သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 8, 2013

အီရတ်ရှိ အမေရိကန်အကျိုးစီးပွား များကို တိုက်ခိုက်ရန် အီရန်အမိန့်ပေး

 
ဝါရှင်တန်၊ စက်တင်ဘာ ၆
ဆီးရီးယားနိုင်ငံကို အမေရိကန်ပြည်ထောင်စု စစ်ရေးအရ တိုက်ခိုက်ပါက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန် အကျိုးစီးပွားများကို တိုက်ခိုက်ရန် အီရတ်စစ်သွေးကြွ များကို အီရန်နိုင်ငံက အမိန့်ပေးထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံ၏ သတင်းပေးပို့ချက်ကို ကြားဖြတ်နားထောင်ရာ မှတစ်ဆင့် အမေရိကန်အကျိုးစီးပွား များကို တိုက်ခိုက်သည့် သတင်း ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မည်သည့်ပစ်မှတ် များကို တိုက်ခိုက်ရန် စီစဉ်ထားကြောင်း အမေရိကန်အရာရှိများက ထုတ်ပြန်ခြင်းမရှိပေ။

ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန်သံရုံးကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိ တစ်ဦးက ပြောကြားသည်။ ထို့အပြင် အီရတ်ခရီးစဉ်များကို မသွားမဖြစ်မှသာ သွားရောက်ကြရန် အမေရိကန်နိုင်ငံသားများကို နိုင်ငံခြားရေးဝန်ကြီး ဌာနက သတိပေးထားသည်။

အီရတ်နိုင်ငံတွင်းရှိ ရှီးယိုက်စစ်သွေးကြွ အုပ်စုများထံသို့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က သတင်းပေးပို့သည်ကို အမေရိကန်က ကြားဖြတ်ရယူခဲ့ခြင်း ဖြစ်ကြောင်း Wall Street Journal တွင် ဖော်ပြထားသည်။

အဆိုပါ သတင်းပေးပို့ချက်တွင် ဆီးရီးယားနိုင်ငံကို အမေရိကန် ဝင်ရောက်တိုက်ခိုက်ပါက လက်တုံ့ပြန်နိုင်ရန် အသင့်ပြင်ထားရန် ရှီးယားစစ်သွေးကြွ အုပ်စုများကို အီရန်နိုင်ငံက အမိန့်ပေးခဲ့သည်။ အီရတ်နိုင်ငံအတွင်း အယ်လ်ကေဒါ အကြမ်းဖက် အုပ်စုနှင့် အဆက်အသွယ်ရှိသော စစ်သွေးကြွ များအပြင် လက်နက်ကိုင်အဖွဲ့ အမျိုးမျိုး တက်တက်ကြွကြွ လှုပ်ရှားနေပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်း မတည်ငြိမ်ဆုံးကာလ ဖြစ်နေကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီရန်နိုင်ငံ၏ မဟာမိတ်ဆီးရီးယား နိုင်ငံကို အမေရိကန်က စစ်ရေးအရတိုက်ခိုက်ရန် ပြင်ဆင်နေခြင်းကြောင့် အီရတ်နိုင်ငံတွင်းရှိ အီရန်သြဇာခံ ရှီးယားစစ်သွေးကြွများကို အသင့်ပြင်ထားရန် အီရန်နိုင်ငံက အမိန့်ပေး လိုက်ခြင်းဖြစ်သည်။


The Voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D