့ဆုတွေထဲမှာ ဘယ်ဆုကို အားရကျေနပ်ဆုံးလဲ။
Miss Internet ဆုကိုပါ။ မြန်မာနိုင်ငံက ကော်နက်ရှင်လည်း မကောင်းဘူး။ အဲဒီကြားထဲက vote တွေ ပေးကြတယ်။ ပရိသတ်အားပေးမှုနဲ့ တန်အောင်လည်း ညီမကြိုးစားခဲ့ပါတယ်။ ပရိသတ်ကပေးတဲ့ဆုဖြစ် တဲ့အတွက် ဒီဆုကို ပိုပြီးနှစ်သက်မိပါတယ်။
မေး > မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ခင်ဝင့်ဝါရဲ့သဘောထားကိုလည်း သိပါရစေ။
ညီမအသက်အရွယ်နဲ့ဆိုရင် ငယ်ပါသေးတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှမဝေဖန်ချင်ပါဘူး။
မေး > အခုအချိန်မှာ အားပေးခဲ့တဲ့ ခင်ဝင့်ဝါရဲ့ပရိသတ်တွေကို အပြောချင်ဆုံးစကားက ဘာများဖြစ်မလဲ။
ပရိသတ်အားပေးမှုနဲ့တန်အောင် ညီမဆက်ကြိုးစားသွားမှာပါ။ ပရိသတ်ကြီးက ညီမကို ဆက်လက်အားပေး စေချင်ပါတယ်။ ပရိသတ်ကြီးကုန်သွားတဲ့ပိုက်ဆံတွေ အလကားမဖြစ်ရအောင် ညီမဆုရတဲ့ငွေကို ပရဟိတ လုပ်ပြီး လှူမှာပါ။ ညီမကို မျှော်လင့်ချက်အားမာန်တွေ၊ ယုံကြည်မှုတွေ၊ ပျော်ရွှင်မှုတွေ အမြဲအား ပေးနေတဲ့
ပရိသတ်ကြီးရဲ့ကျေးဇူးကို ညီမ,မမေ့ပါဘူး။ နိုင်ငံနဲ့လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်လို့ ပြောချင်ပါတယ်။
Profile
အမည်ရင်း ခင်ဝင့်ဝါ
မိဘအမည် ဦးလှဟန် + ဒေါ်ကြည်ကြည်ဆွေ
မွေးနေ့ စက်တင်ဘာလ ၂၁၊ ၁၉၉၄
ပညာအရည်အချင်း တတိယနှစ် (ရုက္ခဗေဒ)
Mizzima - News in Burmese
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...