သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 29, 2013

တာမွေမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ခြောက်ဦးဒဏ်ရာရ

7.25.2
ယာဉ်သုံးစီး ဆင့်တိုက်မှု မြင်ကွင်းအား ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)
တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် ဇူလိုင် ၂၆ရက် နံနက် ၁၀ နာရီ ၀န်းကျင်ခန့်က ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပုံမှာ ၁၀၅ ဒိုင်နာဘတ်(စ်)ကားသည် ရန်ကင်း ဈေးကွေ့ဘက်မှ တာမွေငါးခွဆုံ မီးပွိုင့်သို့ ယာဉ်ကြောပြောင်းပြန် မောင်းနှင်လာရာ တစ်ဖက်ယာဉ်ကြောရှိ ကုမ္ပဏီဘောက်စ်ကားကို မျက်နှာချင်းဆိုင် ၀င်တိုက်မှု
ဖြစ်ပွားခဲ့ကြောင်း ထိုသို့ တိုက်ခံရသော ကုမ္ပဏီ ဘောက်ကား မှ ရှေ့တွင် ရှိသော အိမ်စီးကား ဆူဇူကီးဆွစ်ကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့သူ ကိုစိုးသူရ၏ ပြောပြ ချက်အရ သိရသည်။
ယင်းသို့ ကားသုံးစီး ဆင့်တိုက်မှုကြောင့် ၁၀၅ ဒိုင်နာ ဘက်(စ်)ကားမှာ တုံးလုံးမှောက်သွားပြီး ကားပေါ် တွင်ပါသော သံဃာတော် သုံးပါး၊ ခရီးသည်တစ်ဦးနှင့် စပယ်ယာတို့မှာ ဒဏ်ရာများ ရသွားကြောင်း သိရှိရသည်။ ၁၀၅ ယာဉ်မောင်းမှာထွက်ပြေးသွားကြောင်း သိရသည်။ ကျန်တိုက်ခံရသော ကုမ္ပဏီ ဘောက်ကားနှင့် အိမ်စီးကား(ဆွစ်)တို့တွင် ကုမ္ပဏီ ဘောက်ကားတွင် ပါသော အမျိုးသမီး တစ်ဦးသာ ဒဏ်ရာရရှိခဲ့သည်။
ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ငါးဦးကို အရေးပေါ် လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီး သို့ မိနစ်ပိုင်းအတွင်း ပို့ဆောင်ခဲ့ပြီး၊ အသက်အန္တရာယ် စိုးရိမ်ရသော စပယ်ယာဖြစ်သူကို ယာဉ် တိုက်မှု ဖြစ်ပွားပြီး ချက်ချင်း နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ကိုယ်တွေ့မြင်သူများက ဆိုသည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D