ကျွန်တော် ဘယ်ရောက်နေတာလဲ….??? အမှောင်ထုက ကျွန်တော့်မျက်ဝန်းထဲကို စိုးမိုးထားသည်။ လူတစ်ကိုယ်လုံး လေထဲမြောက်နေသလို ခံစားရပြီး သစ်ရွက်တစ်ရွက်ကဲ့သို့ ပေါ့ပါးနေသလို ခံစား ရသည်။ ကျွန်တော် အားယူပြီး မျက်လုံးဖွင့်ဖို့ ကြိုးစားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက် သည်။ ဟင်….။ လူတွေ အများကြီး ပါလား…။ ဘာလို့ အိမ်ကို လူတွေ ဒီလောက်အများကြီး လာနေရ တာလဲ…။ ပြီးတော့ သူတို့အားလုံး မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ၀မ်းနည်းတဲ့ အရိပ်အယောင်တွေနဲ့…။
" အမေရေ…..အမေ…….."
ကျွန်တော် ကြောက်လန့် တကြား အာခေါင်ခြစ်ပြီး အော်ဟစ် လိုက်သည်။
လူတွေ တစ်ယောက်မှ ကျွန်တော့်အော်သံကို မကြား..။ ကျွန်တော် အံ့သြစွာဖြင့် အမေ့ကို မျက်စိဝေ့ပြီး ပတ်ရှာလိုက်သည်။ တွေ့ပါပြီ…။ အို…။ အမေ…ငိုနေပါလား…။ ဘာလို့ ငိုနေရတာလဲ အမေရယ်…..။ ကျွန်တော် အမေ့အနားသို့ သွားရောက် နှစ်သိမ့်ပေးရန် အိပ်နေရာမှ အားယူ ထထိုင်လိုက်သည်။ ထူးဆန်းသည်မှာ ကျွန်တော် ထထိုင်လိုက်စဉ် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်မှာ ကျွန်တော်နဲ့ အတူ ပါမလာခဲ့..။ အိပ်နေလျက်အတိုင်း ပဲ ရှိနေဆဲဖြစ်သည်။ ကျွန်တော် အံ့သြလွန်းပြီး ပြန်အိပ်ချလိုက်သည်။ ပြီးတော့.. ကျွန်တော့် ခန္ဓာကိုယ်ကို အတူလိုက်ပါနိုင်ဖို့ မျှော်လင့်ပြီး ပြန်ထထိုင်လိုက် သည်။ ကျွန်တော့် ခန္ဓာကိုယ်ကတော့ အိပ်ယာပေါ်မှာ အိပ်လျက်သား ရှိလျက်….။
"အားးးးး"
ကျွန်တော် ကြောက်လန့်တကြား အော်ဟစ်မိလိုက်သည်….။ ငါဘာဖြစ်သွားတာလဲ..။ ငါဟာ အိပ်မက်တစ်ခု မက်နေတာလား.….??? ဒါမှမဟုတ်... ငါသေဆုံး သွားခဲ့ပြီလားး??? အတွေးပေါင်းစုံတို့ က ကျွန်တော့် ခေါင်းထဲတိုးဝင်လာသည်။ ကျွန်တော် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး နောက်ဆုံး မှတ်မိသမျှသော ခေါင်းထဲက မှတ်ဥာဏ်တို့ကို ကြိုးစားပြီး ပြန်လည် တူးဖော်ဆွလိုက်သည်။ ငါ နောက်ဆုံး ဘာလုပ်နေတာလဲ…??? ဘာလုပ်ခဲ့တာလဲ…? အလို…။ ငါ မှတ်မိပြီ…။ ငါ…ငါ….. ရေ နစ်…နေတာပဲ… ဟုတ်တယ်…. ငါ … အရက်သောက်ပြီး ရေကူးရင်း ရေ နစ်နေတာ…..။
ကျွန်တော် အိပ်ယာပေါ်က ကျွန်တော့် ခန္ဓာကိုယ်ကို သေချာအောင် ပြန်ကြည့်လိုက်သည်။ ဖောင်းကားနေသော ဗိုက်…၊ ဖြူဖတ်နေသော ကျွန်တော့် အသားအရေ…။ ပွရောင်းနေသော ခြေထိပ် လက်ထိပ်…။ သေချာ ပါပြီ…။ ကျွန်တော် ရေနစ်ပြီး သေဆုံးခဲ့ပါပြီ..။ ဒါဆို…အခု…… ကျွန်တော်ဟာ… လွင့်မျော နေတဲ့ ၀ိဥာဉ် တစ်ကောင်ပေါ့…။
ကျွန်တော် အမေ့အနားကို သွားထိုင်လိုက်သည်။ အမေကတော့ အတော့်ကို ငိုထားရလို့ထင်သည်။ မျက်လုံးတွေမို့ပြီး..မျက်လုံးတွေ နီရဲနေသည်။ အမေငိုနေတာ ကြည့်တော့ ကျွန်တော်လည်း အတော် ၀မ်းနည်းပြီး အမေ့နားမှာ ထိုင်ငိုမိသည်။ ကျွန်တော့် အမေ့ကို ထိကိုင်ဖို့ ကြိုးစားလိုက်သည်။ မီးခို့ငွေ့ကို ဖမ်းဆုပ်ရသလို လေကိုသာ ဖမ်းဆုပ်မိလိုက်သည်။ ကျွန်တော် "အမေ…" လို့ ခေါ်လိုက်သည်။ အမေ မကြား..။ ကျွန်တော့် ၀မ်းနည်းစိတ်တို့ အထွတ် အထိပ်ရောက်လာပြီး ကြောက်စိတ် အထီးကျန်စိတ်တွေ ၀င်ရောက်လာသည်။ အမေ ဒီလောက် အတန်တန် တားနေတဲ့ကြားကနေ မူးမူးနဲ့ အတင်း ရေကူးထွက်ခဲ့တဲ့ ကျွန်တော် အခုတော့ … အခုတော့.. အမေ့စကား နားမထောင်ခဲ့လို့ … အမေနဲ့ ဘ၀ခြားနေတဲ့ သားအဖြစ်ကို အမေ မတွေ့နိုင်တော့ ပါဘူးလေ…။
ဒီနေ့…. အိမ်မှာ ရက်လည်မယ့်နေ့……။ ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်နေသည်။ ကျွန်တော် လူ့ဘ၀တုန်းက ဘာသာရေး ကိုင်းရှိုင်းသူတစ်ယောက် မဟုတ်ပဲ မူးရူးနေပေမယ့် ဒီနေ့လို ရက်လည် နေ့မျိုးမှာ မိသားစုက ပေးဝေတဲ့ ကုသိုလ် အဘိုးဝါဂ ကို သာဓုခေါ်ရင် ကောင်းရာ ဘုံဘ၀ကို ရောက်ရှိမယ်လို့ တော့ နားစွန် နားဖျား ကြားဖူးထားသည်။ ဒါကြောင့် ကျွန်တော် နောက်ဘ၀ ကောင်းရာ မွန်ရာ ဘုံဘ၀ကို ရောက်နိုင်ရန် သာဓု ခေါ်ဖို့ ပြင်ထားလိုက်သည်။ တစ်နည်းအားဖြင့်တော့.. ဒီနေ့ဟာ ကျွန်တော့်ရဲ့ လူ့ပြည်မှာ နေရမယ့် နောက်ဆုံးရက် ဖြစ်လာမှာ လေ..။
ဘုန်းကြီးတွေ ငါးပါးသီလပေး တရားဟောပြီး နောက်ဆုံး အမျှဝေတဲ့ အချိန်ရောက်လာပါပြီ…။ အမေက ရေစက်ခွက်လေးကိုင်ရင်း…
"သားလေးရေ…. ပြုခဲ့သမျှ ကောင်းမှုတွေ အတွက်… အမျှ…. အမျှ…. အမျှ… ယူလှည့်ပါကွယ်…."
ကျွန်တော် အားရ၀မ်းသာ သာဓုခေါ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်… ပါးစပ်က ဘာသံမှ ထွက်မလာ……
"သားရေ… အမျှ….. အမျှ….အမျှ….."
ကျွန်တော် ထပ်ကြိုးစားသည်။ ဘာသံမှ ထွက်မလာ..။
"အားးးးးးးးးးးးးးးးးး"
ကျွန်တော် ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ ကျွန်တော့်မှာ သာဓုခေါ်ဖို့ နောက်ဆုံး အခွင့်အရေး တစ်ခုသာ ရှိတော့သည်။
"အားလုံး ကြားကြားသမျှ…… အမျှ…. အမျှ….. အမျှ……ယူတော့ မူကြပါကုန်လော့…."
ကျွန်တော် ရှိသမျှအားနှင့် ပါးစပ်ထဲက သာဓု တစ်လုံးထွက်လာဖို့ အရေး ကြိုးစားသည်။ သို့သော်.. အချည်းနှီးပင်… ကျွန်တော့် အသံတို့ လည်ချောင်းဝမှာတင် ပျောက်ဆုံးသွားခဲ့သည်။ ကျွန်တော် သိလိုက်ပါပြီ..။ ကျွန်တော် ပြုခဲ့သော အကုသိုလ်ကံတို့သည် ကျွန်တော့်ကို သာဓုခေါ်ဖို့ အခွင့်အရေး မပေးခဲ့..။ ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့ စီးကျလာသည်။ နောင်တတရားတို့သည် ကျွန်တော့် ဆီကို အခါလွန်မှသာ ရောက်ရှိခဲ့လေပြီ..။
မီးသဂြိုလ်စက်ထဲမှာ တစ်ရွှေ့ရွှေ့ လောင်ကျွမ်းနေသော ကျွန်တော့် ခန္ဓာကိုယ်ကိုကြည့်ရင်း… သင်းချိုင်းမှ အိမ်သို့ အသီးသီး ပြန်ကုန်ကြပြီဖြစ်သော မိသားစု ၀င်များနဲ့ လူတွေကို ကြည့်ရင်း… ကျွန်တော် ၀မ်းနည်းလာသလို ခံစားရသည်။ ကျွန်တော် သူတို့နဲ့အတူ ပြန်လိုက်သွားဖို့ ကြိုးစားသည်။ သို့သော်… ကျွန်တော် လိုက်လို့ မရ… ကျွန်တော့် ခန္ဓာကိုယ် မီးသဂြိုလ်စက်ထဲမှာ လောင်ကျွမ်းသွားပြီးကတည်းက ကျွန်တော် လူသားတွေအနားကို ကပ်လို့မရတော့…။ လူတွေနား ကပ်လိုက်တာနဲ့ မီးနဲ့မြှိက်လိုက်သလို အတော့်ကို ပူလောင်လှသည်။ သြော်…. လူ့ဘ၀က ပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေ မကုန်မရွှေ့… သာဓုဆိုတာ ပါးစပ်ကနေ မထွက်နိုင်ချင်း အချိန်ထိတော့… ဒီဘုံဘ၀မှာ ၀ဠ်ကြွေးတွေကို ကျေအောင် ပြန်လည် ပေးဆပ်ရတော့မှာပေါ့လေ… ဟု တွေး ရင်းနဲ့သာ………။
မှတ်ချက် ။ ။ ရ သ စာပေ တစ်ခုအနေနှင့်သာ ဖတ်ရှု့ပေးပါခင်ဗျာ..။ ကျေးဇူးတင်ပါတယ်..။
အောင်ထွန်းဦး
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Monday, July 29, 2013
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
-
▼
07/28 - 08/04
(293)
- ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)
- အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ရပါလိမ့်
- ကွဲနေတဲ့အသဲကို ဘယ်လိုကုစားနိုင်မလဲ
- """ မိဘများ စဉ်းစားကြဖို့ပါ """
- Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတ...
- သီတဂူဆရာတော်ဟောတဲ့ စစ်သား အကြောင်း
- မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြို...
- ကမ္ဘာ့ပထမဆုံး လွဲယိမ်းနိုင်သော တံတား
- ကလေးငယ် တစ်ယောက်နဲ့  တူတဲ့ ကျွဲကလေး တစ်ကောင်မွေးဖွား
- မိန်းကလေး တစ်ဦး ၁ ထပ်အမြင့်မှ ပြုတ်ကျသော် လည်း အသ...
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျို...
- ရမည်းသင်းမြို့ မွတ်စလင်မ် သုဿာန်(ကဘာရ်စတာန်) အားေ့...
- ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံးလောင်းကစားဒ...
- တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်
- တရုတ်၏လွှမ်းမိုးမှုကို ထိန်းညှိရန်အတွက် အိန္ဒိယက မြန်...
- ငွေသိန်း ခြောက်ဆယ်ကျော် ပျောက်ဆုံးမှု ရှာဖွေ ဖမ်းဆ...
- မယ်တော်ဆေးခန်း ရေလွှမ်း၍ လူနာများ ရွှေ့ပြောင်းထားရ
- စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများ...
- ဖလမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက် ငါးဦး သေဆုံး
- ကုန်သင်္ဘော ခါးကျိုးပြီး ဧရာဝတီမြစ်အတွင်း နစ်မြုပ်
- လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ CP ကြက်အ...
- ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်
- တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားပြ...
- အပျို၊အပျိုစစ်နှင့် အပျိုစင်
- နံနက်ပိုင်း သံပရာရေ နွေးနွေးသောက်ခြင်း၏ အကျိုးကျေး...
- တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူခြင်း၏ ဆိုးကျိုး
- ဗုဒ္ဓဂယာ ဘုရားဖူးခရီးသည် မြင့်တက်လာစေရန် သွယ်ဝိုက်ခ...
- ဓာတုဇီဝနည်းပညာများဖြင့် ပြင်ဆင် ဖန်တီးထားသော စားသေ...
- လယ်ယာသုံး ဓာတုဆေးများကြောင့် သဘာဝသားငါးများ ရှားပါးလာ
- ၅ သောင်းကျော်ကို ဆရာဖြစ်ဆွဲခန့်လိုက်ပြီ
- မူးယစ်ဆေးဖမ်းရာက လက်နက်များပါ ဖမ်းမိ
- ၈၈၈၈ နှစ်ပတ်လည်တွေကို နားခါး မျက်စိခါးနေတဲ့ ဆုဝေ
- အမေ့ခံ
- မြန်မာ လူပွဲစားဂိုဏ်းချုပ် ဆိုသူကို ထိုင်းရဲက ဖမ်း...
- မြန်မာ့လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ က...
- မြန်မာ့တပ်မတော် ခေတ်မီရေး အမေရိကန် ကူညီမည်
- အင်တာနက်ကြောင့် လူမှုဆိုးကျိုးများ ဖြစ်ပွားနိုင်
- ဆီးဂိမ်းအတွက် ပဏာမကစားသမား ၃၀ ဦး စာရင်းထုတ်ပြန်
- ကရင်ပြည်နယ်ရှိ ရေဘေးသင့် နေရာများသို့ ဒုတိယသမ္မတ ဦ...
- လူငယ်တွေအိမ်ထောင်ပြုတော့မယ်ဆိုရင်
- နေအိမ်အတွင်း ပိတ်လှောင်ထားသည်ဟုဆိုကာ မိခင်က သားသမီ...
- ၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်
- မလေးရှားရောက် မြန်မာအလုပ်သမားများ အလိမ်ခံရ
- ချစ်သူသိစေ
- အချစ်ဆိုတာ.....
- ဆီးဂိမ်း ကျင်းပရန် လေးလကျော်သာ လိုတော့သော်လည်း မြန...
- ပြင်ဦးလွင် ၁၉ မိုင်အနီးဝန်းကျင်က ရေသည်အချို့ အဖမ်...
- တစ်ကိုယ်တော် ဆန္ဒပြသူ ဦးထင်ကျော်ပုဒ်မ ၅၀၅ ( ခ ) ဖြ...
- အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို လေကြော...
- Taxi အငှားကား စီးသူများသတိထားရန်
- ဖေ့စ်ဘုတ်မှာ နိုင်ငံတော်အစိုးရနှင့် -အင်တာနက်သုံးတ...
- ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများန...
- ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဦးဂမ္ဘီရ သြစတေလျ ...
- ” မန္တလေး မြို့မိမြို့ဖများ ကျွန်မ တို့ မိန်း မလျာေ...
- ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်
- ကျောင်းသူက ကားတက်မောင်းပြီး ယာဉ်တိုက်မှု တောက်လျှော...
- ကြံခင်းမြို့၌ ဆွဲကြိုး ချသေဆုံးမှုဖြစ်ပွား
- တပ်မတော်(ရေ)နှင့် အနာဂတ် ရေငုပ်သင်္ဘောတပ်ဖွဲ့
- ဗမာအိမ်မှာ ဗမာတွေ မနေရဲတော့ပြီလော
- ထိုင်းအပြည်ပြည်ဆိုင်ရာ ဂျူဒိုဖိတ်ခေါ်ပြိုင်ပွဲတွင် ...
- တစ်ကိုယ်တော် အခွေကို အွန်လိုင်း ကနေ အလကား ဖြန့်မယ်
- စန္ဒကူးကျောင်းတော်ရာ ဘုရားကို ဘုရားဖူးငါးများ ရောက်...
- မန္တလေးတွင် အင်အား အနည်းငယ်ရှိ ငလျင် နှစ်ကြိမ် ဆက်တ...
- စားသုံးသူများ တိုင်ကြားပါက စားသုံးသူရေးရာ ဌာနခွဲေ...
- ဗုဒ္ဓဂယာ မဟာဗောဓိစေတီနှင့် လုမ္ဗိနီတို့သို့ မိုဘိုင်...
- လူရွှင်တော် ပါပါလေး ကွယ်လွန်
- ဘင်္ဂါလီ လူဦးရေစာရင်း ကောက်နိုင်ရန် လူ့အခွင့်အရေးကေ...
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျို...
- အရှင်မွေး နေ့ချင်းကြီးစေ
- ဆံပင်ညှပ်ဆရာ၏လက်လုပ်လေယာဉ်ပျံ တရုတ်ကောင်းကင်ယံတွင်...
- နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့...
- အပစ်ရပ်ဆွေးနွေးရန် မြောက်ပိုင်းကျောင်းသား ကိုယ်စား...
- ရေကြည်၌ လယ်ဧကတစ်သောင်းကျော်နှင့် လူနေအိမ်များ ရေနစ...
- မင်းဓမ္မပန်းခင်းဈေးတွင်စည်ပင်နှင့် ဈေးသည်တို့ ပဋိ...
- အချစ် ပုစ္ဆာကြီး (၅)ခု
- အစ္စလာမ်ပါတီတစ်ခုကို ဘင်္ဂလားဒေ့ရှ်က တရားမဝင်ပါတီ သတ်...
- ၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒု...
- ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ တပ်မ...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၁၀)
- မြဝတီရေကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်...
- ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်
- ၈၈ လေးလုံး ငွေရတု ဗကသ တက်ရောက်မှာ မဟုတ်
- ရှစ်လေးလုံး ငွေရတု မတိုင်ခင် ၈၈ ကျောင်းသား နှင့် ဗ...
- မြန်မာ့ကျန်းမာရေး အလားအလာကောင်း
- ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာ၏ ဘတ်စ်ကားပေါ်တွင် ဆေြးေ...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၉)
- ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ြ...
- ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၈)
- မန်းတွင် ငွေကျပ် ၁၃၂ သန်းတန်သည့် မူးယစ်ဆေးများ ဖမ်းမိ
- ဂွာတာနာမိုရှိ အကျဉ်းသားများ လွတ်မြောက်ရန် အယ်လ်ကေး...
- မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်
- စီဒီအမ်အေ မိုဘိုင်းလ်ဖုန်းများ ကျပ်ငွေဖြင့် ပြည်ပေ...
- မီဒီယာများ ဘက်လိုက်ရေးသားသဖြင့် ရခိုင်ပြည်နယ် ပဋိပ...
- မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကိုယ်စားပြု တင်ပြမှ...
- နားမလည်သော ပြည်သူများအား တန်ဆာခံအဖြစ် ပြုလုပ်သည့် ...
- မြောက်ဦးတွင် ဆရာဝန်အိမ်ကို ဝင်ခိုးသည့်အမှု နာရီပို...
- မသန်စွမ်းများအတွက် ဘတ်ဂျက်ခွဲတမ်း ချပေးမည်ဟု လွှတ်ေ...
- ဘာသာရေးနဲ့ နိုင်ငံရေး အကြား စည်းတားဖို့ သမ္မတဦးသိန...
- ဘာလဲဟဲ့ စစ်တပ် ??
- မြန်မာစစ်အရာရှိတွေနဲ့ ဆက်ဆံရေးစဖို့ အမေရိကန်ပြင်ဆင်
- ရန်ကုန်တွင် အလိုအလျောက်အမှိုက်သိမ်းယာဉ် များဖြင့် သ...
- ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်...
- ကရင်ပြည်နယ်ရေကြီးမှု ဒုက္ခသည် နှစ်သောင်းကျော် သို့ရေ...
- နိုင်ငံခြားသားများ ပုဂံတွင်မရိုက်ရဲနိုင်လောက်သော ...
- "ဗြိတိန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက်များကို ပိတ်ပင်သွားေ...
- ဆူးလေစေတီတော် သမိုင်း
- ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ြ...
- ပုလဲ
- ယာဉ်မောင်းလိုင်စင် ဗုံးပေါလအော ထုတ်ပေးခြင်း မပြုတေ...
- ဆီးချိုရောဂါအကြောင်း သိကောင်းစရာများ
- အင်ဒိုနီးရှားမှာ ရိုဟင်ဂျာ ၁၄ ယောက်ကို ရုံးထုတ်စစ်ဆေး
- ၁-၈-၂၀၁၃ သေမင်းတမန် တောင်တွင် ထူးဆန်းသောရောဂါကြောင...
- ဝါတွင်းကာလမှာ ကျွန်တော်တို့ မြတ်ဗုဒ္ဒဘာသာဝင်သူတော်စ...
- ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင...
- တေးသံရှင် အေသင်ချိုဆွေ ရဲ့ မွေးနေ့
- ရေပူ၊ရေအေးထည့်ရုံနဲ့ ဖုန်းအားသွင်းနိုင်မယ့် onEPuck
- အခြေခံငါးမွေးမြူရေး လုပ်ငန်းများ ထုတ်လုပ်မှု လျော့န...
- အမေရိကန်အကျဉ်းထောင်အခန်းအတွင်း လေးရက်ကြာပစ်ထားခံရသ...
- မြန်မာနိုင်ငံကို တိုက်ခိုက်ဖို့ကြိုးစားနေတဲ့ မူဆလင...
- သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗ...
- လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို
- သန်လျင် GTC က အတွဲကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ
- အိမ်မွေးခွေးက ပိုင်ရှင်ရဲ့ ဝှေးစေ့ကို ကိုက်စား
- ပြည်သူများ မိုးဒဏ်ရေဒဏ်ခံနေရချိန်တွင် နိုဗယ်ဆုရှင်...
- အာဖရိကတိုက်တွင် အမျိုးသမီး သန်း ၁၀၀ ကျော်သည် မိသား...
- ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင...
- မြန်မာဗုဒ္ဓဘာသာတွေကို နာဇီတွေဆိုပြီး နာမည်ဖျက်ခဲ့တဲ...
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)



No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...