သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 8, 2013

မြန်မာ့အလှမယ်ခင်ဝင့်ဝါဆုလေးဆုနှင့် အတူ အပြန်ခရီးကို လာရောက်ကြိုဆိုနိုင်

မစ္စစူပရာနေရှင်နယ်ပြိုင်ပွဲကို ၀င်ရောက်ရှင်ပြိုင်ခဲ့တဲ့ မြန်မာ့အလှမယ် ခင်ဝင့်ဝါအနေနဲ့ သူမရရှိထားတဲ့ ဆုလေးဆုနဲ့အတူ စက်တင်ဘာလ ၈ ရက် နံနက် ၁၁း၄၅နာရီမှာ ရန်ကုန်လေဆိပ်ကိုပြန်လည်ရောက်
ရှိမှာဖြစ်ပြီး သူမကိုလာရောက်ကြိုဆိုနိုင်တယ်လို့သိရတယ်။

မစ္စစူပရာနေရင်နယ်ပြိုင်ပွဲကို ၀င်ရောက်ခဲ့တဲ့ ခင်ဝင့်ဝါက မစ်အင်တာနက်ဆုအပါအ၀င် ဆုပေါင်းလေးဆုကို ရရှိခဲ့ပြီး ရတဲ့ ဆုငွေအားလုံးကို ပရဟိတဒါန ပြုသွားမှာဖြစ်ပြီး Miss Supranational Myanmar Organization နဲ့ လက်တွဲပြီးအနုပညာအလုပ်တွေဆက်လုပ်သွားမယ်လို့ သိရတယ်။

“ညီမ စကာတင်(၂၀)ထဲမှာပါဝင်ခဲ့ပြီး Miss Internet ဆုရတဲ့အတွက် ၀မ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်... ဒီဆုတွေက ပရိသတ်ကြီး ပေးခဲ့တဲ့ဆုပါ... ညီမ အနေနဲ့ ဆုငွေအားလုံးကို ပရဟိတ အလှူဒါနပြုသွားမှာဖြစ်ပါတယ်။ညီမ မြန်မာပြည်ကို ရောက်တဲ့အခါ ညီမကို မိသားစုလို ချစ်ခင်ပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေလုပ်သွားမှာပါ။အဲဒီက ရရှိလာတဲ့ဝင်ငွေရဲ့ ၃၀ရာခိုင်နှုန်းကို လူမှုအကျိုးပြု ပရဟိတအလုပ်တွေ အတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်... ညီမ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မြန်မာတစ်မျိုးသားလုံးအတွက် အကျိုးပြုသွားပါမယ်ရှင့်... ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်” လို့ သူမရဲ့ဖေ့ဘွတ်စာမျက်နှာမှာတင်ထားပါတယ်

ခင်ဝင့်ဝါရရှိခဲ့တဲ့ ဆုတွေက Miss Internet ,Most Beautiful Girl in the World, People Choice Award နဲ့Face of Miss Supranational ဆုတို့ဖြစ်ပါတယ်။

မြန်မာ အလှမယ်ခင်ဝင့်ဝါကစကာတင်လက်ရွေးစင်ဖိုင်နနယ်လစ်စာရင်းဝင်ခဲ့ပါတယ်။
Miss Supranational ဆုကို ဖိလစ်ပိုင်အလှမယ်က ရရှိခဲ့ပါတယ်။


 From: The Modern News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D