သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 8, 2013

၉၆၉ အမှတ် တံဆိပ် အသုံးပြု လှုပ်ရှားမှု များသည် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ စည်းမျဉ်း ဥပဒေများနှင့် မညီ ဟုဆို

ဗုဒ္ဓဘာသာ၏ အမှတ်တံဆိပ်အဖြစ် ၉၆၉ ကို အသုံးပြုလှုပ်ရှားနေခြင်းနှင့် သံဃာ့ကွန်ရက်အဖွဲ့အစည်းများ
ဖွဲ့စည်းဆောင်ရွက်နေခြင်းသည် သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ဥပဒေများအရ ဖွဲ့စည်းဆောင်ရွက်ခွင့်မရှိကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်သည်။

အဆိုပါညွှန်ကြားလွှာကို သြဂုတ် ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်
အသီးသီးရှိ သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များသို့ ပေးပို့ထားသည်ဟု သိရသည်။

““အဲဒီစာ မရောက်သေးဘူး။ နာယကဆရာတော်ကြီးတွေဆီလည်း ရောက်တာမကြားသေးဘူး။ ဟိုတစ်ခါ
တိုင်းဝန်ကြီးချုပ်ပို့တဲ့ အခမ်းအနားလုပ်ရင် နှစ်ပတ်ကြိုအသိပေးရမယ်ဆိုတဲ့စာတော့ ရတယ်။ ဘုန်းကြီးတို့
ကတော့ ဘာသာရေးပဲလုပ်တာ၊ နိုင်ငံရေးမလုပ်ဘူး။ ငြိမ်းချမ်းစွာပဲ ဆောင်ရွက်တယ်။ အကြမ်းမဖက်ဘူး။
ထိပ်တိုက်ရင်ဆိုင်တာမလုပ်ဘူး။ ၉၆၉ ဆိုတာက ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း
၂၆၀၀ ကျော်ကတည်းက ပေါ်တာ။ နံပါတ်သင်္ကေတကတော့ အခုမှလုပ်တာပေါ့။ ဘုန်းကြီးတို့ လှုပ်ရှားမှု
တွေက အမြဲတမ်း ငြိမ်းချမ်းစွာပဲ။ သက်ဆိုင်သူ ၀န်ကြီးတွေကိုတွေ့ရင် ရှင်းပြချင်ပါတယ်”” ဟု ဆရာတော်
ဦးကေသရ(ထေရ၀ါဒဓမ္မကွန်ရက်)က မိန့် ကြားသည်။

ဇူလိုင် ၁၅ ရက်တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီဒုတိယ
အစည်းအဝေးမှ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၉၆၉ သာသနပါလက ဂဏ၀ါစကနှင့် သံဃာ့ကွန်ရက်အဖွဲ့
များ ဖွဲ့စည်းဆောင်ရွက်နေမှုကို လိုအပ်သလို သြ၀ါဒပေးနိုင်ပါရန် လျှောက်ထားတင်ပြလာမှုအပေါ် ညွှန်
ကြားချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။

သံဃမဟာနာယကအဖွဲ့ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း အခန်း ၂၊ အပိုဒ် ၄၊ ၅၊ ၈ အရ လည်းကောင်း၊
သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အခန်း ၂၊ အပိုဒ် ၃၊ ၅ နှင့် အခန်း ၃ အပိုဒ် ၈၊ ၉ တို့အရလည်းကောင်း
ညွှန်ကြားလွှာ ၈၁ အရ လည်းကောင်း ထိုကဲ့သို့ ဖွဲ့စည်းပိုင်ခွင့်မရှိခြင်းဖြစ်ကြောင်း ညွှန်ကြားလွှာတွင်
ဖော်ပြထားသည်။

၉၆၉ အမှတ်တံဆိပ်နှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာ အသုံးပြုလာကြပြီးနောက် အဆိုပါအမှတ်
တံဆိပ်သင်္ကေတကို ဗုဒ္ဓသာသနာတော် ညှိုးနွမ်းစေမည့်နေရာဌာနများတွင် အသုံးမပြုရန် ဇွန် ၁၄ ရက်က
ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲ၌ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း လှုံ့ဆော်မှုများပြုလုပ်နေသော ၉၆၉ လှုပ်ရှားသူ
အဖွဲ့များကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ယခုနှစ် ဇွန်လအတွင်းက အမေရိကန်နိုင်ငံသို့ သွား
ရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

7day daily

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D