သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 9, 2013

ဆီးရီးယားသူပုန်တို့၏ ရက်စက်ကြမ်းကြုတ်မှု ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်

ဆီးရီးယား အစိုးရ အနေဖြင့် သူပုန်တပ်များကို ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲမှုများ အားကောင်းနေချိန်တွင် သူပုန်တပ်များဘက်မှလည်း ရက်စက်လွန်းသည့် လုပ်ရပ်များ ကျူးလွန်နေကြောင်း မှတ်တမ်း အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။ New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ ဘာရှာ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်သား (၇)ဦးကို ဆီးရီးယား သူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ် တွေ့ရှိရသည်။

ဆီးရီးယား စစ်သားများကို အဝတ်အစားများချွတ်ကာ မြေကြီးပေါ် တွန်းလှဲပြီး သူပုန်တပ်ဖွဲ့ဝင် အများအပြားက ၎င်းတို့ကို ကန်ကျောက် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းစစ်သားများအနက် အချို့သည် ကျောဘက်နှင့် လက်မောင်းတို့တွင် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသည်။

အဆိုပါ စစ်သည်များ၏ ဦးခေါင်းကို သေနတ်ဖြင့် တေ့ကာ ပစ်မသတ်မီတွင် ဦးလေးကြီးဟု အများက ခေါ်ဝေါ်သည့် သူပုန်အဖွဲ့ခေါင်းဆောင် အက်ဘ်ဒူလ် ဆာ မက်ဒ် အစ်ဆာက ရိုးရာ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့သည်။ ထို့နောက် ပထမဆုံး ကျည်ဆန်ကို ၎င်းကိုယ်တိုင် ပစ်ခတ်ခဲ့သည်။ "နှစ်ပေါင်း(၅၀)လောက် ကြာညောင်းအောင် သူတို့တွေဟာ အကျင့်ပျက် ခြစားမှုရဲ့ နောက်လိုက်တွေ ဖြစ် ခဲ့ကြတယ်။ ကျုပ်တို့ဟာ ဘုရားသခင်ကို တိုင်တည်တယ်။ ကျမ်းကျိန်တယ်။ ကျုပ်တို့ လက်စားချေမယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။

အဆိုပါ ခြောက်ခြားစရာ ဖြစ်ရပ်သည် (၂၀၁၂)ခုနှစ်၊ ဧပြီလက ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုထဲမှ ပုံရိပ်လည်း ဖြစ်သည်။ ယခုဗီဒီယိုကို သူပုန်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးကိုယ်တိုင်က မိမိအနေဖြင့် ယင်းရက်စက် ကြမ်းကြုတ်မှုများကို စိတ်ပျက်ကြောင်း ဝန်ခံပြီး New York Timesသို့ လက်လွှဲပေးခဲ့ခြင်း ဖြစ်သည်။ ပစ်သတ်ခံရသော ဆီးရီးယား စစ်သားများ၏ အလောင်းများကိုမူ ရေတွင်းဟောင်း တစ်ခုထဲတွင် စွန့်ပစ်ခဲ့ကြသည်။ အစ်ဆာသည် ယခုသုတ်သင်မှုကို ဗီဒီယို ရိုက်ကူးထားရန် ကိုယ်တိုင် ညွှန်ကြားခဲ့ပြီး ထိုဗီဒီယိုကို ပြသကာ တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယား အစိုးရသည် မိမိတို့၏ စစ်သားများကို သူပုန်များက ရက်စက်စွာ သတ်ဖြတ်နေခြင်းကို နိုင်ငံတကာက သိရှိနိုင်မည် မဟုတ်ဟု ဝေဖန်ခဲ့ဖူးသလို ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးက မိမိတို့၏ လေတပ်ပိုင်းလော့ တစ်ဦးကို ခေါင်းဖြတ် ကာ ဆီပူအိုးထဲ ထည့်ကြော်သည့် ဗီဒီယိုမျိုးကို ကြည့်ရှုဖူးကြောင်း ပြောကြားခဲ့ဖူးသည်။ ယခင်ကလည်း ဆီးရီးယား သူပုန်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးသည် စစ်သားတစ်ဦး၏ အလောင်းကို ဓားတစ်ချောင်းဖြင့် လှီးဖြတ်ကာ အသည်းနှလုံးထုတ်ပြီး တစ်ဖဲ့ယူ စားပြဖူးသည့် စက်ဆုပ်ဖွယ်ရာ ဗီဒီယို မှတ်တမ်းမျိုး ထွက်ပေါ်ခဲ့ဖူးသည်။
From: Planet

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D