သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 30, 2013

ဆီးဂိမ်းစ်အကြို လှုံ့ဆော်မှုအဖြစ် မြိတ်မှ နေပြည်တော်သို့ မိုင် ၇၂၀ ကျော် ခရီးကို တစ်ကိုယ်တော်လမ်းလျှောက်သူ ၂၉ ရက် အကြာတွင် နေပြည်တော် သို့ ရောက်ရှိ

ဆီးဂိမ်းစ်အကြို လှုံ့ဆော်ရေးနှင့် အောင်နိုင်ရေးအတွက် မြိတ်မြို့မှ မိုင်ပေါင်း ၇၂၀ ကျော်ခရီးကို တစ်ကိုယ် တော်လမ်းလျှောက်လာသူ ၂၉ ရက် အကြာတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။
မြိတ်မြို့မှ တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူသည် ဇူလိုင် ၁ ရက်က မြိတ်မြို့မှ စတင်ထွက်ခွာ ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် တောင်ငူမြို့သို့ ရောက်ရှိကာ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ဆက်လက် လမ်း လျှောက်ထွက်ခွာခဲ့ရာ ဇူလိုင် ၂၉ ရက် မွန်း လွဲ ၁၂ နာရီ ၁၅ မိနစ်က နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ အားကစား ကွင်းသို့ ပန်းဝင်လာခဲ့ကြောင်းသိရသည်။


''ကျွန်တော် မြန်မာနိုင်ငံမှာ အိမ်ရှင်လုပ်မယ့် ဆီးဂိမ်းစ်အကြိုနဲ့ အောင်နိုင်ရေးအတွက် ရည်ရွယ်ပြီး မြိတ်မြို့ ကနေ နေပြည်တော်ကို လမ်းလျှောက်ဂုဏ်ပြုတာပါ။ ကျွန်တော်စထွက်လာတုန်းက မြိတ်မြို့ကနေ နေပြည်တော်ကို ရက်ပေါင်း ၄၀ လောက် လမ်းလျှောက်ရမယ်လို့ မှန်းထားပါတယ်။ တကယ်တမ်း လျှောက် ကြည့်တော့ ရက်ပေါင်း ၄၀ ထက်စောပြီး ၂၉ ရက် အကြာမှာ နေပြည်တော်ကို ပန်းဝင်လာခဲ့ပါတယ်။ အဲဒီ အတွက်ကြောင့်ဝမ်းသာမိပါတယ်''ဟု တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူက ပြောကြား ခဲ့သည်။

တစ်ကိုယ်တော် လမ်းလျှောက်သူ ဦးအောင်သူ (၄၅)နှစ်မှာ မြိတ်မြို့ ကန်ဖျားရပ်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး စတင်ထွက်ခွာ လာစဉ်က အဖော်တစ်ဦး ပါရှိလာခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် ပြန်သွားသဖြင့် ယခု ကဲ့သို့ တစ်ကိုယ်တော်လမ်းလျှောက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်မြို့မှ တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူအားနေပြည်တော် အားကစား ၀န်ကြီးဌာနနှင့် တာဝန်ရှိသူများမှ နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဂုဏ်ပြုကြိုဆိုကြပြီး လက်ဆောင်ပစ္စည်းများ
 ပေးအပ်ခဲ့ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D