သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 30, 2013

မြ၀တီတွင် သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လူသောင်းချီ ရေဘေးသင့်

 မိုးရက်ဆက် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံ မှု ဖြစ်ပေါ်ခဲ့ပြီး လူသောင်းနှင့်ချီ၍ရေဘေးသင့်နေကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက် ညမှစ၍ မြ၀တီမြို့ရှိ ရပ်ကွက်အားလုံး၏ အနိမ့်ပိုင်း နေရာများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ယခုနှစ်သည် သောင်ရင်းမြစ်ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ဘုရင့်နောင်လမ်းပေါ်ရှိ အထက်တန်းကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င် အခြား စာသင်ကျောင်းများပါ ရေလွှမ်းမိုးပြီး ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။


မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ယခုနှစ်သည် သောင်ရင်းမြစ် ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အထက်တန်း ကျောင်းကြီး နှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င် အခြားစာသင်ကျောင်းများပါ...ဇူလိုင် ၂၉ ရက်နံနက်တွင် သောင်ရင်းမြစ်ရေ ပိုမိုမြင့်တက်လာကာ ချစ်ကြည်ရေး တံတားထိပ်နှင့် ဘုရင့်နောင် လမ်းမကြီးအထိ ရေ
နစ်မြုပ်ပြီး နေထိုင်သွားလာရန် ခက်ခဲနေကြောင်း သိရသည်။ မြ၀တီမြို့တွင် ရပ်ကွက်ငါးခုရှိရာ ယခင်နှစ်က ရပ်ကွက်(၄)ရှိ နေအိမ်များ ရေနစ်မြုပ်ခြင်း မရှိခဲ့သော်လည်း ယခုနှစ်တွင် ဘုရင့်နောင် လမ်းမဘေးရှိ နေအိမ်များ၊ဈေးဆိုင်များ နစ်မြုပ်နေကြောင်း သိရသည်။

''ဇူလိုင် ၂၈ ရက် ညကတည်းက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြတာပါ။ အရင်နှစ်က ကယ်ဆယ်ရေး စခန်းဖွင့်ခဲ့တဲ့ နေရာတွေ ရေနစ်နေတယ်။ ဒါကြောင့် ကယ်ဆယ်ရေး စခန်းကို ကြခတ္တောကျောင်းမှာ နေရာ ချထားရတယ်။ သံတံတားလမ်းမှာ ရေများနေတဲ့အတွက် အရင်နှစ်က ကယ်ဆယ်ရေးစခန်း ဖွင့်ခဲ့တဲ့ ဖား ခြောက်ကောင် ကျောင်းကိုလည်း သွားလို့ မရတော့ပါဘူး'' ဟု ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြ၀တီမြို့ ရေလွှမ်းမိုးမှုကြောင့် အချို့အိမ်များခေါင်မိုးထိ မြုပ်သွားခဲ့ပြီး နေအိမ်ထောင်ပေါင်းများစွာရှိ လူပေါင်း သောင်းချီ ရေဘေးသင့်လျက်ရှိရာ မြ၀တီခရိုင်၊ မြို့နယ်၊ ရပ်ကွက် တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့ များက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ မိုးဆက်တိုက် ရွာသွန်း နေမှုကြောင့် သောင်ရင်းမြစ်ရေလျော့ကျသွားခြင်းမရှိဘဲ ဆက်လက် မြင့်တက်လာဖွယ်ရှိသည်ဟု မြို့ခံများ က ပြောကြားကြသည်။

eleven media groupa

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D