သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 11, 2013

ဝန်ထမ်းများအတွက် မီနီဆလွန်း အရစ်ကျဝယ်လိုအားနှင့် ရောင်းလိုအား မမျှတ

  http://sin.stb.s-msn.com/i/8C/1C76F2E15A7935CB1D295FD7ABA0.jpg
photo,From:google
နိုင်ငံ့ ဝန်ထမ်းများကို မြန်မာမီနီဆလွန်း ကား အရစ်ကျစနစ်ဖြင့်ရောင်း ချပေးမည်ဖြစ်သော်လည်း ကား စီးရေ ၄ဝဝသာရောင်းချမည်ဖြစ် ခြင်းကြောင့် ဝန်ထမ်းဦးရေနှင့် နှိုင်း ယှဉ်ပါက နည်းပါးနေကြောင်း သိ ရသည်။
စက်မှုဝန်ကြီးဌာနမှ တာဝန် ရှိသူက ''ရောင်းချတဲ့ပုံစံ သုံးမျိုး ရှိတယ်။ လက်ငင်းငွေချေတဲ့သူကို ပထမဦးစားပေးရောင်းချမယ်။ ဒုတိယဦးစားပေးက ကနဦး ၁၀ သိန်းသွင်းတဲ့သူ။ တတိယက တစ် လနှစ်သိန်းခွဲသွင်းတဲ့သူ။ ကားစီး ရေက ၄ဝဝကျော်ပဲရှိတယ်။ ဦး စားပေးအဆင့်အတိုင်းပဲ ရောင်း မှာ။ အခွန်ကို ဝယ်သူဘက်က ဆောင် ရမှာ။ လေးသိန်းလောက်တော့ ဆောင်ရနိုင်တယ်''ဟုပြောသည်။
အရာရှိဝန်ထမ်းတစ်ဦးက ''ဒီ စနစ်က အရစ်ကျဆိုပေမယ့် ဝန် ထမ်းအနေနဲ့ တစ်လနှစ်သိန်းခွဲက များတယ်။ လျှောက်လွှာတော့ တင် ကြည့်ဦးမယ်။ ဦးစားပေးအဆင့် ထဲမှာ မလျှောက်နိုင်တော့ ကံတ ရားအတိုင်းပဲပေါ့။ ဝန်ထမ်းအရေ အတွက်နဲ့ ကားစီးရေ ၄ဝဝဆိုတော့ ထီထိုးရသလိုပဲ။ မျှော်တော့ မ မျှော်လင့်ရဲဘူး''ဟုပြောသည်။
ယင်းသို့ ရောင်းချရာတွင် မီနီဆလွန်း မော်တော်ယာဉ်တစ်စီး လျှင် ငွေကျပ်သိန်း ၆ဝဖြင့်ရောင်း ချမည်ဟု သိရသည်။
အရာထမ်းများသာ လက် ရေးမူဖြင့်လျှောက်ထားနိုင်ပြီး နေ ပြည်တော်ရုံးအမှတ် (၃၀) မြန်မာ မီနီဆလွန်းမော်တော်ယာဉ်ရောင်း ချရေးတွင် စက်တင်ဘာ ၉ရက် တွင် စတင်လျှောက်ထားနိုင် ကြောင်း သိရသည်။
ရောင်းချပေးမည့်ပုံစံသုံးမျိုး မှာ ငွေလက်ငင်းပေးချေသူကို ပ ထမဦးစားပေးအဆင့်၊ ဒုတိယဦး စားပေးမှာ ကနဦးကျပ်၁၀ သိန်း သွင်းပြီး တစ်လလျှင်ကျပ်နှစ်သိန်း ခွဲ ၁ဝလသွင်းသူနှင့် တတိယအ ဆင့်မှာ တစ်လ ကျပ်နှစ်သိန်းခွဲ ဖြင့် ၂၄လသွင်းသူတို့ဖြစ်ကြောင်း သိရသည်။
အရစ်ကျဝယ်ယူပါက လျှောက် ထားသူသည် အရာထမ်းဖြစ်ရမည့် အပြင် ယင်းနှင့် အဆင့်တူဝန်ထမ်း နှစ်ဦးက ထောက်ခံပေးရန်နှင့် ဌာ နမှတာဝန်ရှိသူ၏ ထောက်ခံချက် များပါရှိရမည်ဟု သိရသည်။
မော်တော်ယာဉ်နှင့်ပတ်သက် သည့် ပိုင်ဆိုင်မှုများကို ငွေအကျေ ပေးချေပြီးချိန်တွင် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်စီစဉ်ခြင်းမှာ ပြည် သူများသာမကဘဲ နိုင်ငံ့ဝန်ထမ်း များပါ ကားဝယ်ယူနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။


From : .. YMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D