သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 11, 2013

မလေးရှားမှ မြန်မာ အားလုံး တရားဝင် အလုပ်သမား ဖြစ်စေရေး သံရုံးကို တောင်းဆို

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာများအားလုံးကို တရားဝင် အလုပ်သမားများ ဖြစ်စေရေး
ဆောင်ရွက်ပေးရန် မလေးရှားအခြေစိုက်အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ၈၈ မျိုးဆက်အဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)တို့က ထိုနိုင်ငံရှိ မြန်မာသံရုံးကို စက်တင်ဘာ ၇ ရက်က
တောင်း ဆိုလိုက်သည်။

မလေးရှားအစိုးရက ယခုလဆန်းမှစတင်၍ ၎င်းတို့နိုင်ငံအတွင်းရှိ တရားမ၀င်လုပ်သားများကိုဖမ်းဆီးလျက်
ရှိရာ မြန်မာလုပ်သား ၅၅၀ ကျော်လည်း အဖမ်းခံထားရသဖြင့် ထိုအဖွဲ့များက ကြေညာချက် ထုတ်ပြန်
တောင်းဆို လိုက်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း လေးသိန်းကျော်ရှိသည့်အနက် တရားဝင်အလုပ်သမားသုံး
သိန်းခန့် သာရှိပြီး တရားမ၀င်လုပ်သားလေးသောင်းနှင့် ဒုက္ခသည်အမည်ခံ ကိုးသောင်းရှိကြောင်း မလေး
ရှားနိုင်ငံ ဆိုင်ရာမြန်မာသံအမတ် ဦးတင်လတ်က ဇွန်လဆန်းက နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူးတွင် ပြောခဲ့
သည်။

မလေးရှားရောက် အဖွဲ့အစည်းနှစ်ခုက ဖမ်းဆီးခံထားရသော တရားမ၀င်မြန်မာအလုပ်သမားအားလုံး
လွတ်မြောက်ရေး ကိုလည်း သံရုံးကဆောင်ရွက်ပေးရန် ကြေညာချက်တွင် ထည့်သွင်း တောင်းဆို ထား
သည်။

စက်တင်ဘာ ၁ ရက်က စတင်ခဲ့သည့် မလေးရှားအစိုးရ၏ တရားမ၀င်လုပ်သားများ ဖမ်းဆီးသည့် စစ်ဆင်
ရေးကြောင့် မြန်မာများအပါအ၀င် တရားမ၀င်အလုပ်သမားပေါင်း ရှစ်ထောင်ကျော်အဖမ်းခံခဲ့ရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ညှိနှိုင်းရန် မြန်မာအစိုးရကလည်း ကိုယ်စားလှယ်အဖွဲ့ကို
စက်တင်ဘာ ၉ ရက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

မြန်မာအစိုးရသည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော တရားမ၀င်မြန်မာလုပ်သားများကို တရားဝင် နေ
ထိုင်ခွင့် ရရှိရေးအတွက် ထိုင်းအစိုးရနှင့်ညှိနှိုင်းနိုင်ခဲ့သော်လည်း မလေးရှားအစိုးရနှင့်မူ ထိုကဲ့သို့ ညှိနှိုင်း
ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိမသိရသေးပေ။

လက်ရှိတွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများကို နိုင်ငံသားမှန်မမှန် သံရုံးကစိစစ်ပြီး တရားဝင် ပြန်
လည်ခေါ်ယူသွားမည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သည့်
ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၄ ရက်က ထုတ်ဖော်ရေးသားခဲ့သည်။

မဇ္ဈိမသတင်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D